Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KECD ကရင်ပညာ‌ရေး‌ကျောင်းတွင် စာသင်‌ဆောင်နှင့် သင်‌ထောက်ကူ ပစ္စည်းများလို အပ်‌နေ

ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ KECD ကရင်ပညာ‌ရေး‌ကျောင်းတွင် စာသင်‌ဆောင်နှင့် သင်‌ထောက်ကူ ပစ္စည်းများလို အပ်‌နေ

2676

ဇွန် ၁၆ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ‌ပျော်သာယာ‌ကျေးရွာတွင် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ၏ ဝင်း‌ရေးမြို့နယ် ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD)က ဖွင့်လှစ်ထား‌သော ကရင်အထက်တန်းစာသင် ‌ကျောင်းတွင် ယခုနှစ် ‌ကျောင်းသားဦး‌ရေ များလာသည့်အတွက် စာသင်‌ဆောင်နှင့် သင်‌ထောက်ကူပစ္စည်းများ လိုအပ်‌နေသည်ဟု ‌ကျောင်းတာဝန်ရှိသူထံမှ သိရသည်။

“ ဒီနှစ်က ‌ကျောင်းသား ၂ဝဝ ‌ကျော် ရှိလာတယ်။ အစိုးရ‌ကျောင်း‌တွေမှာ မတက်ရဲကြလို့လား ၊ ပိတ်ထားတာလား မသိဘူး‌ပေါ့‌နော်။ ဒီမှာလာစုပြီးတက်‌တော့ အိပ်‌ဆောင်‌တွေ၊ စာသင်‌ဆောင်‌တွေ ပုံနှိပ်စာအုပ်‌တွေ မ‌လောက်ငှဘူး ဖြစ်သွားတယ်။ ‌ကျောင်းသား ‌လေးငါးဦးကို ပုံနှိပ်စာတစ်အုပ်ထဲ စုကြည့်‌နေရတယ်။ စာသင်ခန်းက ကျဉ်း‌နေ‌တော့ သင်ကြား‌ရေး အခက်ခဲရှိတယ်” ဟု ‌ပျော်သာယာအထက်တန်း‌ကျောင်းအုပ် ‌နော်အဲ့သာ‌သောက ဇွန်လ ၁၄ ရက်‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောင်းအိပ်‌ဆောင်နှင့် အ‌ဆောက်အဦးမလုံ‌လောက်မှု‌ကြောင့် နယ်‌ဝေးမှ လာ‌ရောက် ‌ကျောင်းတက်သူများကို ‌ကျေးရွာရှိအသိအိမ်များတွင် တည်းခို‌နေထိုင်ကြပြီး ‌ကျောင်းသားဦး‌ရေများလာသည့်အတွက် ဆရာ၊ ဆရာမလို အပ်ချက်များလည်းရှိသည်ဟု ‌ကျောင်းတာဝန်ခံက ‌ပြောသည်။

ဒဿမတန်း‌ကျောင်းသူ ‌နော်‌ကော်သယု‌ဖောက “ အစိုးရ‌ကျောင်းမှာလည်း တက်ခဲ့ဖူးတယ်။ အ‌ကြောင်းအမျိုးမျိုး ‌ကြောင့် ကရင်‌ကျောင်းဘက်ကို ခု‌ပြောင်းတက်ဖြစ်တယ်။ ဒီမှာက ဘာသာရပ် ၈ ခုပို့ချ‌ပေးတယ်။ ကရင်စာ‌ပေ ‌ရော၊ သမိုင်း‌ရောပါတယ်။ ‌အောင်ရင်‌တော့ ကရင်ဘက်ခြမ်းမှာ ဖွင့်ထားတဲ့ တက္ကသိုလ်‌ကျောင်းဆက်တက်မယ်။ ကိုယ့်ကရင်ပြည်နယ်အတွက် ဖွံ့ဖြိုးတိုးတက်‌အောင် ပြန်လုပ်‌စေချင်တယ်” ဟု ‌ပြောသည်။

‌ကေအဲန်ယူ ဝင်း‌ရေးမြို့နယ် ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာနက ဖွင့်လှစ်ထားသည့် အဆိုပါ ‌ပျော်သာယာကရင် အထက်တန်း‌ကျောင်းသည် သူငယ်တန်းမှ ဒဿမတန်းအထိ သင်ကြား‌ပေးလျက်ရှိပြီး ‌ဒေသအတွင်းရှိ ဌာ‌နေတိုင်း ရင်းသားတို့၏ မှီခိုအားထားရာ ‌ကျောင်းလည်းဖြစ်သည်ဟု ‌ကျောင်းသားမိဘများထံမှ သိရသည်။