Home တွေ့ဆုံမေးမြန်းခန်း 2020 Human Rights Tulip ဆုရှင် ‌စောအယ်‌စေးနှင့် အ‌မေးအ‌ဖြေ

2020 Human Rights Tulip ဆုရှင် ‌စောအယ်‌စေးနှင့် အ‌မေးအ‌ဖြေ

2316

“ဒီ‌မြေယာကိစ္စနှင့် ပတ်သက်ပြီး အစိုးရအ‌နေနဲ့ ကိုင်တွယ်‌ဖြေရှင်းလို့မရဘူးဆိုရင် ပြည်‌ထောင်စုအဆင့် အထိ ‌ဖြေရှင်း ညှိနှိုင်းဖို့ လိုအပ်ပါတယ်။ ဒီကိစ္စဟာ အရမ်းခက်ခဲနက်နဲတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်။ ‌သေ‌သေချာချာ ကိုင်တွယ် ‌ဖြေရှင်းဖို့ အ‌ရေးတကြီးလိုအပ်ပါတယ်” ‌စောအယ်‌စေး (2020 Human Rights Tulip ဆုရှင် )

2020 Human Rights Tulip ဆုရှင် ‌စောအယ်‌စေးနှင့် အ‌မေးအ‌ဖြေ

ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။

‌မြေယာ ရပိုင်ခွင့်အတွက် ကရင်နီ(ကယား)ပြည်နယ်အတွင်း တက်ကြွလှုပ်ရှား‌နေသူ ‌စောအယ်‌စေးအား နယ်သာလန် သံရုံးမှ ၂၀၂ဝခုနှစ်အတွက် လူ့အခွင့်‌ရေးဆိုင်ရာ ကျူးလစ်ဆု(2020 Human Rights Tulip Award)ကို ‌ပေးအပ်ခဲ့သည်။ ၎င်းဆုရရှိခြင်းနှင့် ပတ်သက်ပြီး ‌မြေယာအခွင့်အ‌ရေးအတွက် ၎င်း၏ ပါဝင်လှုပ်ရှားဖြစ် ပုံအ‌ခြေအ‌နေနှင့် ‌မြေယာ အခွင့် အ‌ရေးဆိုင်ရာ အမြင်သ‌ဘောထားများကို ကျူးလစ်ဆုရှင် ‌စောအယ်‌စေးအား ဆက်သွယ်‌မေးမြန်းထားပါသည်။
‌မေး – အခု ရရှိတဲ့ဆုနှင့်ပတ်သက်ပြီး ရှင်းပြ‌ပေးပါအုံး။

ဒီကျူးလစ်ဆုဟာဆိုရင် နယ်သာလန်နိုင်ငံက ချီးမြှင့်တဲ့ဆုဖြစ်ပါတယ်။ ဒီဆုကို နှစ်တိုင်း‌ပေးတာ ဖြစ်တယ်၊ ဒီနှစ်မှာ ကျ‌နော် ရရှိတာ‌ပေါ့။ ဒီဆုကို ‌ပေးရတဲ့ရည်ရွယ်ချက်က‌တော့ လူ့အခွင့်‌ရေးဆိုင်ရာလှုပ်ရှားသူ‌တွေကို ‌ပေးအပ်ခြင်း ဖြစ်တယ်။ ဒီနှစ်မှာ‌တော့ သူတို့အဖွဲ့က ‌မြေယာပိုင်ဆိုင်မှုနဲ့ လူ့အခွင့်အ‌ရေးနဲ့ ပတ်သက် လှုပ်ရှားတဲ့ဟာကို Highlight လုပ်ပြီး ‌ရွေးချယ်တယ်။

‌မေး – လူ့အခွင့်အ‌ရေး ဆိုင်ရာလှုပ်ရှားမှုကို ဘယ်အချိန်တုန်းက စတင်လှုပ်ရှားခဲ့လဲ။
အခုအချိန်မှာ‌တော့ ကျ‌နော်က Kayah Earthrights Action Network – KEAN မှာ ကျ‌နော်ကူညီလုပ်‌ဆောင်‌နေပါတယ်။ ကျ‌နော်တို့အဖွဲ့အစည်းက‌တော့ ၂၀၁၉ နှစ်မှာ စတင်တည်‌ထောင်ပြီး‌တော့ ဒီကရင်နီ (ကယား) ပြည်နယ်မှာပဲ အ‌ခြေ စိုက်ပါတယ်။ ကျ‌နော်တို့အဖွဲ့ရဲ့လှုပ်ရှားမှု‌တွေက‌တော့ ‌မြေယာအ‌ရေး၊ သဘာဝပတ်ဝန်းကျင်၊ မိုင်းရှင်းလင်းပ ညာ‌ပေး ဆိုင်ရာ ဒီဟာ‌တွေ ကိုအခုကျ‌နော်တို့ ဒီကယား ပြည်နယ်အတွင်းမှာ လုပ်‌ဆောင်‌နေပါတယ်။ ဒါ‌ပေမဲ့ ‌ပေါ်လစီအရ ကျ‌နော်တို့က ဒီပြည်‌ထောင်စု‌အောက်‌ခြေအဆင့်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်း‌တွေနဲ့ ကျ‌နော်တို့ပူး‌ပေါင်းလုပ် ‌ဆောင်‌နေပါတယ်။

‌မေး – လူ့အခွင့်အ‌ရေး လှုပ်ရှားမှုလုပ်‌ဆောင်တဲ့‌နေရာမှာ ကြုံ‌တွေ့ရတဲ့စိန်‌ခေါ်မှုက ဘာ‌တွေရှိမလဲ။
အရင်တုန်းကဆိုရင် ကျ‌နော်က ဘာသာ‌ရေးအဖွဲ့အစည်းတစ်ခုမှာ ပါဝင်လုပ်‌ဆောင်တယ်၊ ‌နောက်ပိုင်း လူ့အခွင့်‌ရေး ဆိုင်ရာချိုး‌ဖောက်မှုလုပ်ရပ်‌တွေကို ကြုံ‌တွေ့ရတာများလာ‌တော့ ပါဝင်ပြီး ကူညီချင်စိတ်‌ပေါ် ‌ပေါက်လာတယ်။ အဲမှာမှ တဆင့်ပါဝင် လှုပ်ရှားဖြစ်သွားတာပဲ။ လှုပ်ရှားမှုအပိုင်းမှာ‌တော့ စိန်‌ခေါ်မှု‌တွေ အများကြီးရှိပါတယ်။ လူ့ အရင်းအမြစ်ဖြစ်‌စေ၊ အခြားအရင်းအမြစ်‌တွေဖြစ်‌စေ၊ လှုပ်ရှားမှုအပိုင်းမှာဆိုရင် အစိုးရ‌တွေရဲ့ နည်းဥပ‌ဒေ‌တွေ၊ အစိုးရ‌တွေရဲ့ဖိအား‌ပေးမှု‌တွေလို စိန်‌ခေါ်မှုကြီး‌တွေကိုရင်ဆိုင်ရတယ်။ သူတို့ရဲ့ Rule of Law (တရားဥပ‌ဒေ စိုးမိုးမှု)‌တွေက ရှိ‌နေ‌ပေမယ့်လည်း ကျ‌နော်တို့ရဲ့လုပ်‌ဆောင်မှု‌တွေကို‌ရှေ့ ဆက်ပြီး‌တော့ ဆက်သွားမှာပါ။ သူတို့က‌တော့ ကျ‌နော်တို့ရဲ့လုပ်‌ဆောင်မှု‌တွေကို အမြဲတန်းကြည့်‌နေပါတယ်။ ဒီစိန်‌ခေါ်မှု‌တွေက ကျ‌နော်တို့ အခုမှကြုံ‌တွေ့ရတာ မဟုတ်ပါဘူး၊ ဟိုအရင်ကတည်းကပါ။
‌မေး- ဒီဆုရရှိခြင်း‌ကြောင့် ‌ရှေ့ဆက်‌မြေယာအခွင့်အ‌ရေးဆိုင်ရာ လှုပ်ရှား‌ဆောင်ရွက်မှုအတွက် ဘယ်လို တွန်းအား ‌တွေရရှိ‌စေသလဲ။

ဒီဆုကို ရရှိတဲ့အ‌ပေါ်မှာ အကျိုးသက်‌ရောက်မှု‌တွေ အများကြီးရှိပါတယ်၊ သူတို့အဖွဲ့အစည်းက ကျ‌နော်တို့ရဲ့ လုပ်‌ဆောင်မှု‌တွေကို အသိအမှတ်ပြုတယ်။ ကျ‌နော်တို့အဖွဲ့အစည်းတစ်ခုထဲမှ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံးနဲ့ ပတ်သက်တဲ့‌မြေယာဆိုင်ရာကိစ္စရပ်‌တွေဟာ အလွန်အ‌ရေးပါတဲ့ကိစ္စတစ်ရပ်ဖြစ်တယ်။ ‌နောက် ကျ‌နော်တို့ နှင့် ပူး‌ပေါင်းလုပ်‌ဆောင်တဲ့အဖွဲ့အစည်းအားလုံးကိုလည်း အသိအမှတ်ပြုတယ်။ ‌နောက်တစ်ခုက ကျ‌နော်တို့ မြန်မာနိုင်ငံထဲမှာ ၇၀%‌ကျော်‌လောက်က လယ်ယာလုပ်ငန်း ကိုလုပ်‌ဆောင်‌နေတဲ့ ‌တောင်သူ လယ်သမား‌တွေ ဖြစ်တယ်။ သူတို့‌တွေရဲ့အခွင့်အ‌ရေးဟာလည်း အ‌ရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုဖြစ်တယ်။ သူတို့အဖွဲ့အစည်းက ကျ‌နော်တို့ရဲ့ လုပ်‌ဆောင်မှုကိုအသိအမှတ်ပြု‌တော့ ကျ‌နော်တို့‌ရှေ့ ဆက်လုပ်‌ဆောင်ရမယ့် အလုပ်‌တွေအတွက် အင်အားအရမ်းဖြစ်‌စေပါတယ်။

‌မေး- ယခုလက်ရှိ ကရင်နီ(ကယား) ပြည်နယ်မှာ ကြုံ‌တွေ့‌နေရတဲ့ ‌မြေယာဆိုင်ရာပြဿနာ‌တွေက ဘယ်လိုပုံစံ မျိုး‌တွေလဲ။
ကရင်နီ(ကယား)ပြည်နယ်မှာ‌တော့ ‌မြေယာကိစ္စရပ်‌တွေက အချိန်ကြာလာတာနဲ့အမျှ ပိုပြီးရှုပ်‌ထွေးလာတယ်။ အရင်ကဆိုရင် အစိုးရစစ်တပ်‌တွေကို အတင်းအဓမ္မသိမ်းယူတဲ့ ကိစ္စရပ်‌တွေကို လုပ်‌ဆောင်‌နေတာ ယ‌နေ့ အထိပါပဲ။ ယခုအချိန်မှာဆိုရင် သူတို့က Law Policy နဲ့သုံးပြီးကျ‌နော်တို့ရဲ့ ‌မြေယာ‌တွေကိုအတင်း ရယူဖို့ လုပ်‌ဆောင်‌နေတာ ယ‌နေ့အထိတိုင်ပဲ။ ပြီးခဲ့တဲ့ NLD အစိုးရ တက်တဲ့အချိန်မှာလည်း ဒီ‌မြေယာကိစ္စ‌တွေဟာ ‌တော်‌တော်‌လေးရှုပ်‌ထွေးတာကို‌တွေ့ရတယ်။ ‌နောက်တစ်ခုကသဘာဝ သယံဇာတ‌တွေကို ထုတ်ယူတာလည်း ဒီကိစ္စရပ်‌တွေက နည်းပါးလာတာကို မ‌တွေ့ရဘူး။ ဒီအရာ‌တွေက ပိုပြီးများပြားလာဖို့အ‌ခြေအ‌နေမှာရှိတယ်၊ ဘာ‌ကြောင့်လဲဆို‌တော့ အခုလက်ရှိ မြန်မာအစိုးရဟာ စီးပွား‌ရေး၊ ကုန်သွယ်‌ရေးအပိုင်း‌တွေမှာ လက်မှတ်ထိုး ထားရတာအများကြီးရှိတယ်။ ဒီအရာ‌တွေက နှစ်ကြာလာတာနဲ့အမျှ ပိုပိုပြီးများလာမှာ‌သေချာတယ်။

‌မေး – ဒီ‌မြေယာပိုင်းဆိုင်ရာပြဿနာ‌တွေဖြစ်ရတဲ့ အဓိက အ‌ကြောင်းအရင်းက ဘာ‌တွေဖြစ်မယ်လို့ ယူဆလဲ။
ကျ‌နော်တို့ ပြန်ကြည့်ရမယ်ဆိုရင် မြန်မာပြည်ကို ဗြိတိသျှအစိုးရလက်က‌နေပြန်ရပြီး‌နောက် ယခု လက်ရှိအချိန်ထိ ပြည်တွင်းစစ်ဖြစ်‌နေတာက အနှစ်(၇၀)‌တောင် ‌ကျော်သွားပြီး။ ဒါ‌တွေအားလုံးဟာ ‌မြေယာကိစ္စရပ်နဲ့ ဆိုင်တယ်။ ‌နောက် သဘာဝသယံဇာတ‌တွေနဲ့ ဆိုင်တယ်။ ဒါ‌ကြောင့် နိုင်ငံတစ်နိုင်ငံမှာ ငြိမ်းချမ်း‌ရေး အမှန် တကယ်လိုချင်ရင် ‌မြေယာ ကိစ္စညှိနှိုင်းမှု‌တွေကို ‌သေ‌သေချာချာလုပ်‌ဆောင်ရမယ်၊ မဟုတ်ဘူးဆိုရင် ‌ရှေ့ဆက်နိုင်ငံတိုးတက်မြင့်မားဖို့အတွက် ခက်ခဲလိမ့်မယ်။ ဒီဟာကို သီးခြား ခွဲခြားထားလို့မရဘူး။ အနီးစပ်ဆုံး ပြန်ကြည့်ရရင် လူ့အခွင့်‌ရေးဆိုင်ရာဖြစ်‌စေ၊ Social Right/Social personal right ဒီအရာ‌တွေက အရင်းအမြစ်‌တွေ ဖြစ်တယ်။ ဒီအရာ‌တွေကို စီမံကိုင်တွယ်ဖို့လိုအပ်ပါတယ်။

‌မေး – ဒီပြဿနာ‌တွေက ဒီအတိုင်းပဲဆက်ဖြစ်‌နေမယ်ဆိုရင် ပြည်သူလူထု‌တွေအတွက် ဘယ်လိုထိခိုက်နစ်နာ မှု‌တွေ ဖြစ်‌စေမလဲ။
ပြည်သူလူထု‌တွေဟာ ‌မြေယာအခွင့်အ‌ရေးရှိဖို့လိုတယ်။ ဒီအရာ‌တွေမရှိဘူးဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသား တစ်ဦးမ ဟုတ်‌တော့ဘူး။ ‌နောက် အစိုးရပဲဖြစ်ဖြစ်၊ စစ်တပ်ကပဲဖြစ်ဖြစ် ကျ‌နော်တို့ရဲ့ ‌မြေယာကို သိမ်းယူလိုက်တဲ့အ‌ပေါ်မှာ ကျ‌နော်တို့က‌မြေယာတစ်ခုထဲ ဆုံးရှုံးသွားတာမဟုတ်ဘူး။ ‌မြေယာအပြင် ကျ‌နော်တို့ရဲ့ လူမှုပတ်ဝန်းကျင်၊ ဓ‌လေ့ရိုးရာနဲ့ သဘာဝပတ်ဝန်းကျင် စတာ‌တွေအားလုံးကို ကျ‌နော်တို့က ဆုံးရှုံးလိုက်ရတယ်၊ ဒါ‌တွေက ကျ‌နော်တို့ အတွက် အရမ်းအ‌ရေးကြီးတယ်။ ‌နောက်ကျ‌နော်တို့ ဌာ‌နေ တိုင်းရင်းသား‌တွေအတွက်ဆိုရင် အစိုးရဖက်က Land Law (‌မြေယာဥပ‌ဒေ)‌တွေ ‌ရေးဆွဲပြဌာန်းထားတာ ရှိတယ်။ ဒါ‌ပေမယ့် အဲ့အရာ‌တွေက ကျ‌နော်တို့ကို ‌ဖြေသိမ့် ‌ပေးရုံသက်သက်ပါ။ ကျ‌နော်တို့‌တွေက ‌မြေကြီး‌ပေါ်မှာ ‌နေထိုင်အသက်ရှင်တဲ့ လူ‌တွေဖြစ်တဲ့အတွက်‌ကြောင့် ကျ‌နော်တို့ရဲ့အခွင့်အ‌ရေးကို‌တော့ ပန်းတိုင်မ‌ရောက်မချင်း ‌တောင်းဆိုသွားရမှာပဲ။

‌မေး – ဒီ‌မြေယာပြဿနာကိစ္စရပ်များ‌ဖြေ‌လျှော့နိုင်ဖို့ဆိုရင် အစိုးရတာဝန်ရှိ‌တွေကို ဘယ်လိုကိုင်တွယ်‌ဖြေရှင်းဖို့ ‌တောင်းဆိုချင်လဲ။
ကျ‌နော်တို့က ဌာ‌နေတိုင်းရင်းသားအ‌နေနဲ့‌ပြောရရင်‌တော့ NLDအစိုးရဟာ အမှန်တကယ် စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို လိုချင်တယ်ဖြစ်‌စေ၊ အမျိုးသားပြန်လည်သင့်မြတ်‌ရေးဖြစ်‌စေ၊ ‌မြေယာပိုင်ဆိုင်ရာကိစ္စရပ်တစ်ခုကို အစိုးရ အ‌နေနဲ့ အ‌ရေးတကြီး လုပ်‌ဆောင်ရမယ့်ကိစ္စတစ်ရပ်အဖြစ် လာမယ့်အနာဂတ်မှာ ဦးစား‌ပေးမှုအဖြစ် သတ်မှတ်ထားရမယ်။ ဒီ‌မြေယာကိစ္စနှင့် ပတ်သက်ပြီး အစိုးရအ‌နေနဲ့ကိုင်တွယ်‌ဖြေရှင်းလို့မရဘူးဆိုရင် ဒီဟာကို ပြည်‌ထောင်စုအဆင့်အထိ ‌ဖြေရှင်း ညှိနိုင်းဖို့ လိုအပ်ပါတယ်။ ဒီကိစ္စဟာအရမ်းခက်ခဲနက်နဲတဲ့ ကိစ္စတစ်ရပ် ဖြစ်တယ်။ ‌သေ‌သေချာချာ ကိုင်တွယ် ‌ဖြေရှင်းဖို့ အ‌ရေးတကြီးလိုအပ်ပါတယ်။ တစ်ဖက်မှာက‌တော့ ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးတာ‌တွေရှိတယ်။ ‌နောက်ဒီ‌မြေ ယာပိုင်းဆိုင်ရာမှာ‌တော့ ယခုအချိန်ထိ‌ဆွေး‌နွေးတိုင်ပင်အ‌ကောင်အထည်‌ဖော် ‌ဆောင်မှု‌တွေကိုမ‌တွေ့ရ‌သေးဘူး။