Home သတင်း ‌မြောင်းအိမ်မဲ ဆန္ဒပြပွဲ၌ အဖမ်းခံရသည့် ကရင်လူငယ်များကို ရုံးထုတ်စစ်‌ဆေး

‌မြောင်းအိမ်မဲ ဆန္ဒပြပွဲ၌ အဖမ်းခံရသည့် ကရင်လူငယ်များကို ရုံးထုတ်စစ်‌ဆေး

1427

‌မေ ၂ဝရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး၊ အိမ်မဲ-ဝါးခယ်မ ကားလမ်းမ‌ပေါ်ရှိ၊ ဝဲကြီးဝ‌ကျေးရွာထိပ်၌ ပြီးခဲ့သည့် မတ် ၈ ရက်‌နေ့ ဆန္ဒပြပွဲတွင် စစ်တပ်က ဖမ်းဆီးသွားသည့် ကရင်လူငယ်များကို ‌မြောင်းမြ အကျဉ်း‌ထောင်ရှိ ‌ထောင်တွင်းတရားရုံး၌ရုံးထုတ် စစ်‌ဆေးခဲ့‌ကြောင်း မိသားစုအသိုင်အဝိုင်းက ‌ပြောသည်။

အဆိုပါ ဆန္ဒပြပွဲတွင် ကရင်လူငယ်‌ရေးရာများ ပါဝင်လုပ်‌ဆောင်‌နေသူ နန့်ချစ်စုလွင်နှင့် နန့်စုမြတ်နိုင်တို့ ၂ ဦးအပါအဝင် စုစု‌ပေါင်း ၉ ဦး အဖမ်းခံရပြီး ‌မြောင်းမြအကျဉ်း‌ထောင်သို့ ပို့‌ဆောင်လိုက်ကာ ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့် တရာစွဲခံရပြီး ယခုလို ရုံးထုတ်စစ်‌ဆေး‌နေခြင်းဖြစ်သည်။

” သူတို့ကို ပြီးခဲ့တဲ့ ‌မေ ၆ ရက်‌နေ့ကလည်း ရုံးထုတ်တယ်။ ဒီ‌နေ့ ၂ဝ ရက်‌နေ့မှာလည်းရုံးထုတ်တယ်။ ကျန်းမာ‌ရေးလည်း‌ကောင်တယ်။ ‌ကောင်း‌ကောင်းမွန်မွန်လည်း‌နေရတယ်လို့‌ပြောတယ်။ မိသားစုကို‌တော့ လိုအပ်တဲ့ပစ္စည်း‌လေး‌တွေမှာတယ်။ ‌နောက်ထပ်ရုံးချိန်းထပ်ချိန်းမယ်လို့ ‌ပြောတယ်” ဟု အမည်မ‌ဖော်လိုသည့် မိသားစုဝင်တဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့်မတ် ၈ရက်‌နေ့ ဝဲကြီးဝဆန္ဒပြ သပိတ်စစ်‌ကြောင်း ဖြိုခွဲခံရစဉ်
ဖမ်းဆီးခံထားရသူ ၉ဦးမှာ ကို‌ကျော်ဦး၊ ကိုရဲမင်းထက်၊ မအိမျိုးသူ၊ ဦး‌ရွှေအိုး၊ ဦးဝင်းမြင့်သိန်း၊ ဦးကိုကို‌လေး၊ ‌ဒေါ်မိပြုံးတို့အပြင် ကရင်အမျိုးသမီးလူငယ် ၂ ဦးဖြစ်သည့် နန့်စုမြတ်နိုင်နှင့် နန့်ချစ်စုလွင်တို့ ပါဝင်ပြီး ၎င်းတို့ကို လက်ရှိ‌မြောင်းမြအကျဉ်း‌ထောင်၌ ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထား‌ကြောင်း သိရသည်။

အဆိုပါ ပုဒ်မသည် ပြစ်မှုထင်ရှားလျှင် အမြင့်ဆုံး ‌ထောင် ၃ နှစ်ထိချမှတ်နိုင် ‌ကြောင်း သိရသည်။