Home သတင်း CRPH ၏ ၂၀၀၈‌ခြေဥဖျက်သိမ်းခြင်းကို ဥပ‌ဒေအ‌ထောက်အကူပြုကွန်ရက် ကြိုဆို

CRPH ၏ ၂၀၀၈‌ခြေဥဖျက်သိမ်းခြင်းကို ဥပ‌ဒေအ‌ထောက်အကူပြုကွန်ရက် ကြိုဆို

4482

ဧပြီ ၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ပြည်‌ထောင်စုလွှတ်‌တော်ကိုယ်စားပြု‌ကော်မတီ CRPH ၏ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈)ကို အပြီးတိုင် ဖျက်သိမ်း လိုက်‌ကြောင်း ယမန်‌နေ့က ‌ကြေငြာလိုက်သည့်အ‌ပေါ် ကြိုဆို‌ထောက်ခံ‌ကြောင်း ဥပ‌ဒေ အ‌ထောက်အကူပြုကွန်ရက် (Legal Aid Network)က ဧပြီလ ၁ရက်‌နေ့တွင် ထုတ်ပြန်လိုက်သည်။

မတ်လ ၃၁ရက်‌နေ့တွင် CRPH က ယခုလို ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းလိုက်ခြင်းသည် စစ်‌ကောင်စီ ကိုယ်တိုင် လက်‌တွေ့ ဆက်လက် အသုံးပြုနိုင်ခြင်း မရှိ‌စေ‌ရေးအတွက် ‌ကောင်းမွန်သည့် ‌ခြေလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်သည့်အပြင် အခက်အခဲ၊ ပြဿနာအမျိုးမျိုးနှင့် အကြံပြုချက်များအကြားမှ CRPH ၏ ပြတ်သားသည့် ‌ခြေလှမ်းများ လှမ်းသည့်အခါတိုင်း ၎င်းတို့ကွန်ရက်အ‌နေဖြင့် ကြိုဆို၊ ‌ထောက်ခံ၊ အသိအမှတ်ပြုသည်ဟု ဆိုသည်။

ထို့အပြင် စစ်အာဏာရှင်စနစ်ကို ပိုမိုထိ‌ရောက်စွာ တိုက်ပွဲဝင်နိုင်‌စေ‌ရေးအတွက်ကိုလည်း ၎င်းတို့အဖွဲ့အစည်းက လွတ် လပ်စွာ ထုတ်‌ဖော်ခွင့် အ‌ခြေခံတွင် ပွင့်လင်းစွာ ‌ဝေဖန်‌ထောက်ပြမှုကိုလည်း CRPH အ‌နေဖြင့် လက်ခံစဉ်းစား‌ပေးလိမ့် မည်ဟု ယုံကြည်‌ကြောင်း ဥပ‌ဒေအ‌ထောက်အကူပြုကွန်ရက်၏ ထုတ်ပြန်ချက်တွင် ‌ရေးသား‌ဖော်ပြထားသည်။

CRPH ၏ထုတ်ပြန်ချက်ထဲတွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈ခုနှစ်)သည် စစ်အာဏာရှင်ဝါဒ သက်ဇိုးရှည်ရန် ရည်ရွယ် ‌ရေးသားထားရုံမျှမက ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေးအတွက် အဟန့်အတားပြုလျှက်ရှိ‌သော ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေတစ်ခုဖြစ်သည်ဟု ဆိုထားသည်။

၎င်းအပြင် အကြမ်းဖက်စစ်‌ကောင်စီသည် ၂၀၂၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့တွင် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ (၂၀၀၈ခု နှစ်)ပါ ပြဌာန်းချက်များကို ချိုး‌ဖောက်လျက် နိုင်ငံ‌တော်အာဏာကို အဓမ္မသိမ်းယူခဲ့ခြင်း‌ကြောင့် ဤဖွဲ့စည်းပုံမှာ ပျက် ပြယ်ခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

အာဏာရှင်စနစ် ပ‌ပျောက်‌ရေး၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈ခုနှစ်) အပြီးသတ် ဖျက်သိမ်း‌ရေး၊ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု‌ပေါ်‌ပေါက်‌ရေး၊ ပြည်သူ့အစိုးရ ‌ပေါ်ထွန်း‌ရေး ရည်ရွယ်ချက်များဖြင့် ဖက်ဒရယ်ဒီမိုက‌ရေစီ အင်အားစုများ စု‌ပေါင်း‌ဆွေး‌နွေးဆုံးဖြတ်လျက် အတည်ပြု ပြဌာန်းခဲ့‌သော ဖက်ဒရယ်ဒီမိုက‌ရေစီ ပဋိညာဉ်သည်လည်း မြန်မာနိုင်ငံတွင် ‌ပေါ်‌ပေါက်ခဲ့ပြီဖြစ်၍ CRPH က ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ(၂၀၀၈ခုနှစ်)အား ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ရက်‌နေ့တွင် အပြီး သတ်ဖျက်သိမ်း‌ကြောင်း ‌ကြေငြာခဲ့သည်။

CRPH ၏ ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေ (၂၀၀၈)ကို ဖျက်သိမ်း‌ကြောင်း ‌ကြေငြာလိုက်သည့်‌နောက်တွင် စစ်အာဏာသိမ်းမှုကို ကန့်ကွက်သည့် ပြည်သူလူထုများကလည်း ‌ထောက်ခံကြိုဆိုသည့်အ‌နေဖြင့် ဆန္ဒထုတ်‌ဖော်ကြသည့်အပြင် ဖွဲ့စည်းပုံအ ‌ခြေခံဥပ‌ဒေ(၂၀၀၈) စာအုပ်အစိမ်းကိုလည်း အများပြည်သူ‌ရှေ့တွင် မီးရှို့ဖျက်ဆီးသည့် လုပ်‌ဆောင်မှုများလည်း ရှိသည်။