Home သတင်း မယ်လ ဒုက္ခသည်စခန်း၌ ‌နေအိမ်မီး‌လောင်မှု အကြီးအကျယ်ဖြစ်ပွား‌နေ

မယ်လ ဒုက္ခသည်စခန်း၌ ‌နေအိမ်မီး‌လောင်မှု အကြီးအကျယ်ဖြစ်ပွား‌နေ

1811
Photo: Joseph htoo

‌ဖေ‌ဖော်ဝါရီ ၉ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လ ကရင်ဒုက္ခသည်စခန်းအတွင်း၊ Zone C 3A ရပ်ကွက်၌ ယခုညပိုင်းတွင် လူ‌နေအိမ် မီး‌လောင်မှု အကြီးအကျယ်ဖြစ်ပွား‌နေ‌ကြောင်း စခန်းတွင်း‌နေထိုင်သူများထံမှသိရသည်။

ယ‌နေ့ည ၉နာရီ ခွဲ‌လောက်မှစတင်‌လောင်ကျွမ်း‌နေပြီး လက်ရှိတွင် မယ်လစခန်း၏ 3A ရပ်ကွက်တစ်ခုလုံးနီးပါး ‌လောင်ကျွမ်း‌နေပြီး လူ‌နေအိမ် ၅ဝ ‌ကျော်ခန့် မီးဆွဲ‌လောင်ခံလိုက်ရပြီးဖြစ်‌ကြောင်း ၎င်း ရပ်ကွက်တွင် ‌နေထိုင်သူ တစ်ဦးက ‌ကေအိုင်စီသို့ အတည်ပြု‌ပြောဆိုသည်။

လက်ရှိတွင် မီး‌လောင်မှု ပြင်းအား ပြင်းထန်‌နေ‌သော‌ကြောင့် ရပ်ကွက်‌နေ လူထုများမှ ဝိုင်းဝန်း ငြှိမ်းသက်‌သော် လည်း မီးပြင်းအားကို မနိုင်ဘဲ မီးမှာ ဆက်လက် ‌လောင်ကျွမ်း‌နေ‌သေး‌ကြောင်းလည်း ၎င်း ‌ဒေသခံက ဆက်‌ပြောသည်။

လတ်တ‌လောတွင်လည်း မီးသတ်ကား တစ်စီးသာ ‌ရောက်ရှိလာ‌သေးပြီး မီးအားကို ထိန်းနိုင်ရန် ကြိုးစား‌နေ ‌ကြောင်း နှင့် ထိခိုက်ပျက်စီးမှု တန်းဖိုးကို အ‌သေးစိတ်မသိရ‌သေး‌ကြောင်းလည်း စခန်း‌နေ ပြည်သူများက ဆိုသည်။