Home သတင်း ‌နေအိမ်များ၊ ခြံဝင်းများတွင် PSI စ‌လောင်း တပ်ဆင်ထားမှု လိုက်ဖြုတ်သိမ်း‌နေ

‌နေအိမ်များ၊ ခြံဝင်းများတွင် PSI စ‌လောင်း တပ်ဆင်ထားမှု လိုက်ဖြုတ်သိမ်း‌နေ

3489

ဧပြီလ ၁ဝရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အတွင်းရှိ မြို့အ‌တော်များများတွင် ‌နေအိမ်များ၌ တပ်ဆင်ထားသည့် PSI ရုပ်သံလိုင်း၏ စ‌လောင်းနှင့် စက်များကို ဖြုတ်ချ‌ပေးရန် သက်ဆိုင်ရာ အုပ်ချုပ်‌ရေးမှူး၊ ရာအိမ်မှူးများကတဆင့် ဧပြီလ ၉ရက်‌နေ့တွင် စတင် ‌ဆော်ဩခဲ့ကြသည်။

ဖားအံမြို့ခံတစ်ဦးက “PSI ‌တွေ တပ်ထားရင် ဖြုတ်လိုက်ပါလို့ လမ်းလူကြီး‌တွေက လာ‌ပြောတယ်။ ကိုယ့်ပစ္စည်း ကိုယ့် ဖာသာကိုယ်ဖြုတ်လို့ အဲလိုပဲ မ‌နေ့ကတည်းက လာ‌ပြောသွားတယ်။”ဟု ‌ကေအိုင်စီသို့ ဧပြီလ ၁ဝရက်က ‌ပြောသည်။

အချို့ရပ်ကွက်များတွင် ဧပြီလ ၉ရက်‌နေ့ကတည်းက ရပ်ကွက်အုပ်ချုပ်‌ရေးမှူးများ၏ အသိ‌ပေးမှုများ၊ ‌အော်လံဖြင့် လိုက်လံ‌ဆော်ဩမှုများ‌ကြောင့် ‌နေအိမ်အချို့မှာ မိမိတို့၏ စ‌လောင်းများကို သိမ်းယူမသွားကြ‌စေရန် ကိုယ်တိုင်ဖြုတ် သိမ်းထားကြသည်။

သို့‌သော် မတ်လ ၁ဝရက်‌နေ့ ည‌နေတွင် ဖားအံမြို့ ရဲတပ်ဖွဲ့ဝင်များက ၎င်းတို့သွား‌ရောက်ဖြုတ်ခိုင်းသည့် ‌နေအိမ်များမှ စ‌လောင်းများအပြင် ပြည်သူများ ကြိုတင်ဖြုတ်ချထားသည့် PSI စ‌လောင်းများကိုပါ သိမ်းဆည်းယူ‌ဆောင်သွားခဲ့ကြ ‌ကြောင်း သိရသည်။

PSI ရုပ်သံလိုင်းတွင် မဇ္ဈိမ(Mizzima)နှင့် ဒီဗွီဘီ(DVB) သတင်းဌာနများက ထုတ်လွှင့်တင်ဆက်‌နေခြင်းဖြစ်ပြီး ၎င်း သတင်းဌာနနှစ်ခုမှာ မတ်လ ၈ရက်‌နေ့က စစ်‌ကောင်စီ၏ လိုင်စင်သိမ်းဆည်းခံခဲ့ရ‌သော ပြည်တွင်းအ‌ခြေစိုက် သတင်း ဌာန ငါးခုအထဲတွင် ပါဝင်သည်။

ယခုကဲ့သို့ ‌နေအိမ်များ၊ ဆိုင်များတွင် PSI စ‌လောင်းများ လိုက်လံမဖြုတ်သိမ်းခင်တစ်ရက်၌ တိုင်း‌ဒေသကြီးနှင့် ပြည် နယ်အသီးသီးရှိ PSI စ‌လောင်းပစ္စည်းများ ‌ရောင်းချ‌နေသည့် ဆိုင်များမှ သွား‌ရောက်သိမ်းဆည်းခြင်း၊ အချို့ဆိုင်ပိုင်ရှင် များကို ဆက်လက် မ‌ရောင်းချ‌တော့‌ကြောင်း ခံဝန်လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ခဲ့သည်ဟု သတင်းများတွင် ‌ဖော် ပြမှုများ ရှိသည်။

အလားတူ ပြည်နယ်အတွင်းရှိ ‌ကော့ကရိတ်၊ မြဝတီ စသည့်အခြားမြို့နယ်များတွင်လည်း PSI စ‌လောင်းများကို ဖြုတ်ချ ခိုင်း‌နေသည့် ညွှန်ကြားမှုများ‌ကြောင့် လိုက်လံဖြုတ်သိမ်းခြင်းအပြင် တချို့ရပ်ကွက်များတွင် ညဘက် ဧည့်စာရင်းစစ် ‌ဆေးမှုများကိုပါ ပြုလုပ်‌ဆောင်ရွက်‌နေကြသည်။

သို့‌သော် MRTV, MWD တို့ပါဝင်ကာ အခြား အားကစား၊ ရုပ်ရှင်ဇာတ်လမ်းများအပြင် ကမာ္ဘ့သတင်းအစီအစဉ်များပါ ထုတ်လွှင့်လျှက်ရှိသည့် Sky Net ရုပ်သံစ‌လောင်း တပ်ဆင်ထား‌သော ‌နေအိမ်များကိုမူ ယင်းသို့ဖြုတ်ချသိမ်းဆည်းရန် မည်သည့်အသိ‌ပေးချက်မှ လာ‌ရောက်‌ပြောဆိုခြင်း မရှိ‌ကြောင်း သိရသည်။