Home သတင်း လှိုင်းဘွဲမြို့ တတိယ‌နေ့ လူထုဆန္ဒထုတ်‌ဖော်ပွဲ အင်အား ၂၀၀ဝ ဝန်းကျင်ရှိလာ

လှိုင်းဘွဲမြို့ တတိယ‌နေ့ လူထုဆန္ဒထုတ်‌ဖော်ပွဲ အင်အား ၂၀၀ဝ ဝန်းကျင်ရှိလာ

1671

‌ဖေ‌ဖော်ဝါရီ ၁ဝ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၌ စစ်အာဏာရှင်စနစ် ဆန့်ကျင်‌ရေး ဆန္ဒထုတ်‌ဖော်ပွဲ တတိယ‌မြောက်‌နေ့ကို ‌ဖေ‌ဖော်ဝါရီ ၁ဝရက်‌နေ့တွင် ပြုလုပ်ခဲ့ကြရာ ပညာ‌ရေးဝန်ထမ်းများနှင့် ‌ကျေးရွာလူထုများ အပါအဝင် အင်အား ၂၀၀၀‌ကျော် ပူး‌ပေါင်း ပါဝင်လာကြသည်။

ဆန္ဒပြသူများသည် ယ‌နေ့မနက် ၈နာရီခန့်တွင် စတင်ချီတက်ပြီး လှိုင်းဘွဲမြို့ အထက ‌ဘောလုံးကွင်း၌ စုရပ်ထားကာ တာထွက်ကြပြီး လှိုင်းဘွဲမြို့လယ်ရှိ အာဇာနည်လမ်းထိပ် သုံး‌ထောင့်လမ်းဆုံ၌ တစ်နာရီခန့် ‌ကြွေး‌ကြော်ဆန္ဒ‌ဖော်ထုတ် ခဲ့ပြီး ပိုင်ကျုံလမ်းမှ မြို့တွင်းလမ်းသို့ ဆက်လက်ချီတက်ကာ မူလ စုရပ်ပြန်‌ရောက်ပြီး ဆန္ဒပြမှုကို အဆုံးသတ်ခဲ့သည်။

၎င်းဆန္ဒပြပွဲတွင် “ဒီမိုက‌ရေစီရရှိ‌ရေး”၊ “မတရား ဖမ်းဆီးခံရသူများအား လွှတ်‌ပေး‌ရေး”၊ “စစ်အာဏာရှင် အစိုးရ ဖျက် သိမ်း‌ရေး”၊ “ဒီမိုက‌ရေစီ ဖယ်ဒရယ်ပြည်‌ထောင်စု ‌ပေါ်‌ပေါက်‌ရေး” စသဖြင့် ‌ကြွေး‌ကြော်ခဲ့ကြပြီး ‌တေးသီချင်းများလည်း သီဆိုကာ ဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

CDM လှုပ်ရှားမှု ပြည်သူ့ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သူ ‌စောမျိုးသက်နိုင်ဦးက “မတရားသ‌ဘောနဲ့ စစ်အာဏာသိမ်းတာ ကို လက်မခံဘူး။ အရင်က ဒီမိုက‌ရေစီ အနှစ်သာရကို တခါမှမရဖူး‌သေးဘူး။ ကျည်ဆံကြားမှာ ‌မွေးဖွားလာတဲ့အတွက် စစ်အာဏာသိမ်းမှုကို မကြိုက်ဘူး။ အလိုမရှိဘူး။ အရင်က လှိုင်းဘွဲက မငြိမ်းချမ်းတဲ့‌ဒေသထဲမှာ ပါတယ်။ ဒါ‌ကြောင့် ဒီမိုက‌ရေစီကို ပိုပြီးလိုလားတယ်။ မလိုချင်တဲ့ စစ်အာဏာရှင်စနစ်ကို လူငယ်အင်အားနဲ့ ‌သေချာ‌ပေါက် တွန်းလှန်သွား မယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆန္ဒထုတ်‌ဖော်ပြပွဲတွင် လှိုင်းဘွဲမြို့အနီးရှိ ‌ကျေးရွာ ၇ရွာဖြစ်‌သော ဒိုင်းပြ၊ မရမ်းအူ၊ အပျိုကုန်း၊ ကွမ်ဘီ၊ ကွမ်‌တောင်၊ ပိုင် ကျုံ၊ က‌မော့ကချူး‌ကျေးရွာများမှ လူငယ်များလည်း ပူး‌ပေါင်းပါဝင်ခဲ့ကြသလို ပညာ‌ရေးဌာနမှ ‌ကျောင်းဆရာ၊ ဆရာမ ၈ဝခန့်လည်း ပူး‌ပေါင်းပါဝင်လာကြသည်။

ဆန္ဒပြပွဲ ပါဝင်သူ ‌ဒေါ်သက်နှင်း‌အောင်က “ပြည်သူတစ်‌ယောက်အ‌နေနဲ့ မပါဝင်လို့မရဘူး။ ၈၈ ‌ကျောင်းသားဘဝနဲ့ ပါဝင်လာခဲ့တယ်။ ဒီမိုက‌ရေစီအညွန့် အချိုးခံရတဲ့အတွက် ‌နောင် သားစဉ်‌မြေးဆက်အတွက် စစ်အာဏာရှင်စနစ်ကို လုံးဝ မပါသွား‌စေချင်ဘူး။ ဒီမိုက‌ရေစီ စစ်မှန်‌ရေးနဲ့ ကရင်ပြည်နယ်အတွက် ဖယ်ဒရယ် ပြည်‌ထောင်စုစနစ်သစ် ‌ဖော် ‌ဆောင်‌ရေးကို ဦးတည်တယ်။ တိုင်းရင်းသားအ‌နေနဲ့ တန်းတူ ညီတူတဲ့အခွင့်အ‌ရေး တရားမျှတတဲ့ ဒီမိုက‌ရေစီစနစ်ကို လိုချင်တယ်။”ဟု ‌ပြောသည်။

လှိုင်းဘွဲမြို့တွင် ယခုလို စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ဆန္ဒထုတ်‌ဖော်ပွဲကို ‌ဖေ‌ဖော်ဝါရီလ ၈ရက်‌နေ့ကတည်းက စတင်ခဲ့ကြ‌သော်လည်း လူဦး‌ရေ ရာချီခန့်သာ ‌ကြွေး‌ကြော်ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။