Home သတင်း ‌ကော်သူး‌လေပြည်ကြီး ရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း

‌ကော်သူး‌လေပြည်ကြီး ရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် KNU တိုက်တွန်း

5661

ဇွန်လ ၁၄ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကော်သူး‌လေပြည်ကြီး ရရှိရန်အတွက် ဆက်လက်တိုက်ပွဲဝင်ကြရန် ယ‌နေ့ကျ‌ရောက်သည့် (၇၂) ကြိမ်‌မြောက် ‌ကော်သူး‌လေ‌နေ့အခမ်းအနားတွင် ကရင်အမျိုးသားအစည်းအရုံး(KNU) တွဲဖက်အတွင်း‌ရေးမှူး (၂) ပဒို‌စောလှ ထွန်းက တိုက်တွန်း‌ပြောကြားသွားသည်။

ဖားအံခရိုင် ‌လေးဝါးတွင် ယ‌နေ့ ကျင်းပပြုလုပ်သည့် (၇၂) ကြိမ်‌မြောက် ‌ကော်သူး‌လေ‌နေ့ အခမ်းအနားတွင် ပဒို ‌စောလှထွန်းက ယခုလို တိုက်တွန်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက ” ဒီက‌နေ့ အခမ်းအနားအစီအစဉ်အတိုင်း ‌ခေါင်း‌ဆောင်ကြီး‌တွေ ‌ပြောကြားသွားမယ့် ‌ကော်သူး‌လေ‌နေ့ အ‌ကြောင်းအရာ‌တွေကို သိရှိထားပြီးသား‌ခေါင်း‌ဆောင်ကြီး‌တွေရှိသလို ‌နောင်လာ‌နောက်သား တာဝန်ယူကြတဲ့ မျိုး ဆက်သစ်လူငယ်‌တွေလည်း ဘာ‌ကြောင့် ဒီ‌ကော်သူး‌လေ‌နေ့ (သို့မဟုတ်) ‌ကော်သူး‌လေဆိုတဲ့ တိုင်းပြည်ကြီးကို တည်‌ဆောက်ချင်ကြသလဲဆိုတာကို သိရှိကြရမှာဖြစ်ပါတယ်။ ကျ‌နော်တို့အားလုံးမှာ အခုရှိ‌နေတဲ့ အမျိုးသား‌ရေး အသိ အမျိုးသား‌ရေးတာဝန် ‌ကော်သူး‌လေတည်‌ဆောက်ချင်တဲ့ ဆန္ဒ‌တွေအားလုံးက တစည်းတလုံးတည်း ဆက်လက်တိုက်ပွဲဝင်ရန် အား‌ပေးတိုက်တွန်းချင်ပါတယ်။ ” ဟု ‌ပြောသည်။

နံနက် (၈) နာရီတွင် စတင်ကျင်းပသည့် ယ‌နေ့ အခမ်းအနားသို့ KNU ‌ခေါင်း‌ဆောင်အချို့နှင့် ကရင်လူငယ် ၁၀ဝ ဝန်းကျင်တက်‌ရောက်ခဲ့ကြပြီး သက်ဆိုင်ရာ KNU ‌ခေါင်း‌ဆောင်အသီးသီးမှ အမှာစကား‌ပြော ကြားပြီး‌နောက် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးမှ ‌ပေးပို့သည့် ‌ကော်သူး‌လေ‌နေ့ သဝဏ်လွှာကို ဖတ်ကြား‌ပေးခဲ့သည်။

‌ကေအဲန်ယူ၏ ဌာနချုပ်ကို အင်းစိန်မှ ‌တောင်ငူသို့‌ပြောင်း‌ရွှေ့ပြီး‌နောက် ၁၉၄၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်‌နေ့တွင် ‌တောင်ငူမြို့၌ပင် အစည်းအ‌ဝေးကြီးတစ်ရပ် ‌ခေါ်ယူကျင်းပကာ ‌ကော်သူး‌လေ အစိုးရဖွဲ့ပြီး‌နောက် ‌ကော်သူး‌လေ အသံလွှင့်ဌာနမှ ‌ကော်သူး‌လေ ကရင်ပြည်ကို ထူ‌ထောင်ခြင်း၊ ‌ကော်သူး‌လေအစိုးရကို ဖွဲ့စည်းလိုက်‌ကြောင်း ကမာ္ဘ သို့ ‌ကြေညာလိုက်သည့်‌နေ့ကို အစွဲပြု၍ ‌ကော်သူး‌လေ‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။