Home သတင်း ပြည်နယ်အစိုးရအိမ်ရာဝင်းအတွင်း ဖုန်းသိမ်းကာ ဆက်သွယ်မှုဖြတ်‌တောက်ထား

ပြည်နယ်အစိုးရအိမ်ရာဝင်းအတွင်း ဖုန်းသိမ်းကာ ဆက်သွယ်မှုဖြတ်‌တောက်ထား

1882
Photo: Saw Dee Kue

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၏ အိမ်ရာဝင်း‌နေအိမ်၌ အကျယ်ချုပ်ထားရှိခံ‌နေရသည့် ပြည်နယ်ဝန်ကြီး ချုပ်ကို ယမန်‌နေ့ ‌ဖေ‌ဖော်ဝါရီလ ၈ရက်၊ မွန်းလွဲ ၂နာရီအချိန်တွင် စစ်တပ်က ဒုတိယအကြိမ် ထပ်မံ ဖမ်းဆီး‌ခေါ်‌ဆောင် သွားခဲ့ပြီး အိမ်ရာဝင်းရှိ ဖုန်းများအားလုံးကိုလည်း သိမ်းဆည်းလိုက်‌ကြောင်း ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယင်းသို့ ဖုန်းများ သိမ်းဆည်းသွားသည့်အတွက် အစိုးရအိမ်ရာဝင်း၌ အလုပ်လုပ်‌နေကြသည့် ဝန်ထမ်းများ၏ဆက်သွယ် ‌ရေးများအပြင် အိမ်ရာပြင်ပတွင် ဖြစ်ပျက်မှုများကို သိရှိနိုင်ခြင်းမရှိဘဲ အဆက်အသွယ် ပြတ်‌တောက်လျှက်ရှိ‌နေကြ သည်ဟု နီးစပ်သူများထံမှတဆင့် သိရသည်။

ထို့အပြင် ဝန်ကြီးအိမ်ရာများသို့ အစားအ‌သောက်ပို့‌ပေးခြင်းများကို တင်းကြပ်စွာ တားမြစ်ထားပြီး အိမ်ရာဝင်းအတွင်း တစ်အိမ်နှင့်တစ်အိမ် လွတ်လပ်စွာ ဆက်သွယ်၊ သွားလာခွင့်များလည်း ပိတ်ပင်ခံထားရသည့်အတွက် ‌နေအိမ်အကျယ် ချုပ်ရှိ ကျန်ဝန်ကြီးများနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ စိုးရိမ်ပူပန်‌နေကြသည်။

‌ဖေ‌ဖော်ဝါရီလ ၉ရက်‌နေ့သည် ဖားအံမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်‌သောအားဖြင့် ‌ဒေသခံပြည်သူ လူထု ဆန္ဒပြသည့် ဒုတိယ‌နေ့ဖြစ်သလို စစ်တပ်က အာဏာသိမ်းခဲ့သည့် ကိုးရက်‌မြောက်‌နေ့ဖြစ်သည်။