Home သတင်း မသကင်္ာသူများ ဟိုတယ်တွင် လာ‌ရောက်တည်းခိုပါက သတင်း‌ပေးရန် စစ်‌ကောင်စီ ညွှန်ကြား

မသကင်္ာသူများ ဟိုတယ်တွင် လာ‌ရောက်တည်းခိုပါက သတင်း‌ပေးရန် စစ်‌ကောင်စီ ညွှန်ကြား

2148

ဇွန်လ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဟိုတယ်များတွင် မသကင်္ာသူများ လာ‌ရောက်တည်းခိုပါက ‌စောင့်ကြည့် သတင်း‌ပေး ရန် ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များကို စစ်‌ကောင်စီမှ ညွှန်ကြားခြင်းခံရသည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်‌နေ့တွင် စစ်‌ကောင်စီဘက်မှ ကရင်ပြည်နယ် ဖားအံမြို့ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ရှင်များကို ဖားအံပြည်နယ်အစိုးရရုံးတွင် အစည်းအ‌ဝေးတရပ်‌ခေါ်ပြီး မသကင်္ာသူများ ဟိုတယ်တွင် လာ‌ရောက် တည်းခိုပါက ၎င်းတို့ကို သတင်း‌ပေးရန် ညွှန်ကြားခြင်းခံရသည်ဟု ဟိုတယ်လုပ်ငန်းရှင်နှင့်နီးစပ်သူတစ်ဦးထံက ယခုလို ‌ပြော သည်။

” အစည်းအ‌ဝေး‌ခေါ်တာက အဓိကက‌တော့ မသကင်္ာတဲ့သူ‌တွေကို ‌တွေ့ရင် ‌စောင့်ကြည့်ခိုင်းဖို့ နဲ့ သူတို့(စစ်‌ကောင်စီ) ကို သတင်း‌ပေးဖို့ပဲ။ ” ဟု ၎င်းက ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် စစ်‌ကောင်စီအ‌နေဖြင့် ပြည်သူလူထုများကို ကိုဗစ်ကာကွယ်‌ဆေး လာ‌ရောက်ထိုးနှံရန် အသိ‌ပေးနှိုး‌ဆော် ၍မရသဖြင့် ‌ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းရှိ ဝန်ထမ်းစာရင်းများအား ‌ကောက်ယူပြီး ကိုဗစ်ကာကွယ်‌ဆေး ထိုးရ မည်ဟု အသိ‌ပေးနှိုး‌ဆော်မှုများရှိသည်ဟုလည်း ၎င်းဟိုတယ်လုပ်ငန်းရှင်နှင့် နီးစပ်သူက ဆက်‌ပြောသည်။

ထိုသို့ညွှန်ကြားရခြင်းသည် စစ်အာဏာသိမ်းပြီး ပြည်သူလူထုများ ငြိမ်းချမ်းစွာ ဆန္ဒပြပြီး‌နောက် လတ်တ‌လော တွင် လူငယ်များမှ မိမိတို့အစီအစဉ်နှင့် အဖွဲ့လိုက် သွားလာလှုပ်ရှားမှုများရှိသည့်အတွက် စစ်‌ကောင်စီ အ‌နေဖြင့် ၎င်းတို့နှင့် ဆက်နွှယ်‌နေသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကိုသာ အသိ‌ပေးညွှန်ကြားခြင်း ဖြစ်‌ကြောင်း လည်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်အသိုင်းအဝိုင်းက ဆိုသည်။

အလားတူ ကရင်ပြည်နယ်သံ‌တောင်ကြီးမြို့နယ်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များကို ‌မေးမြန်းရာ စစ်‌ကောင် စီဘက်မှ အစည်းအ‌ဝေး‌ခေါ်ယူ‌သော်လည်း ၎င်းတို့အ‌နေဖြင့် ကိုဗစ်‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် မတက်‌ရောက်ဖြစ် ‌ကြောင်း နှင့် လက်ရှိတွင် စစ်‌ကောင်စီဘက်မှ ညွှန်ကြားစာများမ‌ရောက်ရှိ‌သေး‌ကြောင်းကို အမည်မ‌ဖော်လိုသည့် ဟိုတယ်လုပ်ငန်းရှင်တစ်ဦးမှ ယခုလို ‌ပြောသည်။

” အစည်းအ‌ဝေး‌ခေါ်တုန်းက‌တော့ ကျ‌နော်တို့ဒီသံ‌တောင်ကြီး ကရင်ပြည်နယ်က‌တော့ တစ်‌ယောက်မှ မသွားဘူး။ ခရီးသွားလုပ်ငန်းအဖွဲ့လည်း မသွားဖြစ်ဘူး‌ပေါ့‌နော်။ ‌နောက်ပြီး‌တော့ ‌ရောဂါအ‌ခြေအ‌နေကတစ်‌ကြောင်း ကျ‌နော် တို့ လုပ်ငန်းရှင်‌တွေ တစ်‌ယောက်မှ မသွားဖြစ်ကြဘူး၊ ညွှန်ကြားချက်က‌တော့ ဘာမှစာ‌တော့ မ‌ရောက်လာ‌သေး ဘူး။”ဟု ၎င်းက ‌ပြောသည်။

ကရင်ပြည်နယ်တွင် မြို့နယ် ၇ မြို့နယ်ရှိသည့်အနက် ဖားအံနှင့် မြဝတီနှင့် သံ‌တောင်မြို့နယ်များတွင် ဟိုတယ် ‌ပေါင်း သုံးဆယ်‌ကျော်ရှိပြီး အချို့မြို့နယ်ရှိ ဟိုတယ်များတွင် စစ်‌ကောင်စီမှ အလားတူ ညွှန်ကြားမှုများ ရှိသည်ဟု သိရှိရသည်။