Home သတင်း KNU သထုံခရိုင်(တပ်မဟာ ၁)အတွင်း စစ်တပ်အင်အား ဖြည့်တင်း‌နေခြင်း‌ကြောင့် ‌ဒေသခံများ ထိတ်လန့်‌နေ

KNU သထုံခရိုင်(တပ်မဟာ ၁)အတွင်း စစ်တပ်အင်အား ဖြည့်တင်း‌နေခြင်း‌ကြောင့် ‌ဒေသခံများ ထိတ်လန့်‌နေ

1452
Photo: KNU

မတ် ၁၂ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်(တပ်မဟာ-၁)တွင် ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ် ‌ကောင်စီ၏ စစ်တပ်မှ တပ်အင်အားများ ဖြည့်တင်း‌စေလွှတ်‌နေခြင်း‌ကြောင့် ‌ဒေသခံများ စိုးရိမ်ထိတ်လန့်‌နေ ကြရ‌ကြောင်း ‌ဒေသခံရွာသားများက ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU သထုံခရိုင်၊ ဖားအံမြို့နယ်ရှိ အီဟယ်၊ နို့‌နောင့်ဝါး၊ ‌ညောင်ကုန်း၊ တံတားဦးနှင့် က‌ဆော‌လော်ကတီ စသည့် ရွာများတွင် စစ်တပ်မှ တပ်အင်အား တိုးချဲ့မှုများရှိ‌နေခြင်း‌ကြောင့် ရွာသားများမှာ ပိုမိုထိတ်လန့်‌နေ ရ‌ကြောင်း အမည်မ‌ဖော်လိုသူ ‌ဒေသခံရွာသားတစ်ဦးက ယခုလို ‌ပြောသည်။

“တပ်ဖြန့်ထားတာ တပုံကြီးပဲ။ ‌ညောင်ကုန်းရွာအလွန် က‌ဆော‌လော်ကတီရွာမှာ စစ်တပ်‌တွေ ‌နေရာယူထား တယ်။ ဟိုတစ်‌နေ့က စစ်ကား ၆ စီးတက်လာတယ်။ မ‌နေ့ကဆို ၁စီး ထပ်တက်လာတယ်။ တံတားဦး ရွာမ‌ရောက်ခင် နဲ့ ရွာအလွန်‌တွေမှာ နား‌နေတယ်။ ဒီအတိုင်းဆို တိုက်ပွဲ ပြန်ဖြစ်ဖို့ အလားအလာများတယ်။” ဟု ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်တွင် KNU ၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၁) ကို စစ်တပ်နှင့် BGF-နယ်ခြား‌စောင့်တပ်ဖွဲ့ဝင်များ ပူး‌ပေါင်းကာ ၅ ‌နေရာအထိ ပစ်ခတ်တိုက်ခိုက်ခဲ့‌ကြောင်း KNU တာဝန်ရှိသူများဘက်က ‌ပြောသည်။

ပစ်ခတ်တိုက်မှုများ ဆက်လက်မဖြစ်ပွားရန် သက်ဆိုင်ရာ နှစ်ဖက်တပ်မှ ‌ခေါင်း‌ဆောင်များက ညှိနှိုင်းမှုများ ပြုလုပ်‌နေ‌ကြောင်း KNU တပ်မဟာ(၁) မှ တာဝန်ရှိသူတစ်ဦးက ယ‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။
“အခုအ‌ခြေအ‌နေမှာ‌တော့ ဘာမှ မဖြစ်‌သေးဘူး။ တည်ငြိမ်‌နေတယ်‌နော်။ ခရိုင်ဥက္ကဋ္ဌတို့၊ အတွင်း‌ရေး မှူးတို့က‌နေပြီး ညှိနှိုင်းတာ‌တွေ ရှိမယ်‌လေ‌နော်။ ဖုန်းနဲ့လား၊ လူကိုယ်တိုင်လား‌တော့ ကျ‌နော်လည်း ‌သေချာမသိ‌သေးပါဘူး။” ဟု ၎င်း KNU တပ်မဟာ(၁)တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

မတ်လ ၉ ရက်‌နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့‌သော တိုက်ပွဲ ၄ ကြိမ်တွင် ထိခိုက်ကျဆုံးသူများမရှိ‌သော်လည်း မွန်းတည့် ၁၂းဝဝ နာရီဝန်းကျင်တွင် KNU သထုံခရိုင်၊ ဖားအံမြို့ နယ်၊ ‌ညောင်ကုန်းရွာသစ်၌ ဖြစ်ပွားခဲ့‌သော အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်တပ်မှ ၅ ဦးကျဆုံးခဲ့သည်ဟု KNU တာဝန်ရှိသူများဘက်က ‌ကေအိုင်စီသို့ ‌ပြောခဲ့သည်။

ပစ်ခတ်မှု ၅ ကြိမ်စလုံးတွင် KNU ဖက်မှ ထိခိုက်ကျဆုံးမှု မရှိခဲ့‌သော်လည်း ပြန်လည်ဆုတ်ခွာခဲ့ခြင်း‌ကြောင့် KNU ၏ စခန်းငယ်တစ်ခုနှင့်အတူ ဆိုင်ကယ် ၈ စီး၊ ကားတစ်စီးတို့ကို စစ်တပ်မှ သိမ်းပိုက်လိုက်‌ကြောင်း ‌ဒေသခံများ က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့‌နောက် မတ် ၁ဝ ရက်တွင် သထုံခရိုင်၊ ပိန္နဲ‌တော ‌ကျေးရွာတွင် တပ်စွဲထား‌သော စစ်တပ်က လူ‌နေထိုင်ရာ‌ဒေသများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်‌နေသဖြင့် ‌ဒေသခံများ စိုးရိမ်ထိတ်လန့် ‌နေရ‌ကြောင်းလည်း KNU သထုံခရိုင် တာဝန်ရှိသူများက ‌ပြောဆိုခဲ့သည်။

အဆိုပါ‌ဒေသမှ အခြားရွာသားတစ်ဦးကလည်း “ ‌ပေါ်တာဆွဲမယ်လို့ သတင်းထွက်‌တော့ ရွာသူ၊ ရွာသား‌တွေ လယ်တို့ ကိုင်းတို့‌တောင် သွားမရဲ ကြ‌တော့ဘူး။ ဒီမှာက သွားလာတာ‌ရော အိပ်တဲ့အချိန်‌တွေပါ ‌ကြောက် ‌ကြောက်လန့်လန့်ဖြစ်‌နေရ‌တော့ စစ်ပွဲ‌တွေ ထပ်မဖြစ်‌စေချင်ဘူး။ မြန်မာစစ်တပ်‌တွေ ဒီရွာ‌တွေထဲက‌နေ အမြန် ဆုံးထွက်သွားတာပဲ ‌ကောင်းပါတယ်။” ဟု ‌ပြောသည်။

သထုံခရိုင်နည်းတူ မတ်လ ၉ ရက်‌နေ့တွင် မူတ‌ရော်(ဖာပွန်)ခရိုင်၊ ဒွယ်လိုးမြို့နယ်နှင့် စစ်‌ကောင်စီတပ်မှ လက် နက်ကြီးများ ပစ်ခတ်သဖြင့် ‌ဒေသခံများ ‌ပြေးလွှားပုန်း‌ရှောင်ခဲ့ရသလို ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီး မြို့ နယ်တွင်လည်း ‌သေနတ်ပစ်‌ဖောက်မှုများ‌ကြောင့် ‌ဒေသခံများ ထိတ်လန့်‌နေကြရသည်ဟု KNU သတင်းနှင့် ပြန်ကြား‌ရေး၏ လူမှုကွန်ရက်စာမျက်နှာတွင် ‌ဖော်ပြထားသည်။