Home သတင်း မြဝတီ‌တောင်ဘက် ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား‌နေ၍ အနီးဝန်းကျင်‌ကျေးရွာ‌နေပြည်သူများ စစ်‌ရှောင်‌နေရ

မြဝတီ‌တောင်ဘက် ဖလူးရွာအနီးတွင် တိုက်ပွဲဖြစ်ပွား‌နေ၍ အနီးဝန်းကျင်‌ကျေးရွာ‌နေပြည်သူများ စစ်‌ရှောင်‌နေရ

1790

ဇွန်လ ၁ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူး‌ကျေးရွာအနီးတွင် ယ‌နေ့ ဇွန်လ ၁ ရက် ၊ ‌နေ့လည် ၁ နာရီအချိန်က စစ်‌ကောင်စီ ပူး‌ပေါင်းတပ်ဖွဲ့နှင့် ခွဲထွက် (DKBA) တို့ တိုက်ပွဲဖြစ်‌နေ၍ အနီးဝန်းကျင်ရှိ ရွာသားများမှာ ‌ဘေးလွတ်ရာသို့ စစ်‌ရှောင်‌နေရ ‌ကြောင်း သိရသည်။

ယမန်‌နေ့ ‌မေလ ၃၁ ရက်‌နေ့က ‌ဝေါ‌လေမြိုင် ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ ဦးတို့အား ဗိုလ်ချုပ်‌ကျော်သက် ဦး‌ဆောင်သည့် ခွဲထွက် (DKBA) အဖွဲ့မှ ဖမ်းဆီးခဲ့ရာမှ အစပြုကာ ယ‌နေ့ ထိ‌တွေ့တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ပြီး ယမန်‌နေ့ကတည်းကပင် မြဝတီ -ဖလူး-‌ကျောက်ခက်-‌ဝေါ်‌လေသွား ကားလမ်း ကို ပိတ်ထားသည်ဟု ‌ဒေသခံပြည်သူတစ်ဦးက ‌ပြောသည်။

ယခု ဖြစ်ပွားလျက်ရှိ‌သော တိုက်ပွဲတွင် စစ်‌ကောင်စီဘက်မှ မြဝတီအ‌ခြေစိုက် နယ်‌မြေခံတပ်ရင်းများနှင့်အတူ နယ်ခြား‌စောင့်တပ်(BGF) အမှတ် ၁၀၂၂ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူး‌ပေါင်းပါဝင်သလို ခွဲထွက် (DKBA)ဘက်တွင်လည်း ပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့(PDF) မှ မျိုးဆက်လူငယ်များ ပါဝင်‌ကြောင်း ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။