Home သတင်း အိမ်မဲသပိတ်စစ်‌ကြောင်းမှ ဖမ်းဆီးခံရသူ ၉ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲမည်ဟုဆို

အိမ်မဲသပိတ်စစ်‌ကြောင်းမှ ဖမ်းဆီးခံရသူ ၉ ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲမည်ဟုဆို

2525

မတ်လ ၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး အိမ်မဲမြို့နယ်တွင် ‌ဖေ‌ဖော်ဝါရီလ ၈ရက် ယမန်‌နေ့က ဖြိုခွင်းခံလိုက်ရသည့် ကရင်လူငယ် သပိတ်စစ်‌ကြောင်းမှ ဖမ်းဆီးခံရသူ ၉ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် မတ်လ ၂၃ရက်‌နေ့တွင် အိမ်မဲမြို့နယ် တရားရုံး၌ စတင် အမှုစွဲဆိုခံရမည်ဟု သိရသည်။

ထို‌နေ့မနက်ပိုင်းက အိမ်မဲမြို့နယ် အိမ်မဲရွာသစ်နှင့် ဝါးခယ်မဘက်သို့သွားသည့်လမ်း‌ဘေးရှိ ဝဲကြီး‌ကျေးရွာလမ်း‌ပေါတွင် ချီတက်ဆန္ဒထုတ်‌ဖော်စဉ် လုံခြုံ‌ရေးရဲတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်ဖြိုခွင်းခံရပြီး အမျိုးသား ၅ဦးနှင့် အမျိုးသမီး ၄ဦးတို့ ဖမ်း ဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသူများအတွက် အမှုလိုက်ပါ‌ဆောင်ရွက်‌ပေးသူ ‌ရှေ့‌နေတစ်ဦးက “ဒီ‌နေ့ ရမန်ယူတယ်။ ၂၃ရက် ‌နေ့ကို ပြန်ချိန်းထားတယ်။ ပုဒ်မက‌တော့ ၅၀၅(က)ပါ။ ‌လော‌လောဆယ်‌တော့ မိန်းက‌လေး‌တွေအတွက် အရင်ဆုံး အာမခံနဲ့ထုတ်‌ပေးဖို့ မိသားစုဝင်‌တွေကို လိုအပ်တာ‌တွေ စီစဉ်ထားဖို့ ‌ပြောထားပါတယ်။ ဒဏ်ရာရသူ ကို‌ကျော်ဦးအ တွက်လည်း ‌ထောင်မှူးနဲ့ ချိတ်ထားပြီးပါပြီ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယမန်‌နေ့က အိမ်မဲသပိတ်စစ်‌ကြောင်း ဖြိုခွင်းခံရမှုတွင် ဖမ်းဆီးခံရသည့် ရာဘာကျည်ထိမှန်ဒဏ်ရာရသူအချို့ကို ‌ဆေးဝါးကုသမှု ကူညီ‌ပေးနိုင်‌ရေး ကြိုးစား‌ဆောင်ရွက်လျက်ရှိ‌ကြောင်းလည်း အဆိုပါ‌ရှေ့‌နေက ဆက်လက် ‌ပြောဆို သည်။

ဖမ်းဆီးခံထားရသူ ၉ဦးမှာ ကို‌ကျော်ဦး၊ ကိုရဲမင်းထက်၊ မအိမျိုးသူ၊ ဦး‌ရွှေအိုး၊ ဦးဝင်းမြင့်သိန်း၊ ဦးကိုကို‌လေး၊ ‌ဒေါ်မိပြုံး တို့အပြင် ကရင်အမျိုးသမီးလူငယ် ၂ဦးဖြစ်သည့် နန့်စုမြတ်နိုင်နှင့် နန့်ချစ်စုလွင်တို့ ပါဝင်ပြီး ၎င်းတို့ကို ‌မြောင်းမြအ ကျဉ်း‌ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။