Home သတင်း ဝတ်ကြီး‌ကျေးရွာအနီး ပစ်ခတ်မှုတွင် ပြည်သူ့စစ်‌ခေါင်း‌ဆောင်တစ်ဦး ‌သေဆုံး

ဝတ်ကြီး‌ကျေးရွာအနီး ပစ်ခတ်မှုတွင် ပြည်သူ့စစ်‌ခေါင်း‌ဆောင်တစ်ဦး ‌သေဆုံး

3568

ဇူလိုင် ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်(တပ်မဟာ-၁) ကျုံမသွယ်‌ကျေးနယ် ဝတ်ကြီး‌ကျေးရွာ အနီး တွင် ဇူလိုင်လ ၂၅ ရက်‌နေ့က ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ပြည်သူ့စစ်‌ခေါင်း‌ဆောင်တစ်ဦးအား အ‌သေဖမ်းဆီးရမိခဲ့ သည်ဟု ‌ကေအဲန်ယူ သထုံခရိုင်က ယ‌နေ့(ဇူလိုင် ၂၇ရက်) သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သထုံခရိုင်တာဝန်ရှိသူတစ်ဦးက ” ဖြစ်တာက ၂၅ ရက်၊ မနက် ၁ဝနာရီ ၄၅ မိနစ်မှာဖြစ်တယ်။ တပ်ရင်း ၁ က သွားပစ်တာ။ ‌သေသွားတာက ပြည်သူ့စစ်‌ခေါင်း‌ဆောင်ဖြစ်တယ်။ သူ့ဆီက M 16 တစ်လက်နဲ့ ကျည်ဆံအချို့ရရှိတယ်။ ” ဟု ‌ကေအိုင်စီသို့ အတည်ပြု ‌ပြောသည်။

စစ်အာဏာသိမ်းပြီး‌နောက် ‌ကေအဲန်ယူ သထုံခရိုင် (တပ်မဟာ ၁) နယ်‌မြေထဲတွင် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်ဖွဲ့ဝင်များနှင့် စစ်‌ကောင်စီတပ်၊ နယ်ခြား‌စောင့်တပ် (BGF) ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွား‌လေ့ရှိသည်။

KNU သထုံခရိုင်၏ပြုစုထားသည့် စာရင်းအရ ယခင်လ ဇွန်လအတွင်း သထုံခရိုင်တွင် တိုက်ပွဲ‌ပေါင်း ၂၃ ကြိမ်ဖြစ် ပွားခဲ့ရာ စစ်‌ကောင်စီဘက်မှ ဗိုလ်မှူးကြီးတစ်ဦးနှင့် ဒုဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃၂ ဦး ကျဆုံးပြီး ၂ဝ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ၎င်းတို့ထံ လက်နက်ချခဲ့သည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် KNU တပ်မဟာ ၅ နယ်‌မြေတွင်လည်း ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်‌နေ့တွင် KNLA နှင့် စစ်‌ကောင်စီတပ်တို့ကြား တိုက်ပွဲငယ် ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ တပ်ခွဲမှူးတစ်ဦးအပါအဝင် ၇ ဦး ကျဆုံးခဲ့ပြီး ၄ ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု KNU မူ‌တြော်ခရိုင်က ယ‌နေ့(ဇူလိုင် ၂၇ရက်) သတင်းထုတ်ပြန်ထားသည်။