Home သတင်း ဖားအံတွင် ပြည်နယ်စစ်‌ကောင်စီ အဖွဲ့ဝင်၏ ‌နေအိမ်အပါအဝင် ‌နေရာ ၂ ခု တွင် ဗုံး ၃ လုံး ‌ပေါက်ကွဲမှုဖြစ်ပွား။

ဖားအံတွင် ပြည်နယ်စစ်‌ကောင်စီ အဖွဲ့ဝင်၏ ‌နေအိမ်အပါအဝင် ‌နေရာ ၂ ခု တွင် ဗုံး ၃ လုံး ‌ပေါက်ကွဲမှုဖြစ်ပွား။

1200

‌မေလ ၁၄ ရက်၊၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ယ‌နေ့ ‌မေလ ၁၄ ရက် ည ၇ နာရီအချိန်ခန့်ကပြည်နယ်စစ်‌ကောင်စီ အဖွဲ့ဝင်၏ ‌နေအိမ်အပါအဝင် ‌နေရာ ၂ ခုတွင် တပြိုင်နက် ဗုံး ၃ လုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူ ထိခိုက်ဒဏ်ရာရမှု ရှိခဲ့‌ကြောင်း သိရသည်။

ယ‌နေ့ ‌မေလ ၁၄ ရက် ည ၇ နာရီခန့်က ဖားအံမြို့ အမှတ် ၄ ရပ်ကွက်ပိ‌တောက်လမ်းရှိ လက်ရှိ ကရင်ပြည်နယ် စစ်‌ကောင်စီအဖွဲ့ဝင် ဦးခင်‌မောင်မြင့်၏ ‌နေအိမ် ‌ခေါင်မိုး‌ပေါ် လက်ပစ်ဗုံး ပစ်‌ပေါက်ခံရတာပါ။

အဆိုပါ ဗုံး‌ပေါက်ကွဲမှု‌ကြောင့် ‌နေအိမ်ရှိ ပြည်နယ်စစ်‌ကောင်စီ အဖွဲ့ဝင်၏ တူမဖြစ်သူ ၂ ဦးမှာ ‌ခြေ‌ထောက် နှင့် ဝမ်းဗိုက်တို့တွင် ဗုံးစထိမှန် ဒါဏ်ရာရရှိကာ ‌တောင်က‌လေး စစ်‌ဆေးရုံတွင် ‌ဆေးဝါးကုသမှု ခံယူ‌နေရတယ် လို့ ဖားအံ‌ဒေသခံ တစ်ဦးက ‌ပြောသည်။

ဒီည ၇ နာရီခန့်မှာ ဖားအံမြို့ထဲက‌နေ ‌ပေါက်ကွဲသံ အကျယ်ကြီး ၃ ချက် တိတိ ကြားရတယ်။ ဖားအံ.လှိုင်းဘွဲ့သွား မဲ‌ဘောင်လမ်းဝ ‌လောက်မှာ ၁ ချက် နဲ့ ရပ်ကွက် (၄) ပိ‌တောက်လမ်းထိပ်ဘက်မှာ (၂) ချက်‌ပေါ့။ ပိ‌တောက်လမ်း ဗုံး‌ပေါက်ကွဲမှုမှာလူထိခိုက်ဒဏ်ရာရရှိမှုတစ်ချို့ ရှိခဲ့‌ပေမယ့် လမ်းဝဘက်က ‌ပေါက်ကွဲမှုမှာ‌တော့ လူထိခိုက်ဒဏ်ရာ ရရှိမှု ရှိမရှိ မသိရ‌သေး‌ကြောင်း ၎င်းက ဆက်‌ပြောသည်။

ကရင်ပြည်နယ် ဖားအံမြို့တွင် ပြီးခဲ့တဲ့ ‌မေလ ၈ ရက် ညပိုင်းကလဲ ဖားအံရဲစခန်း‌ရှေ့၊ စည်ပင်ရုံး‌ရှေ့ နှင့် မြို့နယ်ပညာ‌ရေးမှူး ရုံးအနီးတို့တွင် ဗုံး‌ပေါက်ကွဲမှုများ ဖြစ်သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိခြင်းမရှိ‌သော်လည်း ယ‌နေ့ည ဗုံး‌ပေါက်ကွဲမ လူ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့‌ကြောင်း သိရသည်။