Home ကဗျာ “အာဇာနည်‌နေ့ တို့မ‌မေ့”

“အာဇာနည်‌နေ့ တို့မ‌မေ့”

5976

“အာဇာနည်‌နေ့ တို့မ‌မေ့”

အာဇာနည်‌နေ့ ‌ရောက်ခဲ့ပြီ
အလွမ်းမျက်ရည်သီ
‌ဖြေမဆည်နိုင်ပြီ နှလုံးသား
တမ်းတ ‌ခေါင်း‌ဆောင်များ … ။

သွန်းဖြိုးရွာသား လဇူလိုင်
မျက်ရည်တို့ ဖြိုင်ဖြိုင်
ကျန်ရစ်သူဆိုင် ကိုယ်စား‌တွေး
‌အောက်‌မေ့ကြမယ်‌လေး… ။

နယ်ချဲ့ရန်‌ဘေး တွန်းလှန်‌နော်
လွတ်လပ်‌ရေး ရ‌ပျော်
ပန်းတိုင်သို့‌မျှော် ‌ရောက်ခါနီး
‌ကြွေလွင့်ဆုံးပါးတည်း… ။

အာဇာနည်ကြီး ကိုးဦးကို
‌အောက်‌မေ့ကြရင်ဆို
သူတို့လိုကွယ် ကြိုးစားကြ
တာဝန်‌ကျေပွန်မှ … ။

ဥဩသံက လွှင့်ပျံရည်
မိုးဖွဲ့ ဇူလိုင်မည်
အာဇာနည်‌နေ့ကို ဂုဏ်ပြုလို့
ဦးညွှတ် အ‌လေးပြုစို့ … … … ။

ဇင်မင်းစိုး (ဗိုလ်က‌လေး)