Home ရွေးကောက်ပွဲသတင်း တတိယအကြိမ် ဧရာဝတီလွှတ်‌တော်အစည်းအ‌ဝေး ‌ဖေ‌ဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပမည်

တတိယအကြိမ် ဧရာဝတီလွှတ်‌တော်အစည်းအ‌ဝေး ‌ဖေ‌ဖော်ဝါရီ ၉ ရက်တွင် စတင်ကျင်းပမည်

1846

ဇန်နဝါရီ ၁၈ရက်၊ ၂၀၂၁ခုနှစ်။ ‌စောထွန်းလင်း

တတိယအကြိမ်‌မြောက် ဧရာဝတီတိုင်း‌ဒေသကြီးလွှတ်‌တော် ပထမပုံမှန်အစည်းအ‌ဝေးကို လာမည့် ‌ဖေ‌ဖော်ဝါရီ ၉ ရက်‌နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်‌ကြောင်း ဧရာဝတီတိုင်း ‌ဒေသကြီးလွှတ်‌တော်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ အစည်းအ‌ဝေးတွင် လွှတ်‌တော်ကိုယ်စားလှယ်များက ကျမ်းသစ္စာကျိန်ဆိုခြင်းနှင့် ဧရာဝတီတိုင်း‌ဒေသကြီး လွှတ်‌တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ များ‌ရွေးချယ်ခြင်း၊ လွှတ်‌တော်‌ရေး ရာ‌ကော်မတီများ ဖွဲ့စည်းခြင်းတို့ကို ပြုလုပ်သွားရန် ရှိ‌ကြောင်း သိရသည်။

ထို့အပြင် တတိယအကြိမ်‌မြောက် ဧရာဝတီတိုင်း‌ဒေသကြီး လွှတ်‌တော်အစည်းအ‌ဝေးမစတင်မီ ‌ရွေး‌ကောက်ပွဲအနိုင်ရ လွှတ်‌တော်ကိုယ်စားလှယ်များနှင့် ဧရာဝတီတိုင်း‌ဒေသကြီး NLD အလုပ်မှု‌ဆောင်‌ကော်မတီတို့ အစည်းအ‌ဝေးပြုလုပ်သွားရန် ‌ခေါ်ယူထား‌ကြောင်း အိမ်မဲမြို့ နယ်၊ တိုင်း‌ဒေသကြီး အမှတ်၂ ကိုယ်စားလှယ် မန်းမျိုးချစ်က ‌ပြောသည်။

“ကျ‌နော်တို့ကို ၆ ရက်‌နေ့အ‌ရောက်‌ခေါ်ထားတယ်။ ၂၆ မြို့နယ်က ကိုယ်စားလှယ်‌တွေနဲ့ တိုင်းအလုပ်အမှု‌ဆောင်အဖွဲ့အစည်းအ‌ဝေးလည်းရှိတယ်။ ‌နောက်သက်တမ်းအတွက် ပြင်ဆင်စရာ‌တွေလည်း ရှိတယ်‌လေ။ ကျ‌နော်တို့ ‌ဆွေး‌နွေးရမယ်။ ကိုယ့်မဲဆန္ဒရှင်‌တွေအတွက် အ‌ကောင်းဆုံးလုပ်ကိုင်‌ပေးသွားပါ့မယ်” ဟု ၎င်းက ဇန်နဝါရီ ၁၆ ရက်‌နေ့တွင် ‌ပြောသည်။

ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေအရ လွှတ်‌တော်အစည်းအ‌ဝေးများကို ‌ရွေး‌ကောက်ပွဲပြီး‌နောက် ရက်‌ပေါင်း ၉ဝ အတွင်း ‌ခေါ်ယူရမည်ဖြစ်ပြီး ပြည်သူ့လွှတ်‌တော်အစည်းအ‌ဝေး စတင်ကျင်း ပသည့်‌နေမှစ၍ ၁၅ ရက်အတွင်း တိုင်း‌ဒေသကြီးနှင့် ပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေးများ စတင်ကျင်းပရမည်ဖြစ်သည်။

ဧရာဝတီတိုင်း‌ဒေသကြီးလွှတ်‌တော်ကို တိုင်း‌ဒေသကြီးအတွင်းရှိ ၂၆ မြို့နယ်မှ အ‌ရွေးချယ်ခံ ကိုယ်စားလှယ် ၅၂ ဦး၊ ကရင်နှင့် ရခိုင်တိုင်ရင်းသား‌ရေးရာကိုယ်စားလှယ် နှစ်ဦး၊ တပ်မ‌တော်သားကိုယ်စားလှယ် ၁၈ ဦး စုစု‌ပေါင်း ကိုယ်စားလှယ် ၇၂ ဦးတို့ လွှတ်‌တော် အစည်းအ‌ဝေး တက်‌ရောက်ခွင့်ရှိ‌ကြောင်း လွှတ်‌တော်ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။