Home သတင်း သံ‌တောင်ကြီး ၁၃ မိုင် ပစ်ခတ်မှု စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေဆုံး

သံ‌တောင်ကြီး ၁၃ မိုင် ပစ်ခတ်မှု စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေဆုံး

8428

ဇွန်လ ၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့ ၁၃ မိုင်တွင် ယမန်‌နေ့(ဇွန်လ ၈ ရက်)ညက စစ်‌ကောင်စီနှင့် အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးး စစ်‌ကောင်စီဘက်မှ တစ်ဦး‌သေဆုံးခဲ့သည်ဟု ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

အဆိုပါ စစ်‌ကောင်စီနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ ယမန်‌နေ့ည ၈ နာရီခွဲဝန်းကျင်တွင် အပြန် အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်‌ကောင်စီဘက်မှ တစ်ဦးကျဆုံးခဲ့သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက” မ‌နေ့ည ၈ နာရီခွဲ‌ကျော်မှာ သူတို့ပစ်ကြတယ်။ အပြန်အလှန်ပစ်ခတ်ကြတယ်။ ၁၅ မိနစ်တခါ နားပြီး ပစ်ကြတယ်။ ပစ်လိုက်နားလိုက်ပဲ။ ၉ နာရီဝန်းကျင်မှာ ပြီးသွားတယ်။ စစ်တပ်ဘက်က ရမ်းသမ်းပြီး ပစ်တာ။ ‌ပြောကြတာက‌တော့ စစ်‌ကောင်စီဘက်မှာ တစ်‌ယောက်ကျသွားတယ်‌ပြောတယ်။ ကျန်တဲ့တစ်ဖွဲ့ ‌တော့ အကုန် လွတ်‌မြောက်သွားတယ်။ ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ထို့အပြင် ၁၃ မိုင်အဝင်ဂိတ်တွင် တပ်စွဲထားသည့် စစ်‌ကောင်စီတပ်ကို လာ‌ရောက်ပစ်ခတ်မည့်ကိစ္စနှင့်ပတ်သက်ပြီး ယခင်လကတည်းက သတင်းများထွက်‌ပေါ်‌နေသည့်အတွက် ‌ဒေသခံအချို့‌ပြောင်း‌ရွှေ့ထားခဲ့ကြ‌သော်လည်း ယမန်‌နေ့ည ကျမှသာ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

လက်ရှိအချိန်တွင် စစ်‌ကောင်စီဘက်မှ ရွာအတွင်း ကင်းလှည့်‌နေပြီး သံ‌တောင်မြို့ ၁၃ မိုင်သည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌တောင်ငူခရိုင်(တပ်မဟာ ၂ ) ထိန်းချုပ်နယ်‌မြေလည်း ဖြစ်သည်။