Home သတင်း သံ‌တောင်ကြီးတွင် အ‌ခြေခံပညာ‌ရေးဝန်ထမ်း ၈၅၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

သံ‌တောင်ကြီးတွင် အ‌ခြေခံပညာ‌ရေးဝန်ထမ်း ၈၅၁ ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံရ

2343

‌မေ ၂၁ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်အတွင်းရှိ အခြခံပညာ‌ရေး‌ကျောင်းများမှ ဝန်ထမ်း ၈၅၁ ဦးကို ‌မေလ တတိယအပတ်အတွင်း တာဝန်မှ ယာယီရပ်ဆိုင်းလိုက်‌ကြောင်း မြို့နယ်အတွင်းရှိ ပညာ‌ရေးအသိုင်းအဝိုင်းက‌ပြောသည်။

” သံ‌တောင်ကြီးတမြို့နယ်လုံးမှာ ပညာ‌ရေး အပိုင်းမှာ ၈၅၁ ဦးရှိတယ်လို့ စာထွက်လာတာ‌တွေ့ရတယ်” ဟု အမည်မ‌ဖော်လိုသည့် ပညာ‌ရေးအသိုင်းအဝိုင်းမှ လူတဦးက ‌ပြောသည်။

ယခုလို တာဝန်မှယာယီ ရပ်ဆိုင်းရခြင်းမှ ပညာ‌ရေးဝန်ထမ်းများသည် ခွင့်စည်းကမ်း‌ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ လုံ‌လောက်‌သော အ‌ကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်‌နေသူများ ဖြစ်‌ကြောင်း ဆိုင်ရာဌာန၏ တာဝန်မှ ယာယီရပ်ဆိုင်းစာတွင်‌ဖော်ပြထားသည်။

အဆိုပါ တာဝန်မှရပ်ဆိုင်းခံရသည့် အ‌ခြေခံပညာ‌ရေးဝန်ထမ်းများထဲတွင် သင်ကြား‌ရေးပိုင်းတွင်ပါဝင်သည့် ဆရာ၊ ဆရာမ များအပြင် ‌ကျောင်းစီမံခန့်ခွဲ‌ရေး အပိုင်းတွင်ပါဝင်သူ ယာဉ်‌မောင်းများ၊ ‌ကျောင်း‌စောင့်များ၊ ရုံးဝန်ထမ်းများလည်း ပါဝင်‌ကြောင်းသိရသည်။

ယုခုလို တာဝန်မှ ယာယီရပ်ဆိုင်းခံရသူများအားလုံးသည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း ဟုတ်မဟုတ်ကိုမှု ‌ကေအိုင်စီက သီးခြားအတည်ပြုနိုင်ခြင်း မရှိ‌သေး‌ပေ။

လက်ရှိတွင် ကိုဗစ်‌ရောဂါ‌ကြောင့် တနှစ်ကြရပ်နားထားသည့် အ‌ခြေခံပညာ‌ရေး ‌ကျောင်းများကို လာမည့် ဇွန်လဆန်းပိုင်းတွင် တပြိုင်တည်း ပြန်ဖွင့်ရန် စီစဉ်ထား‌ကြောင်း သိရသည်။