Home သတင်း အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချင်း ရပ်တန့်ရန် စစ်‌ကောင်စီ မျက်ကွယ်ပြု‌နေ‌ကြောင်း PPST ဥက္ကဌ ‌ပြော

အကြမ်းဖက်လုပ်ရပ်မှန်သမျှ ချက်ချင်း ရပ်တန့်ရန် စစ်‌ကောင်စီ မျက်ကွယ်ပြု‌နေ‌ကြောင်း PPST ဥက္ကဌ ‌ပြော

2323
Photo: NCA_EAOs

‌မေ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

နိုင်ငံတကာနှင့် ပြည်တွင်း အဖွဲ့အစည်းများ၏ ‌တောင်းဆိုချက်ဖြစ်သည့် အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ချက်ချင်းရပ်တန့်ရန် စစ်‌ကောင်စီက မထီမဲ့မြင် မျက်ကွယ်ပြု‌နေသည်ဟု ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST)၏ ယာယီ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ‌ပြောသည်။

ယ‌နေ့ ‌မေလ ၂၇ ရက်‌နေ့တွင် Video Conferencing စတင်ပြုလုပ်‌နေသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ‌ရေး သ‌ဘောတူစာချုပ်(NCA) လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း (EAOs) (၁၀)ဖွဲ့၏ PPST အစည်းအ‌ဝေးပွဲ အဖွင့်မိန့်ခွန်းတွင် ယာယီအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ယခုလို ထည့်သွင်း ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“စစ်‌ကောင်စီ အုပ်ချုပ်တဲ့ ကာလအတွင်းမှာ စစ်တပ်နဲ့ ရဲ‌တွေက အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်လို့ အာဏာ သိမ်းခြင်းကို ဆန့်ကျင်တဲ့ ပြည်သူ လူထု ၈၀ဝ ‌ကျော် ‌သေဆုံးပြီး ၅၀၀၀‌ကျော် ဥပ‌ဒေမဲ့ ဖမ်းဆီးခံ ခဲ့ရတာကို ကြည့်ရင် နိုင်ငံတကာနဲ့ ပြည်တွင်း အဖွဲ့အစည်း‌တွေရဲ့ ‌တောင်းဆိုချက်ဖြစ်တဲ့ အကြမ်းဖက် လုပ်ရပ်မှန်သမျှကို ချက်ချင်းရပ်တန့်ပါ ဆိုတာကို စစ်‌ကောင်စီက မထီမဲ့မြင် မျက်ကွယ်ပြုခြင်း ဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီးယွက်စစ်က ‌ပြောဆိုခဲ့သည်။

စစ်‌ကောင်စီ မတရားအုပ်ချုပ်သည့် ကာလအတွင်း နိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ အုပ်ချုပ်‌ရေး၊ စီးပွား‌ရေး ၊ ကူးသန်း‌ရောင်းဝယ်‌ရေး၊ ဘဏ္ဍာ‌ရေး၊ ပညာ‌ရေး၊ လူမှု‌ရေး၊ လုံခြုံ‌ရေး၊ တရားဥပ‌ဒေ စိုးမိုး‌ရေး နှင့် အခြား ကဏ္ဍာ များတွင်အဘက်ဘက်ကျဆင်း‌နေပြီး ၎င်းသည့် စစ်‌ကောင်စီ၏ နည်းလမ်းမမှန်သည့် စီမံအုပ်ချုပ်မှု‌ကြောင့် ဖြစ် သည်ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆက်‌ပြောသည်။

ထို့အပြင် လက်ရှိနိုင်ငံ‌ရေး အကြပ်အတည်းကို စစ်‌ကောင်စီ အ‌နေဖြင့် အကြမ်းဖက် နည်းလမ်းဖြင့် ‌ဖြေရှင်းမှု‌ကြောင့် ပြည်တွင်း စစ်မီးကို ဟုန်းဟုန်း‌တောက်‌လောင်‌စေနိုင်‌ကြောင်းလည်း (PPST)၏ ယာယီ အဖွဲ့‌ခေါင်း‌ဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က သတိ‌ပေး‌ပြောကြားလိုက်သည်။

Photo: NCA_EAOs

လတ်တ‌လော စစ်အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး အပစ်ရပ် NCA လက်မှတ်‌ရေးထိုးထားသည့် အဆိုပါ EAOs အဖွဲ့များအ‌နေဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်း‌ဖြေရှင်းရန် အများစု သ‌ဘောထားရှိကြပြီး အလားတူ ပြီးခဲ့သည့် ‌မေလ ၁၁ ရက်‌နေ့တွင်လည်း NCA လက်မှတ်‌ရေးထိုးရာတွင် တက်‌ရောက်ခဲ့သည့် နိုင်ငံတကာ အသိသက်‌သေနိုင်ငံများကို လည်း ကြားဝင်ညှိနှိုင်း‌ဖြေရှင်း‌ပေးရန် အပစ်ရပ်အဖွဲ့များက အဆိုပြု ‌တောင်းဆိုထားမှုရှိခဲ့သည်။

လက်ရှိ စစ်‌ကောင်စီ၏ လုပ်ရပ်များ‌ကြောင့် မြန်မာနိုင်ငံအ‌နေဖြင့် ကမာ္ဘ့အလယ်တွင် ဂုဏ်သိက္ခာ ညိုးနွမ်းပြီး မျက်နှာငယ်ရသည့် အဖြစ်ကို ‌ရောက်ရှိ‌နေပြီး အများ၏ ဖယ်ကြဉ်ခြင်းကို ခံ‌နေရ‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ၎င်းအစည်းအ‌ဝေး အဖွင့် မိန့်ခွန်း၌ ‌ဝေဖန် ‌ပြောကြားခဲ့သည်။

ထို့အတူ ဧပြီလ ၂၄ ရက်‌နေ့ က ပြုလုပ်ခဲ့သည့် အာဆီယံ‌ခေါင်း‌ဆောင်များ၏ အထူးအစည်းအ‌ဝေး ပွဲ၏ ဘုံသ‌ဘောတူညီချက် (၅) ချက်ကို အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ရန် အာဆီယံ၏ ကြိုးပမ်းမှုအ‌ပေါ် စစ်‌ကောင်စီ ဘက်မှ ပူး‌ပေါင်း‌ဆောင်ရွက်မှု မရှိခြင်းသည်လည်း ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ‌ဖြေရှင်း နိုင်ရန် အဟန့်အတားဖြစ်‌စေ‌ကြောင်းလည်း ဆက်လက် ‌ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအ‌ရေးအတွက် ကျင်းပခဲ့သည့် ၎င်းအစည်းအ‌ဝေး၏ ဘုံသ‌ဘောတူညီချက် ငါးချက်တွင် အကြမ်း ဖက်တိုက်ခိုက်မှုများကို ချက်ချင်းရပ်ဆိုင်းရန်၊ အပြုသ‌ဘော‌ဆောင်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများ လုပ်‌ဆောင်ရန်၊ အာဆီယံအဖွဲ့ကြီးက ဦး‌ဆောင်သည့် ‌စေ့စပ်ညှိနှိုင်းမှုများနှင့် လူသားချင်း စာနာ‌ထောက်ထား‌ရေး အကူအညီ များ‌ပေးရန် စသည့် အချက်များပါဝင်သည်။

ယ‌နေ့ ပြုလုပ်သည့် PPST အစည်းအ‌ဝေးပွဲတွင် လက်ရှိ‌ဆောင်ရွက်‌နေသည့် လုပ်ငန်းများနှင့် ‌ရှေ့လုပ်ငန်းစဉ်များ ကို ‌ဆွေး‌နွေးသွားမည်ဖြစ်ပြီး အစည်းအ‌ဝေးပွဲကို လာမည့် နံနက်ဖြန် ‌မေလ ၂၈ ရက်‌နေ့အထိ ၂ရက်တာပြုလုပ် သွားမည်ဟု သိရသည်။

ယ‌နေ့ အစည်းအ‌ဝေးပွဲကို NCA လက်မှတ် ‌ရေးထိုးထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ (ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုက‌ရေစီ အကျိုးပြုကရင်တပ်မ‌တော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး /ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(ငြိမ်းချမ်း‌ရေး‌ကောင်စီ) (KNU/ KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ သျှမ်းပြည်တပ်မ‌တော် (RCSS/ SSA)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) စသည့် ‌ခေါင်း‌ဆောင် ကိုယ်စား လှယ်များ ပါဝင်‌ဆွေး‌နွေး‌နေကြသည်။