Home ရွေးကောက်ပွဲသတင်း တတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေး စတင်‌ခေါ်ယူ

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော်အစည်းအ‌ဝေး စတင်‌ခေါ်ယူ

1872

ဇန်နဝါရီ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌စောထွန်းလင်း

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်‌တော် ပထမပုံမှန်အစည်းအ‌ဝေးကို လာမည့် ‌ဖေ‌ဖေါ်ဝါရီ ၉ ရက်၊ နံနက် ၁ဝ နာရီတွင် ပြည်နယ်လွှတ်‌တော်ရုံး၌ စတင်ကျင်းပသွားရန် ဇန်နဝါရီ ၁၉ ရက်တွင် ပြည်နယ်လွှတ်‌တော်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ လွှတ်‌တော်အစည်းအ‌ဝေးကို ၂၀၂ဝ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရခဲ့သည့် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ်များနှင့် တပ်မ‌တော်သား လွှတ်‌တော်ကိုယ်စား လှယ်များ တက်‌ရောက်ခွင့်ရမည်ဖြစ်ကာ လွှတ်‌တော်‌ခေါ်ယူသည့်စာကို ရရှိပြီးဖြစ် သည်ဟု သံ‌တောင်ကြီးမြို့နယ် အမှတ် ၁ ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ‌စောခရစ္စတိုဖာက ‌ပြောသည်။
“ကျ‌နော့်ဆီကို အွန်လိုင်းကပို့‌ပေးတယ်။ ကျ‌နော့်‌နေရာက ပြည်နယ်တိုင်း ကိုဖြတ်ပြီး‌တော့မှ ဖားအံကိုသွားရမှာဆို‌တော့ မသွားခင် သံ‌တောင်ကြီးမှာပဲ ကိုဗစ်စစ်ပြီး‌တော့ သွားမယ်” ဟု ၎င်းက‌ပြောသည်။

၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲတွင် ကရင်ပြည်လွှတ်‌တော်အတွက် အမျိုးသား ဒီမိုက‌ရေစီအဖွဲ့ချုပ်က ၁၁ ‌နေရာ၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ၂ ‌နေရာ၊ ကရင်ပြည်သူ့ပါတီက ၁ ‌နေရာ အသီးသီးအနိုင်ရခဲ့ပြီး ဗမာနှင့် ပအိုဝ်းတိုင်းရင်းသားကိုယ်စားလှယ်‌နေရာများကို NLD က အနိုင်ရခဲ့သလို မွန်တိုင်းရင်းသား‌ရေးရာ ကိုယ်စားလှယ်‌နေရာကို မွန်ညီညွတ်‌ရေးပါတီက အသီးသီးအနိုင်ရခဲ့သည်။

ယခုလို ပြည်နယ်လွှတ်‌တော်‌နေရာအများစုကို အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့သည့်အတွက် လာမည့် တတိယအကြိမ် ပြည်နယ်လွှတ်‌တော်တွင်လည်း လွှတ်‌တော်ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌများကို NLD က ‌ရွေးချယ်ခန့်အပ်နိုင်သည့် အ‌ခြေအ‌နေရရှိမည်ဖြစ်သည်။

ဒုတိယအကြိမ် ပြည်နယ်လွှတ်‌တော်တွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ် ၁၃ ဦး၊ တပ်မ‌တော်သားကိုယ်စားလှယ် ‌ခြောက်ဦး၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီက ကိုယ်စားလှယ် သုံးဦးနှင့် ကရင်ပြည်သူ့ပါတီက ကိုယ်စားလှယ်တစ်ဦး စုစု‌ပေါင်း ၂၃ ဦးရှိခဲ့သည်။