Home သတင်း ဘုရားသုံးဆူမြို့ USDP ပါတီ ဥက္ကဌ ‌သေနတ်ပစ်ခံရ၍ ‌သေဆုံး

ဘုရားသုံးဆူမြို့ USDP ပါတီ ဥက္ကဌ ‌သေနတ်ပစ်ခံရ၍ ‌သေဆုံး

1290
Photos_U Khaing Win FB

ဇူလိုင် ၁၈ ရက်၊ ၂ဝ၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ (USDP) ဥက္ကဌ ဦးခိုင်ဝင်းသည် ယ‌နေ့(ဇူလိုင်လ ၁၈ ရက်)တွင် ‌သေနတ်ပစ်ခံရသည့် ဒဏ်ရာဖြင့် ‌သေဆုံးသွား‌ကြောင်း ပါတီအဖွဲ့ဝင်များထံမှ သိရသည်။

ဘုရားသုံးဆူမြို့ အမှတ် ၃ ရပ်ကွက် နှင်းဆီလမ်းရှိ လက်ဖက်ရည်ဆိုင်တွင် ၎င်းနှင့်အတူ အခြားလူ ၂ ဦးပါ အတူထိုင်‌နေစဉ် ဆိုင်ကယ်စီးလာသူ လူ ၂ ဦးမှ ‌သေနတ်ဖြင့် ပစ်ခတ်သွားပြီး ‌သေနတ်ထိမှန်ဒဏ်ရာ‌ကြောင့် ဦးခိုင်ဝင်းမှာ ‌နေရာတွင် ‌သေဆုံးပြီး အခြားလူ ၂ ဦးလည်း ဒဏ်ရာအသီးသီးရရှိသွား‌ကြောင်း အမည်မ‌ဖော်လိုသူ မြို့ခံတစ်ဦးက ‌ပြောသည်။

၎င်းက “ ‌သေနတ်နဲ့ ၁ဝ ချက် ပစ်ခံရတယ်။ ဆိုင်ကယ်နဲ့ လူ ၂ ‌ယောက်က ‌သေနတ်အတို တစ်‌ယောက်တစ်လက်နဲ့ လှမ်းပစ်သွားတယ်။ ဦးခိုင်ဝင်းက ရင်ဘတ်‌တွေ၊ ဗိုက်‌တွေ ထိတယ်။ သူ့သားနဲ့ ကား‌မောင်းသမားတစ်ဦးလည်း ထိသွား‌သေးတယ်။ သူက‌တော့ ‌နေရာမှာ ဆုံးသွားတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

ဦးခိုင်ဝင်းသည် ပြီးခဲ့သည့် ၂ဝ၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် USDP ပါတီအ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်အဖြစ် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ပြီး သူသည် ဘုရားသုံးဆူမြို့ နာ‌ရေးကူညီမှုနှင့် ပရဟိတလုပ်ငန်းတွင် ပါဝင်‌ဆောင်ရွက်‌နေသူလည်းဖြစ်‌ကြောင်း ၎င်းပါတီဝင်များထံမှ သိရသည်။

ဘုရားသုံးဆူမြို့ ရွာသစ်ရွာတွင် ပြီးခဲ့သည့် ဇွန်လ ၈ ရက်‌နေ့တွင်လည်း မွန်ညီညွတ်‌ရေးပါတီမှ လွှတ်‌တော် ကိုယ် စားလှယ်‌လောင်း မိ‌ဝေသီဖြိုးကို ဆိုင်ကယ်စီးလာသူက ‌သေနတ်ဖြင့်ပစ်ခတ်သွားပြီး ၎င်းရရှိသည့်ဒဏ်ရာဖြင့် ‌သေဆုံးသွားခဲ့သည်။