Home ရွေးကောက်ပွဲသတင်း NLD အမတ်များ တိုင်းရင်းသားအ‌ရေးကို တင်ပြ‌ပြောဆိုပိုင်ခွင့်ရှိဟု ကရင်ဝန်ကြီးချုပ်‌ပြော

NLD အမတ်များ တိုင်းရင်းသားအ‌ရေးကို တင်ပြ‌ပြောဆိုပိုင်ခွင့်ရှိဟု ကရင်ဝန်ကြီးချုပ်‌ပြော

2975

ဒီဇင်ဘာ ၂၁ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

တန်းတူ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် စသည့် တိုင်းရင်းသားအခွင့်အ‌ရေးများနှင့် ပတ်သက် ပြီး NLD-အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်‌တော်အမတ်များအ‌နေဖြင့် တင်ပြ‌ပြောဆိုပိုင်ခွင့်ရှိသည်ဟု ‌ကေအိုင်စီသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ‌ပြောဆိုသည်။

NLD ၏ တိုင်းရင်းသားအမတ်များသည် ပါတီ၏ မူဝါဒ‌လောင်းရိပ်‌အောက်တွင် ပိတ်မိ‌နေခြင်း‌ကြောင့် တိုင်းရင်းသားအ ‌ရေးကို တင်ပြ‌ပြောဆိုခြင်းမရှိ‌ကြောင်း နိုင်ငံ‌ရေးအသိုင်းအဝိုင်းအချို့က သုံးသပ်‌ပြောဆိုချက်များနှင့် ပတ်သက်ပြီး ပြည် နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်က ဒီဇင်ဘာလ ၂ဝရက်‌နေ့တွင် ‌ကေအိုင်စီနှင့် သီးသန့်‌တွေ့ဆုံ‌မေးမြန်းရာ၌ ယင်းသို့ ‌ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“တခါမှ မ‌ပြောရဘူးလို့ မ‌ပြောထားဘူး။ ‌ပြောလို့ရတယ်။ တစ်ခုခုလိုအပ်တာရှိရင် ဒီလိုဒီလို‌ပေါ့။ ကိုယ်‌ပြောနိုင်တဲ့ အားအ‌ပေါ်မှာပဲ မူတည်တယ်။ နိုင်ငံ‌တော်အတိုင်ပင်ခံ(‌ဒေါ်‌အောင်ဆန်းစုကြည်)က‌လေ ကိုယ့်ဖက်က ‌သေ‌သေချာချာ မှန်မှန်ကန်ကန်၊ ခိုင်ခိုင်လုံလုံ‌ပြောရင် ရပ်တည်‌ပေးတယ်။”ဟု ဝန်ကြီးချုပ်က ‌ပြောသည်။

ထို့အပြင် ဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်ရာ၌ မိမိတို့ ကရင်ပြည်နယ်အ‌နေဖြင့်လည်း ဖက်ဒရယ်‌ပေးနိုင်‌လောက် သည့် အဆင့်သတ်မှတ်ချက်များ ရှိထားရန် လိုအပ်‌ကြောင်းလည်း ဝန်ကြီးချုပ်က ဖြည့်စွက် ‌ပြောဆိုသည်။

ဝန်ကြီးချုပ်က “ဖက်ဒရယ် ဆိုကတည်းက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရမယ်ဆို ကိုယ့်ဟာကိုယ် စပြီး လုပ်ရမယ်။ သူများကို ‌ပြော‌နေတဲ့အချိန်မှာ ကိုယ်ကလည်း အ‌ခြေခိုင်ထားရမယ်။ ကိုယ့်ပြည် ကိုယ့်နယ်ရှိပြီလား။ ကိုယ့်လုပ်ငန်း ကိုယ့်ဝင်‌ငွေနဲ့ ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ပြီလား။ ကိုယ့်စာ‌ပေ၊ ယဉ်‌ကျေးမှု ဘယ်အတိုင်းအတာရှိပြီလဲ။ အဲဒီလိုမျိုး ‌ပေါ့။”ဟု ‌ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်၏ ‌ပြောဆိုချက်အ‌ပေါ် ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းရာ KNDP ဥက္ကဌ မန်း‌အောင်ပြည်စိုးက NLD သည် တိုင်းရင်းသားများအ‌နေဖြင့် တိုင်းရင်းသားအ ‌ရေးအား မည်မျှအထိ တင်ပြ‌ပြောဆို၍ ရနိုင်မည်ကို မသိရှိရ‌ကြောင်း၊ တိုင်းရင်းသားပါတီများအ‌နေဖြင့်မူ မိမိတို့ တိုင်းရင်းသားတန်းတူ အခွင့်အ‌ရေးကိစ္စများအတွက် မည်သူ့ကိုမျှ ‌ထောက်ထားစရာမလိုဘဲ တည့်တည့်နှင့် ရိုးရိုးရှင်းရှင်း ‌ပြောသွားမည်ဖြစ်‌ကြောင်း ယခုလို မှတ်ချက်‌ပေး ‌ပြောဆိုသည်။

“တိုင်းရင်းသားနဲ့ ဗမာကြားမှာ ကွာဟမှု‌တွေ၊ နားလည်မှုအလွဲ‌တွေ ရှိ‌ကောင်းရှိမှာ‌ပေါ့။ အဲလိုရှိတဲ့အခါမှာ တိုင်းရင်းသား အ‌ရေးကိစ္စအတွက် တည့်တည့်နဲ့ ရဲရဲမှန်မှန် ‌ပြောလို့ရှိရင် သူတို့ရဲ့ အကျိုးစီးပွားကိုကြည့်ပြီး‌တော့ ထိန်းထိန်းသိမ်းသိမ်း နဲ့ ‌ပြောရလိမ့်မယ်လို့ထင်တယ်။ အ‌လေးအနက်ထား စဉ်းစားလိမ့်မယ်လို့ ယူဆရတယ်။”ဟု ‌ပြောသည်။

NLD ပါတီ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ‌ကြေညာစာတမ်းတွင် တိုင်းရင်းသားအ‌ရေးနှင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို ဦးစား‌ပေး ထားရာ၌ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်သည့် ဥပ‌ဒေနှင့် မြန်မာနိုင်ငံ၏ ‌ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီ‌သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(MSDP)တို့နှင့်အညီ ဖြစ်‌စေရန် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အ‌ရေးများကို ကာကွယ်‌စောင့်‌ရှောက် ‌ဆောင်ရွက်မည်ဟု ‌ပြောဆိုထားသည်။

အဆိုပါ‌ကြေညာစာတမ်းထဲတွင် ပါဝင်သည့် အချက် (၇)ချက်မှာ တန်းတူညီမျှ‌သော နိုင်ငံသားအခွင့်အ‌ရေးများနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိပြီး ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွှတ်‌ရေး၊ ချစ်ကြည်‌လေးစား‌ရေးနှင့် ယိုင်းပင်းကူညီ‌ရေးတို့ တိုးတက်ဖြစ်ထွန်း‌ရေး၊ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခ များ၏ အရင်းအမြစ်များကို ‌ဖြေရှင်းနိုင်ရန်၊ သဘာဝအရင်းအမြစ်မှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ်ပြည် ‌ထောင်စုနှင့်အတူ ‌ဒေသအလိုက် မျှတစွာ ခွဲ‌ဝေခံစားခွင့် ရရှိ‌ရေးတို့ ပါရှိသည်။

ထို့အပြင် ပြည်နယ်/တိုင်း‌ဒေသကြီးအားလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်‌ရေး၊ တိုင်းရင်းသားများ၏ စကား၊ စာ‌ပေ၊ အနုပညာ၊ ယဉ်‌ကျေးမှု၊ ရိုးရာဓ‌လေ့ထုံးတမ်းနှင့် အမျိုးသား‌ရေးလက္ခဏာနှင့် သမိုင်းအ‌မွေအနှစ်တို့ကို ထိန်းသိမ်း‌စောင့် ‌ရှောက်‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး၊ ပြည်‌ထောင်စုကြီး ငြိမ်းချမ်းသာယာ၊ ဖွံ့ဖြိုးတိုးတက်‌ရေးနှင့် တည်တံ့ခိုင်မြဲ‌ရေးတို့အ တွက် ပြည်‌ထောင်စုစိတ်ဓာတ် အ‌ခြေခံ၍ ထာဝစဉ်လက်တွဲ‌နေထိုင်‌ရေးတို့ ပါဝင်သည်။

NLD ပါတီသည် ၂၀၁၅နှင့် ၂၀၂ဝ ‌ရွေး‌ကောက်ပွဲများတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နှစ်ကြိမ်တိုင်တိုင် မဲအများစု ဖြင့် အနိုင်ရရှိခဲ့သည်။ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲပြီး‌နောက် NLD က “‌နောင် အနာဂတ် မြန်မာနိုင်ငံအတွက် ‌ရှေးရှုရမည့် ပြည်‌ထောင်စု အ‌ရေးကိစ္စ”ဟူ‌သော အ‌ကြောင်းအရာပါ စာတစ်‌စောင်ကို နိုဝင်ဘာ ၁၂ရက် ‌နေ့စွဲဖြင့် တိုင်းရင်းသားနိုင်ငံ ‌ရေးပါတီ ၄၈ပါတီထံ ‌ပေးပို့ခဲ့သည်။

လက်ရှိ ကရင်ပြည်နယ်ဝန်ကြီးချုပ်သည် ၎င်းတို့ပါတီ၏ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သကဲ့သို့ တိုင်းရင်း သားများနှင့် ဖက်ဒရယ်အ‌ရေးဆိုင်ရာ ချိတ်ဆက်‌ဆောင်ရွက်ရန် NLD ပါတီက ‌ရွေးချယ်ထားသည့် ‌ခေါင်း‌ဆောင် ၃ဦးထဲ တွင်လည်း ပါဝင်သည်။