Home သတင်း ‌သောလယ်ထာ့ရှိ စစ်‌ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်‌ရောက်သိမ်းယူ

‌သောလယ်ထာ့ရှိ စစ်‌ကောင်စီ စခန်းကို KNLA တပ်မဟာ ၅ တက်‌ရောက်သိမ်းယူ

2242

ဧပြီ ၂၇ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် ‌သောလယ်ထာ့ (မဲ့စန်လက်) စစ်‌ကောင်စီ၏ တပ်စခန်းကို ယ‌နေ့ နံနက် ၆ နာရီ‌ကျော်အချိန်တွင် ‌ကေအဲန်ယူ -ကရင်အမျိုးသားစည်းအရုံး ၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ ) တပ်မဟာ ၅ က တက်‌ရောက်သိမ်းယူခဲ့သည်ဟု ‌သောလယ်ထာ့‌ဒေသခံများက ‌ပြောသည်။

“ဒီမနက် ၅ နာရီ ‌လောက်မှာ စတက်တာ၊ ၆ နာရီ‌ကျော်‌ကျော်‌လောက်မှာ စခန်းတက်သိမ်းနိုင်တယ်လို့ သိရတယ်။ အသံ‌တွေ ဆူညံ‌နေ‌ရောပဲ။ စခန်း‌တွေကို မီးရှို့ လိုက်ပြီ။ အခု ကျ‌နော်‌ပြော‌နေတဲ့အချိန်မှာပဲ ကမ်းနံဖူးမှာ ဗမာစစ်သား ၇ ‌ယောက် ထွက်‌ပြေး‌နေတာ လှမ်းမြင်ရတယ်။ ‌သေနတ်‌တွေ ပါ‌သေးတယ်။”ဟု ထိုင်းဘက်ခြမ်းရှိ ‌ဒေသခံရွာသားတစ်ဦးက ယ‌နေ့ နံနက် ၇နာရီအချိန်တွင် ‌ကေအိုင်စီသို့‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၇ရက်‌နေ့တုန်းကလည်း ထိုင်း-မြန်မာနယ်စပ်ရှိ သီးမူထာ့ စစ်‌ကောင်စီ စခန်း တစ်ခုကိုလည်း ‌ကေအဲန်အဲလ်‌အေ တပ်မဟာ ၅က တက်‌ရောက်သိမ်းယူခဲ့ပြီဖြစ်သည်။