Home သတင်း မြဝတီမြို့အဝင်နှင့် မြို့တွင်း‌နေရာများတွင် လုံခြုံ‌ရေးတင်းကြပ်ထား၍ လူထုဆန္ဒ‌ဖော်ထုတ်ပွဲပြု လုပ်နိုင်ခြင်းမရှိ

မြဝတီမြို့အဝင်နှင့် မြို့တွင်း‌နေရာများတွင် လုံခြုံ‌ရေးတင်းကြပ်ထား၍ လူထုဆန္ဒ‌ဖော်ထုတ်ပွဲပြု လုပ်နိုင်ခြင်းမရှိ

1530

မတ်လ ၁၄ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် မြို့အဝင်နှင့် မြို့တွင်း‌နေရာများတွင် တပ်နှင့် ရဲမှ လုံခြုံ‌ရေး တင်းကြပ်ထားပြီး စစ်‌ဆေးဖမ်းဆီးမှုများရှိ‌နေ၍ မြို့တွင်း၌ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒ‌ဖော်ထုတ်ပွဲများကို ရက်သတ္တပတ် ၂ ပတ်ခန့်ကြာ ပြုလုပ်နိုင်ခြင်း မရှိ‌ကြောင်း သိရသည်။

မြို့အဝင် ‌တောင်ဘက်ခြမ်း မြဝတီ-မယ်‌ထော်သ‌လေးသွားလမ်း‌ပေါ်နှင့် မြို့အဝင် ‌မြောက်ဘက်ခြမ်း ‌မြေနီကုန်းလမ်းဆုံ‌နေရာတို့တွင် တပ်နှင့်ရဲပူး‌ပေါင်းအဖွဲ့မှ ယာဉ်စစ် ပိတ်ဆို့ရှာ‌ဖွေမှုများ ပြုလုပ်လျက်ရှိသည်ကို ‌တွေ့ရှိရသည်။

၎င်းအပြင် ယခင်လူထုမှဆန္ဒပြစု‌ဝေးရာ‌နေရာများ ဖြစ်‌သော မြဝတီ အမှတ် ၁ ချစ်ကြည်‌ရေးတံတားထိပ် နှင့် မြို့တွင်း‌နေရာတစ်ချို့တွင် လုံခြုံ‌ရေးများတင်းကြပ် ထားပြီးဆန္ဒပြမှုမစု‌ဝေးနိုင်ရန် နှင့် စစ်အာဏာရှင်ဆန့်ကျင်မှုများ မပြုလုပ်နိုင်ရန် သတင်းအရ ဝင်‌ရောက်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။

မြဝတီမြို့တွင်း၌ စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြပွဲများကို ‌ဖေ‌ဖော်ဝါရီလ ၇ ရက်‌နေ့မှ ‌ဖေ‌ဖော်ဝါရီ ၂၈ ရက်‌နေ့ထိ ‌ဆောင်ရွက်နိုင်ခဲ့ပြီး ရဲနှင့်တပ်မှ လုံခြုံ‌ရေးတင်းကြပ်ထားမှုနှင့် လူမစုမီ သတင်းအရ ဖမ်းဆီးမှုများရှိ‌နေ၍ မတ်လ ၁ ရက်‌နေ့မှစကာ ယ‌နေ့ မတ်လ ၁၄ ရက်‌နေ့ထိ ဆန္ဒ‌ဖော်ထုတ်ပွဲများ ပြုလုပ်နိုင်ခြင်းမရှိပါ။

လက်ရှိ မြဝတီမြို့တွင် ဆန္ဒပြမှုများနှင့် စပ်လျဉ်း၍ ဖမ်းဆီးခံရသူ လူ ၈ဝ ‌ကျော်ခန့်ရှိပြီး အများစုမှာ ရာဇသတ်ကြီးဥပ‌ဒေ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရ‌ကြောင်း သိရသည်။