ဇူလိုင် ၂၅ ရက်၊၂၀၂၁ခုနှစ်။ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့၌ ယနေ့ ဇူလိုင် ၂၅ ရက်နေ့တွင် ကိုဗစ်ဖြင့်သေဆုံးသူ ၆ ဦးရှိခဲ့ပြီး ယခု တစ်လအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ၁၀ဝ ကျော်ရှိခဲ့သည်ဟု သိရသည်။
ဖားချောင်းရပ် ချမ်းမြေ့မေတ္တာကျောင်းမှ သက်တော် ၇၈နှစ်အရွယ် သံဃာတော်တစ်ပါး အပါအဝင် သေဆုံးသူ လူပုဂ္ဂိုလ်များဖြစ်သော အမှတ် ၅ ရပ်ကွက် ဝါးတောရပ်နေ အသက် ၄၃ နှစ်အရွယ် အမျိုးသား တစ်ဦး နှင့် အမှတ် ၅ ရပ်ကွက် ဝါးတောနေ အသက် ၅နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး တို့အား မြဝတီသုသာန်တွင် သၤဂြိုဟ်ခဲ့ပြီး သကင်္န်းညီနောင် တိုက်နယ်ဆေးရုံမှ ကိုဗစ်ဖြင့် သေဆုံးလူနာ အမျိုးသား တစ်ဦး နှင့် အမျိုးသမီး နှစ်ဦးကိုမူ ညီနောင်သုသာန်တွင် သၤဂြိုဟ်ခဲ့သည်ဟု သိရသည်။
မြဝတီမြို့၌ ကိုဗစ်ကူးစက်မှုများပြား လာခြင်းကြောင့် ဇူလိုင် ၁၃ ရက်နေ့ မှစ၍ Stay at Home နေထိုင်ရန် ကြေညာထားသလို နံနက် ၉ နာရီ နောက်ပိုင်း အပြင်မထွက်ရ အမိန့်ကိုလည်း ထုတ်ပြန်ထားသည်။
ထိုအတောအတွင်း လက်လုပ်လက်စား အခြေခံလူတန်းစား အများစုမှာ အလုပ်လက်မဲ့ဖြစ်ကာ စားနပ်ရိက္ခာအတွက် များစွာ အခက်ကြုံနေကြသည်ဟုသိရသည်။
အဆိုပါ အခြေခံလူတန်းစားများအပေါ် ဒေသအာဏာပိုင်များဘက်မှ ယနေ့အထိ မည်သည့် ထောက်ပံ့မှုမျှ မရှိခဲ့ပါ။
ထို့ကြောင့် ဒေသတွင်းစေတနာရှင် ပြည်သူများမှ ဆန်နှင့် စားနပ်ရိက္ခာများ လှူပေးလျက်ရှိရာ ထိုသို့သော
အလှူရှင်မျှော်၍ ဝမ်းရေးအတွက် ဖြေရှင်းနေကြရပြီး Stay Home ကာလ ရှည်ကြာလာသည်နှင့်အမျှ နောင်အခါ ရောဂါကပ်ဘေးတင်မက အငတ်ဘေးပါ ထပ်မံကြုံလာ ဖွယ်ရှိနိုင်ကြောင်း အခြေခံလူတန်းစားတစ်ဦးက ပြောသည်။
ယနေ့အထိ မြဝတီမြို့တွင် စာရင်းအရ ကိုဗစ်လူနာ ၁၃၀ဝ ကျော်ခန့် ရှိပြီး ကိုဗစ်ဖြင့် သေဆုံးသူ ၁၀ဝ ကျော်ခန့် ရှိသည်ဟု ထုတ်ပြန်ထားသော်လည်း မြေပြင်အခြေအနေမှာ သေဆုံးမှု နှင့် ကူးစက်မှုမှာ ယခုထက်မက များနိုင်သည်ဟု မြို့ခံများက သုံးသပ်ပြောဆိုနေကြသည်။