Home သတင်း လှိုင်းဘွဲ‌ရွေး‌ကော် ဥက္ကဌကို ညဥ့်နက်ပိုင်း ဖမ်းဆီး‌ခေါ်‌ဆောင်ရန် ကြိုးပမ်းခဲ့

လှိုင်းဘွဲ‌ရွေး‌ကော် ဥက္ကဌကို ညဥ့်နက်ပိုင်း ဖမ်းဆီး‌ခေါ်‌ဆောင်ရန် ကြိုးပမ်းခဲ့

2172

‌ဖေ‌ဖော်ဝါရီ ၁၁ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

လှိုင်းဘွဲမြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် ဥက္ကဌ ဦး‌ဇော်ညွှန့်ကို စစ်တပ်နှင့် ရဲ အရာရှိအချို့က ‌ဖေ‌ဖော်ဝါရီလ ၁ဝရက်၊ ညသန်း‌ခေါင်အချိန်ခန့်တွင် ဖမ်းဆီး‌ခေါ်‌ဆောင်ရန် သွား‌ရောက်ခဲ့‌ကြောင်း မြို့ခံလူငယ် ရပ်မိရပ်ဖများက ‌ပြောသည်။

“တပ်က‌တော့ ‌ခေါင်း‌ဆောင်ပိုင်းပဲ။ ‌သေနတ်ကိုင်တဲ့ ငယ်သား‌တွေ မပါဘူး။ ရဲ‌တွေလည်း ‌သေနတ်အရှည်ကိုင်တဲ့ဟာ မျိုး‌တော့ မပါဘူး။ အင်အားက စုစု‌ပေါင်း ၈‌ယောက်‌လောက်ပါ။”ဟု မြို့ခံတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ ညအချိန် လာ‌ရောက်‌ခေါ်‌ဆောင်သည်ကို သိသိချင်း မြို့ခံလူငယ်အများစု ပါဝင်သည့် လူဦး‌ရေ ၆ဝခန့် သွား ‌ရောက်ဝန်းရံခဲ့ကြရာ မှတ်တမ်းဓာတ်ပုံ၊ ဗွီဒီယို မရိုက်ရန် လာ‌ရောက်သူများက ‌ပြောဆိုခဲ့‌ကြောင်းလည်း သိရသည်။

၎င်းမြို့ခံက “သူတို့က ဓာတ်ပုံ၊ ဗွီဒီယို‌တွေ မရိုက်ဖို့ ‌ပြောတယ်။ စကား မာမာထန်ထန် ‌ပြောတာ‌တွေ‌တော့ မရှိဘူး။ လူငယ်‌တွေဘက်ကလည်း ညတွင်း ခိုး‌ကြောင်ခိုးဝှက် မလုပ်ဖို့။ ဖြစ်နိုင်ရင် မနက်ခင်းဘက် လာ‌ရောက်ဖို့ ‌ပြောဆိုညှိနှိုင်း ခဲ့တယ်။”ဟု ဆိုသည်။

ထို့‌နောက် လာ‌ရောက်သူများက မြို့နယ်‌ရွေး‌ကော် ဥက္ကဌကို ‌ခေါ်‌ဆောင်သွားခြင်း မရှိခဲ့‌ကြောင်း သိရသည်။