Home ဆောင်းပါး ဘယ်လိုမှ ‌နောက်ဆုတ်လို့မဖြစ်ဘူး တည်ကြည် တိကျ မြဲမြံစွာ ရပ်တည်ပါ

ဘယ်လိုမှ ‌နောက်ဆုတ်လို့မဖြစ်ဘူး တည်ကြည် တိကျ မြဲမြံစွာ ရပ်တည်ပါ

2434
ဘယ်လိုမှ ‌နောက်ဆုတ်လို့မဖြစ်ဘူး တည်ကြည် တိကျ မြဲမြံစွာ ရပ်တည်ပါ
‌မောင်‌ကျော်စွာ

(၂၀၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာ ၁၂ရက်)

သူတို့ ထိပ်တိုက်‌တွေ့‌နေကြပြီ။
– (၃၀-၁၁-၂၀၂၀) ရက်‌နေ့ တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေး အဖွဲ့ – “သ‌ဘောထားထုတ်ပြန်ချက်”
– (၇-၁၂-၂၀၂၀) ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်- “သက်‌သေခံဥပ‌ဒေပုဒ်မ ၇၄ နှင့် ၇၆ တို့အရ ညွှန်ကြား‌ပေးပါရန် ကိစ္စနှင့်စပ်လျဉ်း၍ အသိ‌ပေး‌ကြေညာချက်ထုတ်ပြန်ခြင်း
– (၁၀-၁၂-၂၀၂၀) တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့- “ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်ချက်နှင့် စပ်လျဉ်း၍ သ‌ဘောထားထုတ်ပြန်ချက်”

အထက်မှာ ‌ဖော်ပြထားတဲ့ ပူးတွဲပါရက်စွဲများအတိုင်း ‌ကြေညာချက်များ အပြန်အလှန် ထုတ်ပြန်ကာ ပြည် ‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နှင့် စစ်တပ်တို့ “ထိပ်တိုက်”‌တွေ့‌နေကြပါပြီ။ ထိုသို့ ထိပ်တိုက်‌တွေ့‌နေမှု‌တွေကို ‌လေ့လာစူးစမ်းကြည့်ကြပါစို့။

တကယ်‌တော့ “ဒီယုန်မြင်လို့ ဒီခြုံထွင်တယ်” ဆိုတဲ့စကားလိုပါပဲ။ စစ်တပ်ဘက်က ၂၀၂ဝ ပြည့် အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲ မတိုင်မီကတည်းက ဒီလို ထိပ်တိုက်‌တွေ့နိုင်ဖို့ ‌ခြေလှမ်း‌တွေပုံစံမျိုးစုံနဲ့ လှမ်းထားတာပါ။ သာဓကအား ဖြင့် “တိုင်းမှူးများအား (VTC)မှတဆင့် ကာချုပ်ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင် ‌တွေ့ဆုံ‌ပြောကြားချက်၊ ကာချုပ်နဲ့ ‌ပေါ် ပြူလာနယူးစ်ဂျာနယ်နဲ့ အင်တာဗျူး”‌တွေကို ‌ဗြောင်ကျကျ ‌တွေ့နိုင်ပါတယ်။ ဒီဖြစ်ရပ်‌တွေက အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ မကျင်းပမီ နိုဝင်ဘာလ ၅ရက်‌နေ့က ဖြစ်ပါတယ်။

ဒီထက်ပို‌စောတဲ့ ဖြစ်ရပ် ၂ခုလည်း ရှိပါ‌သေးတယ်။ ပထမတစ်ခုက တပ်တွင်းမဲရုံ‌တွေ တပ်ပြင်ထုတ်‌ပေးရတဲ့ ကိစ္စပါ။ ဒီကိစ္စကို စစ်တပ်ဘက်က အ‌တော်ခံပြင်းနာကျည်းပုံ ‌ပေါ်ပါတယ်။

ဒုတိယတစ်ခုက‌တော့ (၁၄-၈-၂၀၂၀)ရက်‌နေ့မှာ ကာချုပ်နဲ့ နိုင်ငံ‌ရေးပါတီ ၃၄ပါတီ ‌တွေ့ဆုံမှုက‌နေ စတင်လာ တဲ့ဖြစ်ရပ်ပါ။ အဲဒီပွဲက‌နေ “ဘာမဆိုလုပ်ရဲတယ် – မလုပ်ရဲတာ ဘာမှမရှိဘူး” စကားနဲ့ အဲဒီ ၃၄ပါတီနဲ့‌တွေ့ဆုံပွဲမှာ ကာချုပ်‌ပြောတဲ့စကား‌တွေထဲက “အချက် ၆ချက်”ပါတဲ့ ‌ကောက်နုတ်ချက်ဆိုတာလည်း ‌ပေါ်ထွက်လာခဲ့တာပါ။ အဲဒီ ကာချုပ်‌ပြောကြားချက်ကို ‌နောက်တစ်‌နေ့ (၁၅-၈-၂၀၂၀) စစ်တပ်ပိုင်မြဝတီသတင်းစာ၊ ‌နောက်‌ကျောဖုံးမှာ “၂၀၂ဝ ပြည့်‌ရွေး‌ကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်များကို ‌ရွေးချယ်ရာ၌”ဆိုတဲ့ ‌ခေါင်းစဉ်တပ်ပြီး ‌ဖော်ပြခဲ့ပါတယ်။ ကျ‌နော့် မှတ်စုအရ‌တော့ (၁၅-၈-၂၀၂၀)က‌နေ (၁-၉-၂၀၂၀)ရက်‌နေ့အထိ မြဝတီသတင်းစာမှာ ဆက်တိုက်‌ဖော်ပြခဲ့ပါတယ်။ တခါတရံမှာ မြဝတီသတင်းစာ၊ စာမျက်နှာ ၂မှာ “အယ်ဒီတာ့အာ‌ဘော်”နဲ့ အတူယှဉ်တွဲပြီး‌ဖော်ပြတတ်ပါတယ်။

ကာချုပ်ရဲ့ “၂၀၂ဝပြည့်‌ရွေး‌ကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်များကို ‌ရွေးချယ်ရာ၌” ဆိုတဲ့ ‌ပြောစကား ‌ကောက်နုတ်ချက်ဟာ စစ်ဗိုလ်စစ်သားနဲ့ မိသားစုများအတွက်‌တော့ ဘယ်ပါတီကို မင်းတို့ မဲ‌ပေးကြဆိုတဲ့ “နှုတ်မိန့်” ဖြစ်ပါတယ်။ ကာချုပ်ရဲ့ ဒီလို“နှုတ်မိန့်”ကို လက်‌အောက်က တပ်ဗိုလ်တပ်သားနဲ့မိသားစုက ဘယ်လိုအာခံဝံ့မှာလဲ။ ပြီး ‌တော့ ဘယ်ပါတီလို့သာ နာမည်တပ်ပြီး တိတိကျကျ ‌ပြောမထား‌သော်လည်း အဲဒီအချက် ၆ချက်ကို ဖတ်ကြည့်တာနဲ့ “ဘယ်ပါတီ”ကို ရည်ညွှန်း‌နေတယ်၊ “ဘယ်ပါတီ”ကို မဲထည့်ခိုင်း‌နေတယ်ဆိုတာ အသိသာချည်းဖြစ်ပါတယ်။

‌နောက်ပိုင်းမှာ သိလာရတာက စစ်တပ်ပိုင် မြဝတီသတင်းစာမှာ‌နေ့စဉ်‌ဖော်ပြ‌နေတဲ့ ကာချုပ်ရဲ့ အဲဒီ“၂၀၂ဝပြည့် ‌ရွေး‌ကောက်ပွဲတွင် ပြည်သူ့ကိုယ်စားလှယ်များကို ‌ရွေးချယ်ရာ၌”ဆိုတဲ့ “အချက် ၆ချက်”ကို ပြည်‌ထောင်စု ‌ရွေး‌ကောက် ပွဲ‌ကော်မရှင်က ကန့်ကွက်တဲ့အတွက် သတင်းစာမှာ ဆက်လက် မ‌ဖော်ပြရ‌တော့တဲ့ အချက်ပါပဲ။

ကာချုပ်ရဲ့ ဒီလို‌ပြောဆိုတာနဲ့ ထည့်သွင်း‌ဖော်ပြတာဟာ ဥပ‌ဒေနဲ့မညီ‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ရဲ့ ကန့်ကွက်ချက်ဟာ ညင်ညင်သာသာ၊ တိုးတိုးတိတ်တိတ် လုပ်ခဲ့တာပါ။ ဒါ‌ပေမယ့် စစ်တပ်အဖို့က‌တော့ အသည်းကျွဲခတ်ခံရသလို ထွန့်ထွန့်လူး ခံစားသွားရပုံပါပဲ။ ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို ‌တေးမှတ်ထားပြီး ‌ရေခပ်မကြုံ- ထင်း‌ခွေကြုံမယ် ဆိုတဲ့သ‌ဘောနဲ့ ငြိုးထားပုံ ‌ပေါ်ပါတယ်။

‌နောက်ဆုံးအချက်က‌တော့ “၂၀၂ဝပြည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ရလဒ်”ပါပဲ။ ဒီရလဒ်က ပြည်သူ‌တွေအဖို့ သူတို့ဆန္ဒနဲ့ ‌ရွေး‌ကောက်ပွဲရလဒ် တစ်ထပ်တည်းကျ‌ပေမယ့် စစ်တပ်အဖို့ (တကယ်‌တော့ “စစ်အုပ်စု”ဖြစ်ပါတယ်) ကျွဲ ခတ်ခံထားလို့ နာကျင်‌နေတဲ့အသဲကို “‌ဒေါက်ဖိနပ်”နဲ့ ထပ်ပြီး အနင်းခံလိုက်ရတာမျိုးပါ။ ဒီ‌တော့ အခုလို စာတိုစာရှည် ‌တွေ‌ရေးပြီး ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို ငြိုးသူရန်ဘက်သဖွယ် တိုက်ခိုက်ရန်လုပ်လာ‌တော့တာပါပဲ။

အခု အထက်မှာ သတင်းစာမှတ်စုများကို အ‌ခြေခံပြီးတင်ပြခဲ့တာ‌တွေဟာ ဒီက‌နေ့ ဖြစ်‌ပေါ်လာ‌နေတဲ့ “ပြည် ‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်နဲ့ တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့ (စစ်အုပ်စု)”အကြားက “ထိပ်တိုက်‌တွေ့ မှု” ရဲ့ ‌ရေခံ‌မြေခံနဲ့ အ‌ကြောင်းအကျိုးဆက်‌တွေပဲဖြစ်ပါတယ်။ ဒီလို ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ကို ဦးတည်ပြီး ရန်မူတိုက် ခိုက်ခြင်းဟာ ဒီချုပ်ပါတီအစိုးရကို‌ရော – ‌ရွေး‌ကောက်ပွဲရလဒ်ကိုပါ တစ်ပါတည်း ခြိမ်း‌ခြောက်နိုင်မယ်ဆိုတဲ့ တစ်ချက် ခုတ် သုံးချက်ပြတ် အကြံဆိုးနဲ့ ကြံရွယ်တာပါ။

၂၀၀၈ အ‌ခြေခံဥပ‌ဒေဆိုတာကလည်း စစ်အုပ်စုက စိတ်ကြိုက်‌ရေးပြီး အဓမ္မအတည်ပြုခဲ့တဲ့ ဥပ‌ဒေ မဟုတ်ပါ လား။ နိုင်ငံ‌ရေးပါတီများ မှတ်ပုံတင်ခြင်းဥပ‌ဒေ၊ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဥပ‌ဒေတို့ ဆိုတာ‌တွေနဲ့ “တည် ဆဲဥပ‌ဒေအရပ်ရပ်” ဆိုတာ‌တွေကလည်း စစ်အုပ်စုက စိတ်ကြိုက်‌ရေးဆွဲပြဋ္ဌာန်းခဲ့တဲ့ ဥပ‌ဒေ‌တွေဖြစ်ပါတယ်။ အခု‌တော့ အဲဒီ“ဥပ‌ဒေ‌တွေ”‌တွေနဲ့ ချည်‌နှောင်ခံရတဲ့အခါကျ‌တော့မှ “ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌နေဖြင့် သဘာဝ တရားမျှတမှု မူသ‌ဘောကို အ‌ခြေခံ၍ ပွင့်လင်းမြင်သာမှု၊ သန့်ရှင်းမျှတမှုတို့ဖြင့် သံသယများ ကင်းစင်ပ‌ပျောက်မှုကို ‌ဆောင်ကျဉ်း‌ပေးသင့်ပါ‌ကြောင်း” ဆိုပြီး သံပြာဟစ်‌နေ‌တော့ လူရယ်စရာ ဟားတိုက်‌လှောင်‌ပြောင်စရာ ဖြစ်‌နေပါတယ်။

စစ်အုပ်စုဟာ ဒီအတိုင်း‌တော့ လွယ်လွယ်နဲ့ အ‌လျှော့‌ပေးမှာမဟုတ်တာ သိပ်ကို ‌သေချာပါတယ်။ “မလုပ်ရဲတာ ဘာမှမရှိ”လို့ ကြုံးဝါးထားသူ‌တွေ မဟုတ်လား။ ဒီ‌တော့ ဒီထိပ်တိုက်‌တွေ့မှုဟာ ‌ရေဆုံး‌ရေဖြား ရင်ဆိုင်ကြရမှာပါ။ ဦးလှ သိန်း အမှူးပြုတဲ့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ဟာ ‌သွေး‌ကြောင်မသွားဖို့ အင်မတန် လိုအပ်ပါတယ်။

ဒီထိပ်တိုက်‌တွေ့မှုဟာ ဦးလှသိန်းအမှူးပြုတဲ့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖို့ ဂုဏ်သိက္ခာဆိုင်ရာ ကိစ္စလည်း ဖြစ်ပါတယ်။ ‌ကော်မရှင်ရဲ့ သမာသမတ်ကျမှုကို အကဲစမ်းစိန်‌ခေါ်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ ဒါ‌ကြောင့် ‌သွေး‌ကြောင် အ‌လျှော့‌ပေးဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အ‌လျှော့‌ပေးလိုက်ရင် စစ်အုပ်စုရဲ့တံ‌တွေးကွက်မှာ ပက်လက် ‌မျောကြမှာ အ‌သေအချာပါပဲ။ ‌ရှေ့မှာ “(CTU) ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံး နုတ်ထွက်သွားကြရတဲ့ ဖြစ်ရပ်”ရှိတယ် မဟုတ်ပါလား။

‌နောက်ဆုံးတစ်ချက်က‌တော့ သမိုင်းလက်‌တွေ့ကိစ္စ‌တွေပါ။ ‌ရှေ့က စစ်အုပ်စုအဆက်ဆက်ရဲ့အ‌မွေကို ဆက်ခံ ထားတဲ့ လက်ရှိစစ်အုပ်စုဟာ ၂၀၀၈ အ‌ခြေခံဥပ‌ဒေ၊ ပုဒ်မ ၄၁၈၊ ပုဒ်မခွဲ (ခ) မှာ ‌ဖော်ပြပါရှိတဲ့ “ဖွဲ့စည်းပုံ အ‌ခြေခံ ဥပ‌ဒေ တွင် မည်သို့ပင်ပြဋ္ဌာန်းပါရှိ‌စေကာမူ” ဆိုတဲ့ စကားရပ်လိုပါပဲ။ သူတို့လက်နဲ့‌ရေးတာကို ‌ခြေနဲ့ဖျက်ဖို့ ဝန်‌လေးမှာ မဟုတ် သလို ကိုယ်‌ထွေးပြီးသား တံ‌တွေးကို ပြန်မျိုဖို့လည်း နဲနဲ‌လေးမှ ရှက်ရွံ့‌နေမယ့်သူ‌တွေ မဟုတ်ပါဘူး။

သမိုင်းလက်‌တွေ့ကို ပြန်ကြည့်ပါ၊ စစ်အုပ်စုဟာ ၁၉၄၇ အ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းခဲ့ဖူးတယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်‌ရေးကို အ‌ကြောင်းပြပြီး နိုင်ငံ‌ရေးပါတီ‌တွေနဲ့ အသင်းအပင်းဖွဲ့စည်းခွင့်‌တွေကို ဖျက်သိမ်းပစ်ခဲ့ဖူးတယ်။ သမိုင်းအစဉ်အလာကြီးမားတဲ့ (တကသ) အ‌ဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုချခဲ့တယ်။ (မဆလ) ဆိုတဲ့ ခါးပိုက်‌ဆောင် ပါတီ တစ်ပါတီထဲ ဖွဲ့ပြီး အုပ်စိုးဖူးတယ်။ ၁၉၉ဝ ‌ရွေး‌ကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဘဲ ဖျက်သိမ်းပစ်တယ်။ သူတို့ (နဝတ)စစ်‌ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး‌စော‌မောင်ကို စိတ္တဇဖြစ်‌နေပါပြီလို့ ဇာတ်လမ်းဆင်ပြီး ရာထူးက‌နေ ထုတ် ပယ်ပစ်ခဲ့ဖူးတယ်။

ကြံ့ခိုင်‌ရေးအသင်းဖွဲ့ပြီး ဒီပဲယင်းကိစ္စလို အကြမ်းဖက်သတ်ဖြတ်မှု‌တွေ လုပ်ဖူးတယ်။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို စိတ်ကြိုက်‌ရေးဆွဲပြီး အဓမ္မ အတည်ပြုခဲ့ဖူးတယ်။ ကြံ့ခိုင်‌ရေးအသင်းကို ပါတီအမည်‌ပြောင်းပြီး နိုင်ငံ‌ရေးပါတီ ‌ထောင်ဖူး တယ်။ (CTU)ဖွဲ့စည်းပုံ အ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံးတစ်ဖွဲ့လုံးကို နုတ်ထွက်‌အောင် ဖိအား‌ပေး အကြပ်ကိုင်ခဲ့ဖူးတယ်။ ပုဒ် ၄၃၆ ပြင်ဆင်‌ရေး လူထုဆန္ဒ လက်မှတ်‌ပေါင်း ၅သန်းနီးပါး (၄၉၅၃၀၉၃)ကို လျစ်လျူရှုခဲ့တယ်။

ဒါ‌တွေဟာ ထင်ရှားတဲ့ မြင်သာတဲ့ ကြီးမားတဲ့ သာဓကတချို့ကို ‌ကောက်နုတ်‌ဖော်ပြခဲ့တာပါ။ တနည်းအားဖြင့် ဒီဖြစ်ရပ်‌တွေ ဒီသာဓက‌တွေက စစ်အုပ်စုဟာ “ဘာမဆိုလုပ်ရဲတယ် – မလုပ်ရဲတာဘာမှမရှိ” ဆိုတာ‌တွေရဲ့ ‌ရေမ‌ရောတဲ့ လက်‌တွေ့သရုပ်မှန်‌တွေပဲ ဖြစ်ပါတယ်။

အခု ထိပ်တိုက်‌တွေ့‌နေတဲ့ ကိစ္စမှာလည်း စစ်အုပ်စုရဲ့သ‌ဘောထားကို အရင်းစစ်လိုက်ရင် ၂၀၂ဝပြည့်နှစ်အ‌ထွေ ‌ထွေ‌ရွေး‌ကောက်ပွဲမှာ ‌ဖော်ပြလိုက်တဲ့ ပြည်သူ့ဆန္ဒကို လက်မခံနိုင်တာနဲ့ ဖျက်သိမ်းပစ်လိုတဲ့ သ‌ဘောထားသာဖြစ်တယ် လို့ ‌တွေ့ရှိရပါ‌ကြောင်း ‌လေ့လာတင်ပြလိုက်ပါတယ်။

ဒါ‌ကြောင့် ဦးလှသိန်းအမှူးပြုတဲ့ ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌နေနဲ့ ‌နောက်ဆုတ်လို့ ဘယ်လိုမှ မဖြစ်နိုင်၊ မရနိုင်‌တော့ပါ။

သို့ပါ၍ “တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့က ‌မေတ္တာရပ်ခံသည့်အတိုင်း ‌ဆောင်ရွက်မည်ဆိုပါက သက် ဆိုင်ရာ‌ကော်မရှင်အဖွဲ့ခွဲ အသီးသီးအား ဥပ‌ဒေနှင့်မညီ‌သော ‌ဆောင်ရွက်မှုကိုပြု‌စေရန် ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်ဥပ‌ဒေနှင့်မညီ‌သော ညွှန်ကြားမှုကို ပြုရာ‌ရောက်မည်ဖြစ်သဖြင့် ညွှန်ကြား‌ပေးနိုင်မည် မဟုတ်ပါ‌ကြောင်း” ဆို တဲ့ (၇-၁၂-၂၀၂၀)ရက်‌နေ့ ထုတ်ပြန်ချက်ပါ သ‌ဘောထားအတိုင်း “ဦးလှသိန်းအမှူးပြု‌သော ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်” အ‌နေဖြင့် တည်ကြည်၊ တိကျ၊ မြဲမြံစွာ ရပ်တည်ဖို့ လိုအပ်ပါတယ်။