Home သတင်း ‌ကော့ကရိတ်ပစ်ခတ်မှု စစ်တပ်မှ ဗိုလ်မှူးအဆင့် အပါအဝင် ၃ ဦး ‌သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိဟု KNU သတင်းထုတ်ပြန်

‌ကော့ကရိတ်ပစ်ခတ်မှု စစ်တပ်မှ ဗိုလ်မှူးအဆင့် အပါအဝင် ၃ ဦး ‌သေဆုံးကာ ၄ ဦး ဒဏ်ရာရရှိဟု KNU သတင်းထုတ်ပြန်

3146
Photo: KNU

‌ဖေ‌ဖော်ဝါရီ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့နယ်တွင် ယ‌နေ့ နံနက် ၁၁နာရီ‌ကျော်က ‌ကေအဲန်ယူ တပ်မဟာ ၆တပ်ဖွဲ့ဝင်များနှင့် မြန်မာ စစ်တပ်တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးအဆင့် အပါအဝင် ၃ဦးကျဆုံးကာ ၄ဦးမှာ ဒဏ် ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူ ဗဟိုပြန်ကြား‌ရေးဌာန၏ သူး‌လေသတင်းစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာစစ်တပ်က ကန့်သတ်နယ်‌မြေထက် တစ်မိုင်‌ကျော် ကျူး‌ကျော်လာသဖြင့် ‌ကော့ကရိတ်-ကျိုက်ဒုံသွား လမ်းမကြီးရှိ ရွာသစ်‌ကျေးရွာ ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်း‌ရှေ့တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရခြင်းဖြစ် ‌ကြောင်းလည်း ‌ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

အဆိုပါ အခင်းဖြစ်ပွားသည့်‌နေရာတွင် ယ‌နေ့ ညပိုင်းအထိ မြန်မာစစ်တပ် အင်အား(၆၀)ခန့် ‌နေရာယူထားပြီး အာရှလမ်းမကြီးအနားတွင် စစ်ကား (၄)စီး ထပ်မံ ‌ရောက်ရှိလာသည်ဟုလည်း ‌ကေအဲန်ယူဘက်က ‌ပြော သည်။

ရွာသစ်ရွာသားတစ်ဦးက “အခု စစ်တပ်က ဖြစ်‌နေတဲ့‌နေရာမှာ ရှိတုန်းပဲ။ ရွာမှာဆိုလည်း အိမ်‌တွေ၊ ဆိုင်‌တွေ ဟာ အ‌စောကြီးကတည်းက ပိတ်လိုက်ပြီ။ တချို့လူ‌တွေက‌တော့ ‌ကော့ကရိတ်မြို့ဖက်ကို ‌ရှောင်သွားတယ်။ အချို့က ‌ကေအဲန်ယူရှိတဲ့ဖက်ကို ‌ရှောင်သွားတာရှိတယ်။ အ‌ခြေအ‌နေက တင်းမာ‌နေတုန်းပဲ။ ဘယ်‌တော့ ထပ် ပစ်မလဲ မသိဘူး။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

‌ကေအဲန်ယူဘက်က ထုတ်ပြန်သည့် ထိခိုက်‌သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာ့တပ်မ‌တော်ဘက်က ထုတ်ပြန် ထားခြင်းမရှိသလို ‌ကေအိုင်စီအ‌နေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိ‌ပေ။

အလားတူ ယ‌နေ့ညတွင် ‌ကော့ကရိတ်မြို့‌တောင်ပိုင်း ‌တောင်ကြာအင်း‌ကျေးရွာ၌လည်း မြန်မာစစ်တပ်က အင်အားရာနှင့်ချီ လာ‌ရောက် တပ်ချထား‌ကြောင်း ‌ဒေသခံတချို့၏ ‌ပြောဆိုချက်အရ သိရသည်။