Home သတင်း မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်‌ရေးမှူး၏‌နေအိမ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်‌ရေးမှူး၏‌နေအိမ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

1014

ဧပြီ ၂၆ ရက်၊၂၀၂၁ခုနှစ်၊‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အုပ်ချူပ်‌ရေးမှူး ၏‌နေအိမ်ခြံအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ‌ကြောင်း သိရသည်။

ယ‌နေ့ဧပြီ ၂၆ ရက် နံနက် ၅း၂ဝချိန်ခန့် က ဆိုင်ကယ်တစ်စီးနှင့်အမည်မသိ လူနှစ်‌ယောက်မှခြံအပြင်ဘက်မှ ‌နေပြီး လက်ပစ်ဗုံးနှင့်ပစ်‌ပေါက်သွားခဲ့သည်ဟု ၎င်း အုပ်ချုပ်‌ရေးမှုးအိမ်မှာ တပ်ဆင်ထားသည် CCTV ကင်မရာ မှတ်တမ်းအရ သုံးသပ်‌ပြောဆိုမှုများ ရှိ‌နေသည်။

လက်ပစ်ဗုံးမှာ အမှတ် ၄ ရပ်ကွက် အုပ်ချုပ်‌ရေးမှူး ဦးစည်လှိုင်၏ ‌နေအိမ်ခြံဝင်းအတွင်း ရပ်ထား‌သော ကားအ‌ရှေ့ဘီးအနီး ကျ‌ရောက်‌ပေါက်ကွဲခဲ့သဖြင့် လူထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့‌သော်လည်း ကားဘီးများ ပျက်စီးသွားခဲ့ပြီးကား‌ဘေးကိုယ်ထည်တွင် ဗုံးဆံထိမှန်မှုများရှိခဲ့သည်။

အဆိုပါ ဗုံး‌ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး‌နောက် ရဲ ၊ စစ်သားနှင့် BGF နယ်ခြား‌စောင့်တပ်နှင့် စစ်‌ကောင်စီ အုပ်ချုပ်‌ရေး ပူး‌ပေါင်းအဖွဲ့မှ မြဝတီမြို့ ရပ်ကွက် လူ‌နေအိမ်များထိ ဝင်‌ရောက်ရှာ‌ဖွေ စစ်‌ဆေးမှုများ ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း ‌တွေ့ရသည်။