Home သတင်း ကျိုက်ဒုံ-‌ကော့ကရိတ်လမ်းမ‌ပေါ် တရားမဝင် သစ်ခိုးတင်လာသည့် ကားနှစ်စီး KNPF ဖမ်းဆီး

ကျိုက်ဒုံ-‌ကော့ကရိတ်လမ်းမ‌ပေါ် တရားမဝင် သစ်ခိုးတင်လာသည့် ကားနှစ်စီး KNPF ဖမ်းဆီး

3946

မတ်လ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ‌ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံ-‌ကော့ကရိတ် လမ်းမ‌ပေါ်တွင် တရားမဝင် သစ်ခိုးတင်လာသည့် ၁ဝ ဘီးကားနှစ်စီးအား ယမန်‌နေ့ (မတ်လ ၉ ရက်) ည‌နေက ဖမ်းဆီးရမိခဲ့သည်ဟု ကရင်အမျိုးသားရဲတပ်ဖွဲ့က (KNPF) က ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် KNPF ရဲမှူး ‌စောအယ်ဒါးခလိန်းက “ကျ‌နော်တို့ဆီက‌နေဖြတ်သမျှကားအကုန်လုံးကို စာ ရွက်စာတမ်း‌တွေ မှန်ကန်‌ကြောင်း တရားဝင်၊ တရားမဝင်စစ်‌ဆေးတယ်။ စစ်တဲ့အခါမှာ စာရွက်စာတမ်းသက် ‌သေအ‌ထောက်အထား ဘာတခုမှမပါတဲ့အတွက်‌ကြောင့် ခဏ‌ခေါ်ပြီး ခုစစ်‌နေတုန်းပဲ ဖြစ်တယ်။ ‌ခေါ်ထား တဲ့ လူ‌တွေက ကျိုက်ဒုံက လာတယ်လို့ပဲ ‌ပြောတယ်။ ကားနှစ်စီးရဲ့တန်ချိန်က ၂၅ တန်‌လောက်ရှိတယ်။”ဟု ‌ပြောသည်။

အဆိုပါ သစ်ခိုးထုတ်မှုများအား စစ်‌ဆေး‌ဆောင်ရွက်မှုများ ပြုလုပ်ပြီး‌နောက် သစ်‌တောဥပ‌ဒေအရ ထိ‌ရောက်စွာ အ‌ရေးယူသွားမည်ဟုလည်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ‌ဖေ့ဘွတ်စာမျက်နှာတွင် ‌ဖော်ပြထားသည်။

KNU ‌မြေထဲတွင် သစ်ခိုးထုတ်မှုများကို ပိတ်ပင်ထားပြီး ‌ဒေသခံပြည်သူများအတွက် အမှန်တကယ်လိုအပ်သည့် အ‌ခြေခံအ‌ဆောက်အဦးများဖြစ်သည့် ‌နေအိမ်များ၊ စာသင်‌ကျောင်းများနှင့် ဘာသာ‌ရေးအ‌ဆောက်အဦးများအ တွက်ကို သက်ဆိုင်ရာ ခရိုင်သစ်‌တောဌာနသို့ တင်ပြကာ စနစ်တစ်ကျ ထုတ်ယူသုံးစွဲနိုင်သည်ဟု သိရ သည်။

သို့‌သော် KNU မှ သစ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ သစ်‌တောမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများချမှတ်ကာ အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်မှုများရှိ‌နေ‌သော်လည်း အချို့‌သော ၎င်းတို့ အုပ်ချုပ်နယ်‌မြေများတွင် သစ်ခိုးထုတ်လုပ်မှုများ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်သည်ဟု ‌ဒေသခံများက ‌ပြောသည်။