လူငယ့်အသံ၊ လူငယ့်အမြင်
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ရက်နေ့ က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရမ်ဆစ် (Rangsit University ) နိုင်ငံတကာ တက္ကသိုလ်တွင် ကျောင်းဆင်းပွဲပြုလုပ်ခဲ့ရာတွင် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၃၁ ဦး ပြီးမြောက်အောင်မြင်သွားခဲ့သည်။ လက်ရှိ ကိုဗစ်ကာလအခက်အခဲကြောင့် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသား ၁ဝ ဦးသာ ဘွဲ့နှင်းသဘင်သို့ တက်ရောက်နိုင်ခဲ့သည်။
၎င်း အောင်မြင်သွားသည့် ကျောင်းသူ၊ ကျောင်းသား ၃၁ ဦးအနက် မြန်မာပြည်မှာ သွားရောက်တက် ရောက်သူများ အပါအဝင် ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းနှင့် နယ်စပ်ရွှေ့ပြောင်း ဒေသမှ တက်ရောက်အောင်မြင်သူများလည်း ပါဝင်ခဲ့ပြီး ၎င်းတို့၏ နိုင်ငံတကာပညာရေး သင်ယူလေ့ လာခဲ့ရသည့် အတွေ့အကြုံများကို ဆက်သွယ်မေး မြန်တင်ဆက်ထားခြင်းဖြစ်ပါသည်။
နော်မူးဒို ့(International Political Economy and Development)
နိုင်ငံခြားမှာ ပညာတော်သင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ တစ်နေ့ အမေဖြစ်စေချင်တဲ့ ပညာတတ်တစ် ယောက်ဖြစ်လာအောင် ကြိုးစားချင်တာရယ်၊ ပညာတွေရလာခဲ့ရင် ရတဲ့ပညာနဲ ့ကျမနဲ ့ ဘဝတူတွေကို တစ်နေ့နေ့မှာ ပြန်မျှဝေချင်တာရယ်ဖြစ်ပါတယ်။ ကျမနဲ ့ဘဝတူဆိုတာက ကျောင်းတက်ချင်ပေမယ့် ပညာတတ် ချင်ပေမယ့် အခွင့်အရေးနည်းတဲ့ သူတွေရယ်၊ အထူးသဖြင့် ထိုင်းနိုင်ငံမှာ လာပြီး ကျောင်းတက်ဖို ့အခွင့်အရေး လာရှာတဲ့သူတွေ၊ နယ်စပ်မှာနေနေရတဲ့သူတွေ၊ ဒုက္ခသည်စခန်းတွေမှာ နေနေရတဲ့သူတွေပေါ့။ သူတို့အတွက် ပြန်ပြီးလုပ်ပေးချင်တယ်။
ကိုယ့်ဒေသမှာဆို မိသားစုတွေနဲ ့အတူတူနေရတော့ အဆင်ပြေတာပေါ့။ အခုက ပတ်ဝန်းကျင်အသစ်မှာ တစ်ယောက်တည်း နေတတ်အောင်သင်ပြီးနေခဲ့ရတာပေါ့။ တခြားနိုင်ငံက လာတဲ့ ကျောင်းသားတွေနဲ ့ သူငယ်ချင်းတွေ လိုက်ပြီးဖွဲ ့ရတယ်။ သင်ကြားမှု အပိုင်းမှာဆိုရင်တော့ ဒီမှာက ကိုယ့်ဆီမှာထက်တော့ သင်ကြားမှု ပိုကောင်းတယ်။ ဒီမှာက Team work assignments (အဖွဲ့လိုက် စာစဉ်လုပ်ဆောင်ခြင်း)တွေ၊ Projects တွေ အများကြီးလုပ်ရပြီး challenges (စိန်ခေါ်မှု)တွေ ပိုများတယ်ပေါ့။ ဒါကလည်း ကောင်းတာ ပဲလေ။ ပိုပြီး သင်ယူရတယ်။
စိန်ခေါ်မှုက ကိုယ်တက်နေတာက International Program ဖြစ်ပေမယ့် ထိုင်းနိုင်ငံမှာဆိုတော့ ထိုင်းစကား မတတ်တဲ့အခါ ဘယ်သွားသွား အစပိုင်းမှာတော့ ခက်ခဲတယ်ပေါ့။ ပြီးတော့ မိသားစုနဲ ့ဝေးတဲ့ နေရာမှာ တစ်ယောက်တည်း နေရတဲ့အခါ ကိုယ့်လုံခြုံမှု ကိုယ်တာဝန်ယူရတယ်၊ Independent ဖြစ်အောင် ကြိုစားနေ ထိုင်ရတယ်၊ ပြီးတော့ လိုအပ်လာရင် မိသားစုက လာလို ့မလွယ်တဲ့ နေရာဆိုတော့ ကိုယ့်ပြဿနာ ကိုယ်ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရတယ်။
ဒီစိန်ခေါ်မှုတွေကို ကျော်ဖြတ်ဖို ့က အစကတော့ မလွယ်ဘူးပေါ့။ ထိုင်းစကားတွေလေ့လာတယ်၊ သွားတတ်၊ လာတတ် သွားတော့လည်း အဆင်ပြေသွားတာပဲ။ ဒီမှာရှိတဲ့ သူငယ်ချင်းတွေရလာတော့ အခက်အခဲ့ ရှိရင် အချင်းချင်း ဝိုင်းဝန်းကူညီ ဖြေရှင်းပေးကြတယ်။ ကြာတော့လည်း နေရာသစ်မှာ ပျော်သွားတာပဲ။ ကိုယ့်ကိုယ်ကို ဖြေသိမ့်ပြီး အားတင်းထားရတဲ့ အချိန်တွေလည်း ရှိတာပေါ့။ ဒါကလည်း အဝေးမှာ ကျောင်းတက်နေရတဲ့ သူတွေ ကြုံတွေရ စမြဲပါ။
အခုဆို ကိုဗစ်ကာလလည်းဖြစ်တော့ စိန်ခေါ်မှုတွေ ပိုများတယ်။ ကျောင်းက သင်ကြားမှုကလည်း အရင်လို ပုံမှန်မဟုတ်တော့ဘူး။ Zoom မှာ Online Learning ပဲလုပ်ရတယ်။ စာသင်ခန်းထဲသင်တာလောက်တော့ ထိရောက်မှုမရှိဘူး။
အခုက ထိုင်းမှာ အလုပ်ရလို ့ ပြန်လာရင်းနဲ ့ ကျောင်းဆင်းပွဲ တက်ရောက်နိုင်ခဲ့တယ်။ မဟုတ်ရင်တော့ ကိုဗစ်ကာလမှာ ထိုင်းပြန်လာဖို့က မလွယ်ဘူး။ ကျောင်းပြီးတော့ အခု အလုပ်လုပ်မယ်။ ၂နှစ်လောက် အတွေ ့ အကြုံယူမယ်၊ ပြီးတော့ Master Degree ပြန်တက်မယ်လို ့တော့ စဉ်းစားထားတယ်။ အနာဂတ်မှာ ဘယ်လို ဖြစ်လာမယ်တော့ မသိသေးဘူး။
ပညာရေးမှာ စိတ်အားထက်သန်ပေမယ့် အခုအချိန်မှာ အခွင့်အရေးမရှိသေးဘူး၊ ဘာလုပ်ရမလဲဆိုတာ မသိဘဲ စိတ်အားငယ်တဲ့သူတွေ၊ လမ်းပျောက်နေတယ်လို့ ခံစားနေရတဲ့ ညီငယ် ညီမငယ်တွေကို ကျမပြောချင်တာ ကတော့ စိတ်မလျှော့လိုက်ပါနဲ့ အရှူံးမပေးလိုက်ပါနဲ ့။ အခွင့်အရေးက အမြဲလာမှာပဲ။ ကြိုးစားမှုနဲ့ စိတ်အား ထက်သန်မှုကို အမြဲမွေးထားပါ။ ရည်မှန်းချက်ထားပါ၊ ပြီးတော့အမြဲတမ်းမျှော်လင့်ချက်ထားပါ။ ရတဲ့ အခွင့် အရေးကို ယူပြီး ရနိုင်သလောက်သွားပါ။ ပြီးရင် ဆက်သွားပါ။ ခက်ခဲမှုတွေကိုတော့ ကြုံရမှာပဲ။ ဒါပေမယ့် ကြိုးစား ကျော်ဖြတ်ပါ။ ဘယ်အရာမှ ကြိုးစားရင် မဖြစ်နိုင်တာမရှိဘူး။
ကြိုတင်ပြင်ဆင်မှုကတော့ လေ့လာမှုပေါ့။ ကိုယ်ဘယ်မှာ ကျောင်းသွားတတ်ချင်သလဲ။ ကိုယ်တက်ချင်တဲ့ ကျောင်းတက်ဖို ့ဘာတွေရှိဖို့လိုလဲ၊ ဘာတွေလိုအပ်လဲပေါ့။ ကိုယ့်မှာရှိပြီလားပေါ့။ ပြီးတော့ အတွေ ့အြ ကုံတွေ များများရှာထားပါ။ Volunteer တွေများများလုပ်ပါ။ အမြဲ active ဖြစ်ပါ။ participate များများ လုပ်ပါ။
စိုင်းမောဝ်းဆိုင် (Civil Engineering International)
နိုင်ငံခြားမှာ ပညာသင်ယူပြီး ကိုယ့်ပတ်ဝန်းကျင် ကိုယ့်နိုင်ငံအတွက် အကျိုးပြုနိုင်ဖို့အတွက် ဒီမှာ ပညာ တော်သင်ဖြစ်တာပါ။ မြန်မာနိုင်ငံရဲ့ Curriculum က မြင့်ပေမယ့် သင်ကြားရေးမှာ လိုအပ်ချက်တွေ ရှိပါသေးတယ်။ လက်တွေ့သင်ကြားမှုတွေ သိပ်မရှိဘူး၊ နိုင်ငံခြားကျောင်းတွေရဲ့ သင်ကြားမှုဟာ လက်တွေ့ကို အဓိက ထားပါတယ်။ စာကိုပဲ မှတ်မိအောင် သင်ကြားတာထက် သင်ယူထားတဲ့ ပညာတွေကို လက်တွေ့မှာ ဘယ်လို အသုံးချလို့ရတယ်ဆိုတာကို အဓိကထားပြီးသင်ကြားတာပေါ့။
ဒီမှာက အဓိက ကတော့ ဘာသာစကားမတူညီတဲ့ အခက်အခဲပါပဲ။ ကျနော်က ထိုင်းနိုင်ငံမှာ ကျောင်းတက်တော့ ထိုင်းစကားက နေ့စဉ်မသုံးမဖြစ် ဖြစ်နေတဲ့အတွက် လေ့လာရပါတယ်။ ထိုင်းစကားကို ကျောင်းမှာလည်း သင်ယူတယ်၊ အပြင်မှာလည်း သူငယ်ချင်းတွေနဲ့ အတူ လေ့လာပါတယ်။
ကိုဗစ်ကာလအတွင်း ပညာသင်ကြားရေးမှာ ပုံမှန် On Site Class က အဆင်မပြေတော့တဲ့အတွက် Online Class တွေနဲ့ စာသင်ဖြစ်ပါတယ်။ Online Class ဖြစ်တဲ့အတွက် အခက်အခဲတွေလည်း ရှိပါတယ်။ စာသင်တဲ့ အချိန်မှာ လိုင်းမကောင်းတာတွေကြောင့် စာသင်ယူတဲ့အချိန်မှာ သိပ်မထိရောက်နိုင်ဘူး။ အဲ့ဒါကြောင့် Online Class တွေနဲ့ စာသင်ဖြစ်ပေမယ့် ပိုပြီး အာရုံစိုက်ပြီး သေချာနားထောင်လေ့လာရတယ်။ မေးခွန်းရှိရင် ချက်ချင်း မေးတယ်၊ သူငယ်ချင်းတွေနဲ့ အတူတူဆွေးနွေးဖြစ်ပါတယ်။
ရှေ့ဆက်ပြီးတော့လည်း Master တက်ဖို့ အစီအစဉ်ရှိပါတယ်။ ကျောင်းဆက်တက်ဖို့ ပြင်ဆင်နေပါတယ်။ တကယ်လို့ နိုင်ငံခြားကျောင်းတက်ဖို့ ပြင်ဆင်နေတယ်ဆိုရင် ဘယ်ကျောင်းမှာပဲ တက်တက် ကိုယ့်ရည်ရွယ် ချက်ကိုမမေ့ဖို့လိုပြီး အကောင်းဆုံးကြိုးစားလိုတယ်။ ကိုယ်သင်ယူထားတဲ့ ပညာနဲ့ တိုင်းပြည်အတွက် ပတ်ဝန်းကျင်အတွက် အကျိုးပြုနိုင်အောင် ကြိုးစားစေချင်တယ်။ ပြီးတော့ ကိုယ်တကယ်စိတ်ဝင်စားတဲ့ မေဂျာကို အရင်ဆုံးသေချာရွေးချယ်စေချင်တယ်။ ကျောင်းကိုလည်း သေချာရွေးချယ်ပါ ၊ ကျောင်းလျှောက်တဲ့ Process တွေကိုလည်း ကြိုတင်လေ့လာထားစေချင်တယ်။
ဘူလူ (International Business administration)
ကျမနိုင်ငံခြားမှာ ပညာတော်သင်ဖြစ်တဲ့ အကြောင်းက ကိုယ့်ရဲ့ community ကို အနာဂတ်မှာ တထောင့်တစ် နေရာမှာ အကျိုးပြုနိုင်သူ ဖြစ်စေဖို့ ရည်ရွယ်ချက်နဲ ့ ရွေးချယ်ခဲ့တာပါ။ ဒီမှာတက်တော့ ကျမအနေနဲ ့တော့ အတွေ ့အကြုံ အများကြီးရတယ်။ ဒီလိုကိုယ့်နိုင်ငံ ကိုယ့်ဒေသ နဲ့ မတူဘဲ ပညာသင်ရတာ ကွာခြားမှု အများကြီး ရှိတယ်။ ကျမအနေနဲ ့ ပြောရရင် ပညာသင်တဲ့ နည်းပညာနဲ့ ပညာရေး စနစ်တွေမှာလည်း ကွာခြားမှု တွေလေ့လာမိတာရှိတယ်။ ဒီမှာ ကျောင်းတက်ရတာက activities တွေများတယ်။ ပြီးတော့ စာတစ်ခုပဲ မသင် ဘဲနဲ ့ project တွေလည်းလုပ်ရတယ်။ အဲ့ဒီကလည်းအတွေကြုံ တွေ ့ရတယ်။ ကိုယ့်ရဲ့ သူငယ်ချင်း တွေကလည်း မြန်မာ ပြည်ကတိုင်းရင်းသားတွေရော အခြားနိုင်ငံကလာတဲ့ လူမျိုးတွေနဲ ့စာသင်ရတာ ကျမအတွက်တော့ အတွေ ့ အကြုံသစ် တစ်ခုလည်းဖြစ်ပါတယ်။
ကျမအတွက်တော့စိန်ခေါ် မှုတွေက ဘာသာစကား နဲ ့ culture မတူညီတဲ့ အမြင်တွေဖြစ်ပါတယ်၊ ဘာလို ့လဲ ဆိုတော့ ထိုင်းစကားက ကျမတို ့ရဲ့ မိခင် ဘာသာစကားမဟုတ်ဘူးလေ။ အဲ့ဒီ စကားကလည်း ကိုယ်အရင်က မသင်ကြားခဲ့ဖူးဘူးဆိုတော့ အခက်အခဲရှိခဲ့ပါတယ်။ ခုနက ကျမပြောသလိုပေါ့။ ကျောင်းသားတွေက နိုင်ငံ အသီးသီးက ပညာလာသင်တာဆိုတော့ သူတို ့ ကိုယ်စီ culture တွေက မတူညီကြဘူး။ တစ်ခါ တစ်လေ နာလည်းမှုတွေလည်း ကွာခြားကြတယ်။ စကားပြောတာကအစ အစားအစာ နဲ ့ ဝတ်စားဆင်ရင်မှုက မတူညီကြဘူး။ ကျမအနေနဲ ့တော့ အခက်အခဲတွေဘယ်လောက်ဘဲ ရှိနေပါစေ အရာရာတိုင်းကို ကျမ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိနဲ ့ စိတ်ဓါတ် မကျဘဲ ပိုကြိုးစားခဲ့တယ်။ ပြီးတော့ အရာရာကို လက်ခံနိုင် အောင်ကြိုးစားခဲ့တယ်။
အရင်တုန်းကဆို ကျမတို ့ က အတန်းထဲမှာပဲစာသင်ကြရတာ။ ကျောင်းဆိုလည်း နေ့တိုင်း သွားရတာပေါ့။ မတ် (စ်) mask တွေဘာတွေလည်း ကျမတို ့တပ်စရာ မလိုဘူးလေ။ အရာအားလုံးက လွတ်လပ်တယ်။ ဒီလို ကိုဗစ်ကာလ ရောက်တော့ စိန်ခေါ်မှုတွေအများကြီး ရှိတယ်။ အတန်းသွားစရာလည်းမလိုဘူး။ စာသင်မှု စနစ်ကတော့ online ကနေစာတွေသင်ယူခဲ့ရတယ်။ ဒီလို online စာသင်ရတဲ့ အတွက်ခက်ခဲမှု တွေအများကြီး ရှိပါတယ်။ စာသင်ကြားမှုတွေလည်း အတန်းထဲမှာ သင်ကြားရတာထက် ထိထိ ရောက်ရောက်မရှိဘူးလေ။ ဆိုတော့ အခက်အခဲဖြစ်တာပေါ့။ အဲ့ဒါကြောင့် စာကိုပိုအာရုံစိုက်ပြီး ပိုကြိုးစားခဲ့ရတယ်။
ကျမ အခုလက်ရှိမှာလည်း community မှာ volunteer လုပ်နေပါတယ်။ အနာဂတ်မှာတော့ ကျမကျောင်း ဆက်တက်ဖို ့ အစီစဉ်ရှိပါတယ်။ နောက်ပြီး နိုင်ငံခြား ကျောင်းတွေမှာ ပညာဆက်သင်ယူချင်တဲ့ ညီငယ် ညီမ တွေကို ကျမတိုက်တွန်းချင်တာကတော့ အခုလက်ရှိ သူတို့တွေရောက်နေတဲ့နေရာမှာ ကြိုးစားစေချင်ပါတယ်။ သူတို ့တွေကိုလည်း နိုင်ငံခြားကနေ ကောင်းမွန်တဲ့ဗဟုသုတတွေကိုရှာစေချင်ပါတယ်။ ပြီးတော့ အနာဂတ်မှာ အလုပ်ကောင်းရနိုင်ဖို ့ပညာရေးမှာ ပိုပြီးကြိုးစားဖို ့ပြောချင်ပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ ့ တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကိုယ့် community ကိုကူညီနိုင်ဖို ့ နိုင်ငံတကာနဲ့ရင်ဘောင်တန်း နိုင်ဖို ့ ဆက်ပြီးတိုက်တွန်းချင်ပါတယ်။