Home သတင်း ‌ဂေဘားမျိုးနွယ်စုစာ‌ပေဖြင့် ကရင်နှစ်သစ်ကူး‌နေ့အ‌ကြောင်း စာစီစာကုံးပြိုင်ပွဲကျင်းပမည်

‌ဂေဘားမျိုးနွယ်စုစာ‌ပေဖြင့် ကရင်နှစ်သစ်ကူး‌နေ့အ‌ကြောင်း စာစီစာကုံးပြိုင်ပွဲကျင်းပမည်

2475
Photo: Geba Karen Affair Association

ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စဖန်း‌ရှောင်း

ဇွန်နဝါရီလ ၁၃ ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အားကြိုဆိုဂုဏ်ပြုသည့်အ‌နေဖြင့် ‌ဂေဘားကရင်စာ‌ပေဖြင့် ပါဝင်ယှဉ်ပြိုင်ရမည့် စာစီစာကုံးပြိုင်ပွဲတရပ်ကို ‌ဂေဘားကရင်စာ‌ပေ နှင့်ယဉ်‌ကျေးမှုအ သင်းမှပြုလုပ်သွားမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲအတွက် “ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ”စာစီစာကုံး‌ခေါင်းစဉ် တစ်မျိုးတည်းကိုသာ သတ်မှတ်‌ပေးထားခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်များအ‌နေဖြင့် အဂင်္လိပ်အက္ခရာ သို့မဟုတ် မြန်မာအက္ခရာဖြင့်‌ရေး သားသည့် ‌ဂေဘားကရင်စာနှင့် စ‌ကောကရင် စသည့်စာ‌ပေတစ်ခုခုဖြင့် ‌ရေးသားယှဉ်ပြိုင်ရမည်လည်း ဖြစ်သည်။

‌ဂေဘားကရင်စာ‌ပေ နှင့်ယဉ်‌ကျေးမှုအသင်း ဒုဥက္ကဋ္ဌ ‌နော်‌မေးလ်ထာ “ အဓိကက‌တော့ ကိုယ့်စာ‌ပေပိုမိုဖွံ့ဖြိုး တိုးတက်လာဖို့ရယ်၊ ရိုးရာယဉ်‌ကျေးမှု၊ ‌နေ့ထူး‌နေ့မြတ်နဲ့ကိုယ့် အလံ‌တော်အ‌ကြောင်း‌တွေ ပိုမိုသိရှိလာဖို့ ‌ပေါ့။ ‌နောက်ပြီး ကရင်အမျိုးသားနှစ်သစ်‌နေ့ကို ကြီးကြီးမားမားကျင်းပနိုင်တဲ့ အ‌ခြေအ‌နေမရှိတဲ့အခါကျ‌တော့ စာ‌ပေအ‌နေနဲ့‌ဆော်ဩ‌ပေးတာလည်းဖြစ်တယ်” ဟု ‌ပြောသည်။

ထို့အပြင် ယခုကဲ့သို့ပြိုင်ပွဲများကျင်းပ‌ပေးခြင်းဖြင့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အ‌ကြောင်း ပိုမိုသိရှိ လာမည်ဖြစ်ပြီး ‌ဂေဘားမျိုးနွယ်စုများအ‌နေဖြင့် ကရင်အမျိုးသား အလံ‌တော်‌အောက်မှာ သိက္ခာရှိရှိဖြင့်ရပ် တည်‌နေသည်ကို ပြသရာ‌ရောက်‌ကြောင်းလည်း ၎င်းကဆက်‌ပြောသည်။

ပြိုင်ပွဲဝင်စာစီစာကုံး‌ရေးသားယှဉ်ပြိုင်ရာတွင် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ရရှိရန်ကြိုးပမ်းခဲ့သည့် ပုဂ္ဂိုလ်များနှင့်၎င်းတို့၏ ကြိုးပမ်းမှုများ၊ နှစ်သစ်ကူး‌နေ့အသိအမှတ်ပြုခြင်းဥပ‌ဒေကြမ်းရရှိခဲ့ပုံနှင့် ခုနှစ် ၁၉၃၈ ခုနှစ်မတိုင်မီ ကရင်မျိုးနွယ်စုအသီးသီးတို့နှစ်သစ်ကူးကျင်းပခဲ့ကြပုံ၊ ၁၉၃၈ မှ ယ‌နေ့အထိကရင်နှစ်သစ်ကူး ပွဲ‌တော်ကျင်းပပုံစသည့်အချက်များပါဝင်ရမည်ဖြစ်သည်ဟုသိရသည်။

ထို့အပြင် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အသိအမှတ်ပြုခြင်းနှင့်အတူပူးတွဲရရှိ‌သောအခွင့်အ‌ရေးများအနက်“ ကရင်အမျိုးသားအလံ‌တော်”အ‌ကြောင်းနှင့် ကရင်နှစ်သစ်ကူး‌နေ့နှင့်စပ်လျဉ်းပြီး ယ‌နေ့မျက်‌မှောက် ထားရှိကြရ မည့်ကရင်အမျိုးသားစိတ်များအ‌ကြောင်းကိုပါ ထည့်သွင်း‌ရေးသားရမည်ဟု သတ်မှတ်ထားသည်။

အသက်အရွယ်ကန့်သတ်မထားသည့်ပြိုင်ပွဲဝင်လိုသူများအ‌နေဖြင့် လက်‌ရေးမူဖြင့် A4 စာမျက်နှာ ၅ မျက်နှာထက်မပို‌စေဘဲ မိမိတို့၏ ပြိုင်ပွဲဝင်စာစီစာကုံးများကို ‌တောင်ငူရှိ ‌ဂေဘားကရင်စာ‌ပေနှင့် ယဉ်‌ကျေး မှုအသင်းရုံးထံ ဇန်နဝါရီ ၅ ရက်‌နောက်ဆုံးထား‌ပေးပို့ရမည်ဖြစ်ပြီး ဆုရရှိသူများကို ဇန်နဝါရီလ ၁ဝ ရက်‌နေ့တွင် ထုတ်ပြန်‌ကြေငြာမည်ဟုသိရသည်။

အစိုးရအဆက်ဆက်မှ ‌ဂေဘားမျိုးနွယ်စုများကို ကယား(ကရင်နီ) လူမျိုးစု ‌အောက်တွင် မှားယွင်း ထည့်သွင်းခံ ရသည့်အ‌ခြေအ‌နေများဖြစ်‌ပေါ်ခဲ့သည့်အတွက် ‌ဂေဘားမျိုးနွယ်စုများ၏ ကန့်ကွက်မှုများဖြစ် ‌ပေါ်ခဲ့သလို ပြီးခဲ့သည့် ၂၀၁၄ နှင့် ၂၀၁၇ ခုနှစ်များတွင် စုံညီအစည်းအ‌ဝေးများ‌ခေါ်ယူကာ ‌ဂေဘားမျိုးနွယ်စုမှာ ကရင်မျိုးနွယ်စုဖြစ်‌ကြောင်း သတ်မှတ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။