Home သတင်း ‌လေး‌ကေ‌ကော်ဧရိယာအတွင်း ကိုဗစ်‌ရောဂါ ဖြစ်ပွားခံစား‌နေရသူများပြားလာသဖြင့် လူနာအ‌ဆောင်များအ‌ရေး‌ပေါ် လိုအပ်‌နေ

‌လေး‌ကေ‌ကော်ဧရိယာအတွင်း ကိုဗစ်‌ရောဂါ ဖြစ်ပွားခံစား‌နေရသူများပြားလာသဖြင့် လူနာအ‌ဆောင်များအ‌ရေး‌ပေါ် လိုအပ်‌နေ

991
Photo_က‌ဆောဝါး

ဇူလိုင် ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့‌တောင်ဘက်ရှိ ‌လေး‌ကေ‌ကော်မြို့သစ် ဧရိယာအတွင်း ကိုဗစ် ၁၉ ‌ရောဂါ တတိယလှိုင်း ကာလအတွင်း ကူးစက်‌ရောဂါ ဖြစ်ပွားမှုများပြားလာ‌နေသည့်အတွက် လတ်တ‌လောတွင် လူနာများပြုစု‌စောင့်‌ရှောက်သွားမည့် အ‌ဆောက်အဦးများအ‌ရေး‌ပေါ် လိုအပ်လျက်ရှိသည်ဟု သိရှိရ သည်။

လက်ရှိတွင် ‌လေး‌ကော်မြို့သစ်အပြင် ‌ဒေသတွင်း ‌ကျေးရွာများမှ ကိုဗစ်၁၉ ‌ရောဂါ ကူးစက်မှုလူနာများရှိ လာ‌နေပြီဖြစ်သည့်အတွက် ‌ကျောင်းဝင်းအတွင်း ‌နေရာလွတ်တွင် ( Quarantine ) ထားရှိ‌စောင့်ကြည့် ကုသ‌ပေးရန် KNU တပ်မဟာ ၆ နယ်‌မြေခံ စစ်သည်ရဲ‌ဘော်များနှင့် ‌ဒေသတွင်းလူငယ်များဖြင့် စု‌ပေါင်း ပြီး သစ်ဝါးအ‌ခြေခံ ယာယီအ‌ဆောက်အအုံများပြုလုပ်ကာ လူနာများအား ပြုစု‌စောင့်‌ရှောက်သွားမည် အစီအစဉ်အား ကိုယ်ထူကိုယ်ထလုပ်‌ဆောင်‌နေ‌ကြောင်း ‌လေး‌ကေ‌ကော်မြို့သစ် စီမံအုပ်ချုပ်‌ရေး ‌ကော်မတီတာဝန်ရှိသူ ‌စော‌ဌေးမြင့်‌အောင်က ‌ပြောသည်။

လတ်တ‌လော အ‌ခြေအ‌နေတွင် ‌လေး‌ကေ‌ကော် မြို့သစ် ဧရိယာအတွင်း ကိုဗစ် ၁၉ ကူးစက်‌ရောဂါ တတိယလှိုင်းကူးစက်ကာလအတွင်း ‌ရောဂါပိုးကူးစက်ခံထားရသူ သံသယ လူနာ ၁၀၃ ဦး ၊ ‌ရောဂါပိုး ‌တွေ့ရှိ ကုသ‌စောင့်‌ရှောက်မှု‌ပေး‌နေရသူ ၄၃ ဦးရှိ‌နေပြီး ကင်ဆာ‌ရောဂါအခံရှိ‌သော လူနာ မှ ကိုဗစ်ပိုးကူးစက်ခံရကာ ‌သေဆုံးလူနာ ၁ ဦး ရှိ‌နေပြီဖြစ်သည်။

Photo_က‌ဆောဝါး

ထို့အပြင် ပတ်ဝန်းကျင်‌ကျေးရွာများဖြစ်‌သော ဖလူး‌ကျေးရွာအုပ်စု မယ်‌ထော်သ‌လေး ‌ကျေးရွာအုပ်စု ၊ မင်းလက်ပံ ‌ကျေးရွာအုပ်စုများမှ ကိုဗစ် ၁၉ ကူးစက်‌ရောဂါ ကူးစက်‌နေသူများနှင့် အနံ့‌ပျောက်အဖျား ‌ရောဂါ ရှိလာ‌နေသာများအား ကွာရတင်းထား ‌စောင့်ကြည့် ကုသ‌ပေးရန်အတွက် ယာယီအ‌ဆောင်များ ‌ဆောက်လုပ်စီစဉ်‌နေ‌သော်လည်း ကိုဗစ် ၁၉ လူနာများအတွက် ‌အောက်ဆီဂျင် အသုံးပြုကုသရန် လိုအပ်ချက်များ၊ ‌ဆေးပစ္စည်းလိုအပ်ချက်များလည်း ရှိ‌နေ‌ကြောင်း ‌လေး‌ကေ‌ကော် ကိုဗစ်ကူး စက်‌ရောဂါ ထိန်းချုပ်‌စောင့်ကြည့်‌ရေးစင်တာမှ CDM ဆရာဝန် နှင့် အရပ်ဖက် ကျန်းမာ‌ရေး ကူညီ‌စောင့်‌ရှောက်သူများက ‌ပြောသည်။

အဆိုပါ ‌ဆောက်လုပ်‌နေသည့်ယာယီ ‌စောင့်ကြည့်လူနာ‌ဆောင်များတွင် ‌ဒေသတွင်း ကိုဗစ်‌ရောဂါ ခံစားရသူ ကိုဗစ်‌ရောဂါ ခံစား‌နေရသူနှင့် ထိ‌တွေ့ ဆက်ဆံထားသူ ၂၀ဝ ခန့်အား လက်ခံထားရှိ ‌စောင့်ကြည့် ကုသ‌ပေးနိုင်ရန် ‌နေ့ချင်းပြီးတည်‌ဆောက်‌နေ‌ကြောင်း သိရသည်။