Home အမြင်သဘောထား ‌ကေအဲန်ယူ ဥက္ကဌ ‌စောမူတူး‌စေးဖိုး၏ ထုတ်ပြန်ချက်အ‌ပေါ် အမြင်သ‌ဘောထား

‌ကေအဲန်ယူ ဥက္ကဌ ‌စောမူတူး‌စေးဖိုး၏ ထုတ်ပြန်ချက်အ‌ပေါ် အမြင်သ‌ဘောထား

11309

‌ကေအဲန်ယူ ဥက္ကဌ ‌စောမူတူး‌စေးဖိုး၏ ထုတ်ပြန်ချက်အ‌ပေါ် အမြင်သ‌ဘောထား
————————————————————————————————-

NCA မူ‌ဘောင်များအတိုင်း လိုက်နာကျင့်သုံးပြီး ငြိမ်းချမ်း‌ရေးကို ထိန်းသိမ်းရန် တိုက်တွန်း‌ကြောင်း ‌မေလ ၁ဝရက်‌နေ့က KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုး၏ သ‌ဘောထားထုတ်ပြန်ချက်အ‌ပေါ် ခရိုင်အဆင့်နှင့် ကရင်လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၏ အမြင်သ‌ဘောထားစုစည်းချက်။

ပဒို‌စောစိုးမြင့် ( သထုံခရိုင် အတွင်း‌ရေးမှူး)
ကျ‌နော်တို့ကို အစည်းအရုံးကပဲ ဦး‌ဆောင်တာပါ။ ဥက္ကဌ ထုတ်ပြန်ချက်အ‌ပေါ်မှာ‌တော့ ယူဆတာက တစ်ဦးထဲ ဟုတ်ရင်ဟုတ် မဟုတ်ရင်‌တော့ ‌ကော်မတီ‌တွေအကြားမှာ ‌ပြောဆို‌ဆွေး‌နွေးပြီး ထုတ်တာမျိုးဖြစ်ရင် ဖြစ်မှာ‌ပေါ့။ ‌ပြောချင်တာက ‌သွေး‌မြေမကျဖို့ကိုလည်း ကျ‌နော်တို့ လိုချင်တာပဲ။ တိုက်ခိုက်တာမျိုးလည်း မလိုချင်ပါဘူ။ ဒါ‌ပေမဲ့ ကိုယ့်နယ်‌မြေမှာလာပြီး အနိုင်ကျင့် ဖိနှိပ်တာမျိုး လုပ်လာတာကို‌တော့ ခရိုင် တပ်မဟာအ‌နေနဲ့ တာဝန်ရှိ‌နေတာပဲ‌လေ။ ‌သွေး‌မြေကျတာကို မလိုလားဘူး ဆို‌ပေမဲ့ တဖက်မှာ အနိုင်ကျင့် ဖိနှိပ်လာရင် ‌တော့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက်က ကျ‌နော်တို့မှာ တာဝန်ရှိတယ်လို့ ‌ပြောချင်တယ်။

ဗဟိုဦး‌ဆောင်မှု နဲ့သွားတာမျိုးဖြစ်ပြီး ခရိုင်တပ်မဟာရဲ့ ဦး‌ဆောင်မှုမျိုးမဟုတ်တဲ့အတွက် အဖွဲ့ကွဲသွားတာမျိုး ‌တော့ မမြင်ဘူး။ ဆိုလိုချင်တာ ဗဟိုကအ‌ခြေအ‌နေ‌တွေ အားလုံးကို ‌အောက်က ခရိုင်‌တွေအ‌နေနဲ့ အကုန်လုံး မသိနိုင်ဘူး‌လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကျ‌နော်တို့မှာက ဗဟိုအမြဲတမ်း‌ကော်မတီ‌ရော၊ အလုပ်အမှု‌ဆောင် ‌ကော်မတီ ဆိုပြီး ရှိ‌နေတဲ့အတွက် အဖွဲ့တွင်း အတူတကွ ညှိနှိုင်း‌ဆွေး‌နွေးပြီး အ‌ကောင်းဆုံး လုပ်‌ဆောင်သွား ကြမယ်လို့‌တော့ ‌မျှော်လင့်ပါတယ်။

ဒုတိယ ဗိုလ်မှူးကြီး ‌စောကလယ်ဒို့ ( KNU တပ်မဟာ (၅) ရုံးထိုင်မှူး)
ကျ‌နော့် တစ်ဦးထဲ အမြင် သုံးသပ်ချင်တာက ဒီထုတ်ပြန်စာတစ်‌စောင်ကို ကြည့်လိုက်‌တော့ အဖွဲ့အစည်းရဲ့ လုပ်ထုံး လုပ်နည်းပုံစံမဟုတ်ဘူး။ တစ်ဦးထဲ ပုဂ္ဂိုလ်‌ရေးအမြင် သ‌ဘောထား ခံယူချက်လို့ပဲ မြင်တယ်။ ဘာဖြစ်လဲ ဆို‌တော့ အဖွဲ့အစည်းရဲ့ တရားဝင်မှုအတိုင်းမသွားတဲ့အ‌ပေါ်မှာ တရားဝင်မှုအတိုင်းသွားမယ်ဆိုရင် တံဆိပ်တုံးပါရ မယ်၊ ‌နောက်ပြီး ဘယ်အဖွဲ့အစည်းကို လိပ်မူတာမျိုး ဆိုတာမျိုးလည်း ပါရမယ်။ အခုက ဒီစာမှာ အဲ့လို အဂင်္ါ ရပ်မျိုး မပါလာတဲ့အ‌ပေါ်မှာ ကျ‌နော်နားလည်တာက သူ့တစ်‌ယောက်ထဲ အမြင် သ‌ဘောထား နားလည်မှု ခံယူ ချက်လို့ပဲမြင်တယ်။ အဖွဲ့အစည်းတစ်ခုလုံးရဲ့ အ‌ရေးအသားမဟုတ်တဲ့ သ‌ဘောထားဖြစ်တယ်။ တဖက်မှာ ပြန်ကြည့်မယ်ဆိုလည်း အရင် ‌ခေါင်း‌ဆောင်‌တွေ အဆက်ဆက်တုန်းကလည်း ဒီအတိုင်းပဲ ‌ပြောခဲ့ကြတာပဲ။ ‌သွေးထွက်သံယိုမျိုးမဟုတ်တဲ့ ငြိမ်းချမ်းတဲ့ နည်းနဲ့ ‌ဖြေရှင်းနိုင်ဖို့ အစည်းအ‌ဝေး‌တွေ တိုင်းမှာ ‌ပြောခဲ့တာပဲ။

ဒါ‌ပေမဲ့ ကျ‌နော်တို့ရဲ့ ရန်သူ စစ်အာဏာရှင်‌တွေ ဘက်ကို ပြန်ကြည့်မယ်ဆိုရင် ကျ‌နော်တို့ဘက်က ‌သွေးထွက် သံယိုမျိုး မလိုချင်ကြ‌ပေမဲ့လည်း သူတို့က‌တော့ ‌သွေးထွက်သံယိုမှုကို လိုလား‌နေကြသလို သူတို့ရဲ့ လက်‌အောက် မှာ‌နေဖို့ သူတို့‌ပြောခဲ့သလိုပဲ ဒီ NCA ဟာ နိုင်ငံ‌ရေး ပြဿနာကို ‌ဖြေရှင်းဖို့မဟုတ်ဘူး။ တိုင်းရင်းသား‌တွေရဲ့ ‌တော်လှန်လုပ်‌ဆောင်မှုကို ထိန်းချုပ်တာလုပ်ဖို့ပဲ။ NCA မှာ လက်မှတ်ထိုးတဲ့ သူ‌တွေ အ‌နေနဲ့ ပြည်‌ထောင်စု က‌နေ ခွဲမထွက်ဖို့ ကတိခံ‌ပေးရတယ်။ တပ်မ‌တော်ကိုလည်း တစ်ခုတည်း‌သော တပ်မ‌တော်အ‌နေနဲ့ သူတို့ လက်‌အောက်မှာ‌နေဖို့ သ‌ဘောတူ လက်ခံရတယ်။ နိုင်ငံ‌ရေး လုပ်ချင်တယ်ဆိုရင် နိုင်ငံ‌ရေးပါတီ‌ထောင်ပြီး ‌ရွေး‌ကောက်ပွဲဝင်ပြိုင် အနိုင်ရရင် လွှတ်‌တော်ထဲမှာ နိုင်ငံ‌ရေး စကား‌ပြောခိုင်းတာ။ တိုင်းပြည်ရဲ့ ကာကွယ်‌ရေးမှာ ‌နေရာယူမယ်ဆိုရင် သူတို့ လက်‌အောက်က‌နေဝင်ပြီး အမှုထမ်းခိုင်းတာပဲ။ စီးပွား‌ရေး လုပ်ချင်တယ် ဆိုရင်လည်း ကုမ္ပဏီ‌ထောင်ပြီး သူတို့ဆီမှာသွားမှတ်ပုံတင် လုပ်‌ဆောင်ရမယ်။ ဒါမျိုး‌တွေက သူတို့ စကားကို နားမ‌ထောင်ဘဲ ဘယ်‌လောက်ပဲ ‌သွေးမထွက်‌အောင် ‌နေပါ‌စေ ကျ‌နော်တို့ကို လာလုပ်မှာပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ကျ‌နော်တို့က‌တော့ ရပ်တည်ချက် ခိုင်မာဖို့ လိုတယ်။ လက်ရှိ အ‌ခြေအ‌နေအရ ပြည်သူ လူထု တစ်ရပ်လုံး မြို့‌ပေါ် ‌ဒေသမက တိုင်းရင်းသား‌တွေ ကြားမှာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုအ‌ပေါ်မှာ လက်မခံဘဲ ဆန့်ကျင်ဆန္ဒ ‌ဖော်ထုတ် ‌နေကြတာကို ကျ‌နော်တို့ အ‌နေနဲ့ အား‌ပေး ‌ထောက်ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့(နစက) နဲ့ သွား ‌တွေ့စရာအ‌ကြောင်းမရှိသလို သူတို့နဲ့ သွား‌တွေ့ရင် သူတို့ အား‌ကောင်းလာတဲ့ အချိန် ‌နောက်‌ကြောကို ဓါးနဲ့ ထပ်ထိုးတဲ့ အဖြစ်မျိုး မလိုလား‌တော့ဘူး။ ဒါ‌ကြောင့် အားလုံးသိ‌အောင် ‌ပြောချင်တာက ဒီစာထုတ်တဲ့ ဆိုတာ တစ်ဦးတစ်‌ယောက်ရဲ့ ပုဂ္ဂိုလ်‌ရေး အမြင်သာဖြစ်ပြီး တစ်ဦး တစ်‌ယောက်ထဲရဲ့ လွတ်လပ်စွာ ထုတ်‌ဖော် ‌ပြောဆိုခွင့် အ‌ပေါ်မှာပဲသွားတာ ကျ‌နော်တို့ အဖွဲ့အစည်းကို ထိခိုက်တာမျိုး မရှိဘူးလို့ ‌ပြောချင်တယ်။

‌နော်ဝါးခူရှီး ( ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ရက်)
လတ်တ‌လော အ‌ခြေအ‌နေက ရှင်းပါတယ်။ ဒီလိုမျိုး အ‌ခြေအ‌နေမျိုးက ၂ ခါ‌ရောက်လာဖို့ ခဲယဉ်းပါတယ်။ ဒီလိုကာလမျိုးမှာ ကိုယ်က မလုပ်ဘူးဆိုရင် ဘယ်အ‌ခြေအ‌နေ ဘယ်ကာလမျိုးမှာ လုပ်ဖို့ စဉ်းစားထားသလဲ ဆိုတာကို ‌ကေအဲန်ယူ အ‌နေနဲ့ ပြန်စဉ်းစားဖို့လိုတယ်။ ဒါက တစ်ဦးတစ်‌ယောက်ထဲ ဆို‌ပေမဲ့ သူက ဥက္ကဌ ဖြစ်တဲ့အတွက် ဒါဟာ တစ်ဦးထဲအမြင်လို့ မြင်ကြမှာမဟုတ်ဘူး။ ဒီလိုမျိုးကလည်း ‌ကေအဲန်ယူ တစ်ခုထဲကိုပဲ ထိခိုက်တာမျိုးမဟုတ်ဘဲ ကရင်တမျိုးသားလုံးကို ထိခိုက်‌စေတာပဲ။ ကျမတို့ KPSN အ‌နေနဲ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်က လမ်းဆုံးပြီးဆိုပြီး ထုတ်ပြန်ထားခဲ့ပြီးပြီ။ တိုက်ပွဲ‌တွေ ဆက်ရှိ‌နေသလို ထွက်‌ပြေးတိမ်း‌ရှောင် ‌နေရ တာ‌တွေ လာပြီး စစ်ဆင်‌ရေးလုပ်တာ‌တွေ ရှိ‌နေ‌သေးတာ ‌တွေ့ရမယ်။ ‌နောက်ပြီး နယ်‌မြေချဲ့ထွင် မှု‌တွေလည်း လုပ်လာတာကို ‌တွေ့ရမယ်။ ‌သေနတ်နဲ့ လာပစ်မှ အသက်‌သေတာမဟုတ်ဘူး။ စိတ်မလုံခြုံ မှု‌ပေးတာကလည်း ‌သေ‌အောင် သတ်တာနဲ့ မထူးဘူး။ ဒါ‌ကြောင့် လမ်းဆုံးပြီးလို့ ကျမတို့ ‌ပြောခဲ့တာ။ ဒါ‌ပေမဲ့ တချို့‌ခေါင်း‌ဆောင်‌တွေ ‌ပြောတာက စာချုပ်ဆိုတာက မ‌သေနိုင်ဘူး။

ဒါ‌ပေမဲ့ လက်ရှိ အ‌ခြေအ‌နေအရ ဒီစာချုပ်က အလုပ်မဖြစ်‌တော့ဘူး။ ကိုယ့်ယုံကြည်ချက်အ‌ပေါ် မူတည်ပြီး စာချုပ်က အသက်ရှိ‌သေးတယ်ထင်ရင် အသက်ရှိ‌သေးတာပဲ။ ဒါက တစ်ဦးတစ်‌ယောက်ထဲရဲ့ ထင်မြင်ယူဆချက်အ‌ပေါ်မှာပဲ မူတည်တာ။ ပြန်ကြည့်မယ် ဆိုရင် အခု ကိုယ့်ပြည်သူ‌တွေက ‌ပြေးလွှား‌နေရတယ်။ ‌ကေအဲန်ယူမှာ ခရိုင်၊ တပ်မဟာ (၇) ခုရှိတယ်။ ဘယ် တပ်မဟာခရိုင်ကို လာထိထိ ကိုယ့်ပြည်သူကို ထိတာပဲ။ ကိုယ့်ရဲ့ ရပ်တည်လုပ်‌ဆောင်မှုက ကိုယ့်ပြည်သူ ‌တွေ အတွက်လား စစ်အာဏာရှင် စနစ်‌အောက်မှာပဲ သွား‌တော့မှာလား။ ဒါမှမဟုတ် ကိုယ့်လူမျိုး ကျွန်ဘဝမျိုး က‌နေ လွှတ်‌မြောက်‌အောင် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတာမျိုး တန်းတူ ရည်တူ ရှိတာမျိုး ဖြစ်‌အောင် လုပ်မှာလား။ ဒါကို ပြန်သုံးသပ်ဖို့လို လိမ့်မယ်။ အားလုံးရဲ့ ဘုံရန်သူလို သ‌ဘောထား‌နေကြတဲ့ အစုအဖွဲ့နဲ့ လက်တွဲ လုပ်ချင် တယ်ဆိုရင်လည်း ‌တော်လှန်‌ရေး လုပ်စရာမှ မလို‌တော့တာ။ အရင် ‌ခေါင်း‌ဆောင်‌တွေ ချမှတ်ခဲ့တဲ့မူ‌တွေ အတိုင်း လုပ်စရာမှမလို‌တော့တာ။ ဖိနှိပ်မှုရှိလို့ ကရင်လက်နက်ကိုင် ‌တော်လှန်မှုက ဖြစ်တည်လာတာပဲ‌လေ။ အရင် ၁၉၄၇ ခုနှစ်က ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့ ကတည်းက ကိုယ့်လူမျိုး‌တွေက ငြိမ်းချမ်းစွာ ဆန္ဒ‌ဖော်ထုတ် ‌တောင်းဆိုခဲ့ကြ တာပဲ။ အဲ့ဒါကို စစ်အာဏာရှင်‌တွေက နှိပ်စက်သတ်ဖြတ်ခဲ့တာ‌ကြောင့် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဖြစ်လာတာပဲ။ ကိုယ့်ပြည်သူအတွက် သူတို့နဲ့ ‌ပေါင်းလုပ်ချင်သပဆိုရင် ဒီလို ဦး‌ဆောင်မှု ‌နေရာမျိုးမှာ မ‌နေလည်း ရပါတယ်။

အမည်မ‌ဖော်လိုသူ အရပ်ဖက်အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦး
‌ကေအဲန်ယူ ဥက္ကဌ ရဲ့ ဒီ ထုတ်ပြန်စာက သူ့တစ်ဦးထဲရဲ့ သ‌ဘောထားပဲဖြစ်ပြီး အစည်းအရုံးတစ်ခုလုံးရဲ့ သ‌ဘော ထား မဟုတ်ဘူးလို့‌တော့ မြင်တယ်။ ဘာဖြစ်လဲဆို‌တော့ ဥက္ကဌကြီးက သူကိုယ်တိုင် ဦး‌ဆောင်ပြီး ဒီငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို ‌ဖော်‌ဆောင်ခဲ့တာ‌ကြောင့် ဒီဖြစ်စဉ် တစ်ခုလုံး ပျက်စီးသွားတာမျိုး မလိုလားတာလည်းဖြစ်မှာ‌ပေါ့။ တစ်ဖက်မှာပြန်ကြည့်ရင် NCA က ပျက်သွားတာကြာပြီ။ ၂၀၀၈ ဖွဲ့စည်းပုံ‌တောင် ပျက်ပြီးဆိုကတည်းက NCA ဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံ ‌အောက်က‌နေပဲ ‌ပေါ်‌ပေါက်လာတာ‌လေ။ ဘယ်သူပျက်‌အောင်လုပ်လဲဆိုရင် အခုအ‌ခြေအ‌နေအရ စစ်‌ကောင်စီက ပျက်‌အောင်လုပ်‌နေတာပဲ။ အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ စစ်အာ ဏာရှင်ကို တွန်းလှန်‌တော်လှန်ဖို့ စိတ်ဓါတ်မရှိ ‌တော့ဘူးဆိုရင်လည်း ‌နေရာ‌တော့ ဖယ်‌ပေးသင့်တာ‌ပေါ့။ အခုအ ချိန်မှာ စစ်‌ကောင်စီက ကိုယ့်ပြည်သူ‌တွေကို သတ်တာပြီး ‌တော့ နိုင်ငံတကာ ဥပ‌ဒေကိုလည်းချိုး‌ဖောက်‌နေတာကို ‌တော်လှန်‌ရေး ‌ခေါင်း‌ဆောင်တစ်ဦးက ဒီလို‌ပြောဆိုလာတဲ့အ‌ပေါ် တစ်မျိုးသားလုံးအတွက် အင်မတန်မှ အရှက်ရ‌စေပါတယ်။ ဒါ‌ကြောင့် ဒါက သူ့တစ်‌ယောက်ထဲ အမြင်ပဲဖြစ်ပြီး‌တော့ အစည်းအရုံးတစ်ခုလုံးရဲ့ အမြင် သ‌ဘောထား တစ်မျိုးသားလုံးကို ကိုယ်စားပြုတာမဟုတ်ဘူးဆိုတာကို သိ‌စေချင်တယ်။