Home သတင်း KNU ဖားအံခရိုင် ‌ခေါင်း‌ဆောင်ဥက္ကဌ‌နေရာ အ‌ပြောင်းအလဲမရှိ ပြန်လည်‌ရွေးချယ်

KNU ဖားအံခရိုင် ‌ခေါင်း‌ဆောင်ဥက္ကဌ‌နေရာ အ‌ပြောင်းအလဲမရှိ ပြန်လည်‌ရွေးချယ်

5211

‌မေလ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်အဆင့် ၄ နှစ်တစ်ကြိမ် ပြုလုပ်သည့်(၁၁) ကြိမ်‌မြောက် ဖားအံခရိုင် ကွန်ဂရက်အစည်းအ‌ဝေး၏ ‌ရွေး‌ကောက်ပွဲ၌ ခရိုင်‌ခေါင်း‌ဆောင်ဥက္ကဌ အ‌ပြောင်းအလဲမရှိ ပြန်လည်‌ရွေးချယ်ခံခဲ့ရ ‌ကြောင်း သိရသည်။

ယ‌နေ့ ‌မေလ ၁၉ ရက်‌နေ့တွင် ကွန်ဂရက်၏ ‌နောက်ဆုံး‌နေ့၌ ခရိုင်၊ မြို့နယ် နှင့် ‌ကျေးရွာအုပ်စုအဆင့် တက်‌ရောက် လာသည့် ကိုယ်စားလှယ်များမှ ဒီမိုက‌ရေစီနည်းအရ ခရိုင်အဆင့် ကြီး‌လေးကြီးကို ပြန်လည်‌ရွေး‌ကောက်ရာတွင် တွဲဖက် အတွင်း‌ရေးမှူး ‌စော‌ဂေထူးမှလွဲ၍ ခရိုင်ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေးနှင့် အတွင်း‌ရေးမှူး ပဒို‌စောဘာဒီဖိုးတို့ ပြန်လည်‌ရွေးချယ်ခံရခြင်းဖြစ်ပြီး တပ်မဟာမှူး ဗိုလ်မှူးချုပ် ‌စော‌ဂျော်ဖြူ အ‌နေဖြင့် ခရိုင်ဖွဲ့စည်းပုံအရ ‌ရွေး‌ကောက်ခံစရာမလိုဘဲ ခရိုင်ဒုဥက္ကဌ အ‌နေဖြင့် ဆက်လက် တည်ရှိ‌နေခြင်းဖြစ်သည်။

ခရိုင်၏ အမြဲတမ်း‌ကော်မတီ ၃၁ ဦးကို ကနဦး ပြန်လည် ‌ရွေးချယ်ခဲ့ပြီး ခရိုင်၏ ကြီး‌လေးကြီးမှ ကြီးသုံးကြီးဖြစ်သည့် ဥက္ကဌ၊ အတွင်း‌ရေးမှူး၊ တွဲဖက်အတွင်း‌ရေးမှူးတို့ကို လျှို့ဝှက်မဲစနစ်ဖြင့် ပြန်လည် ‌ရွေးချယ်ခဲ့ပြီး‌နောက် အလုပ်အမှု ‌ဆောင်‌ကော်မတီဝင် (၉) ဦးနှင့် ဌာနဆိုင်ရာ ‌ခေါင်း‌ဆောင် ၉ ဦးကို ကြီး‌လေးကြီးမှ ထပ်မံ‌ရွေးချယ်ခဲ့ပြီး အဆိုပါ အလုပ်အမှု‌ဆောင် (၉)ဦးတွင် လူပုဂ္ဂိုလ်အ‌ပြောင်းအလဲပြုလုပ်ခဲ့‌ကြောင်း သိရသည်။

‌မေလ ၁ဝ ရက်‌နေ့က စတင်ကျင်းပခဲ့သည့် ၎င်းကွန်ဂရက် အစည်းအ‌ဝေး၌ ယခင်ခရိုင်၏ ချမှတ်အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်ခဲ့သည့် အစီရင်ခံစာများကို ပြန်လည် သုံးသပ်‌ဆွေး‌နွေးခြင်း၊ မြို့နယ်(၅)ခုမှ အစီရင်ခံခြင်းနှင့် လာမည့် သက်တမ်း ၄ နှစ်အတွက် ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆုံးဖြတ်ခဲ့သည်ဟု ခရိုင် ကိုယ်စားလှယ်များက ‌ပြောသည်။

၉ ရက်တာပြုလုပ်ခဲ့သည့် အဆိုပါ ၁၁ ကြိမ်‌မြောက် ကွန်ဂရက်သို့ ခရိုင်၊ မြို့နယ် (၅) ခု နှင့် ‌ကျေးရွာအုပ်စု မှ ကိုယ်စားလှယ် ၉၈ ဦးအပါအဝင် ‌လေ့လာသူ ၂ဝ ဦး‌ကျော်ပါဝင်တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။