Home သတင်း ကရင်ပြည်နယ် ဝန်ကြီး ၃ ဦး ထပ်မံဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရ

ကရင်ပြည်နယ် ဝန်ကြီး ၃ ဦး ထပ်မံဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းခံရ

1072

‌ဖေ‌ဖေါ်ဝါရီ ၂၆ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်လူမှု‌ရေးရာဝန်ကြီးအပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၂ ဦးကို ယ‌နေ့နံနက် ၁၁ နာရီ ၄ဝ မိနစ်အချိန်ခန့်က အာဏာပိုင်များမှ လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်သွား‌ကြောင်း သိရသည်။

ယ‌နေ့နံနက် ဒုတိယအကြိမ်ထပ်မံဖမ်းဆီး‌ခေါ်‌ဆောင်ခံရသည့်ဝန်ကြီး ၃ ဦးမှာ ကရင်ပြည်နယ်လူမှု‌ရေးရာဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ခွန်မျိုးတင့်နှင့် ပြည်နယ် လဝက ဝန်ကြီး ဦးမင်းကိုခိုင်တို့ဖြစ်သည်ဟု သိရသည်။

၎င်းတို့ကိုရဲတပ်ဖွဲ့ဝင်များ၊ အရပ်ဝတ်နှင့်လူများမှ လာ‌ရောက်ဖမ်းဆီး‌ခေါ်‌ဆောင်ခြင်းဖြစ်ပြီး မည်သို့အ‌ရေးယူမည်၊ မည်သည့်‌နေရာသို့ ‌ခေါ်‌ဆောင်သွားမည်ကိုမသိရှိရ‌ကြောင်း မိသားစုဝင်နှင့်နီးစပ်သူများထံမှသိရသည်။