Home သတင်း ထိုင်းနိုင်ငံဘက်မှ ‌သောင်ရင်းမြစ်ကမ်းထိန်းနံရံ ‌ဆောင်ရွက်‌နေမှု မြန်မာကန့်ကွက်

ထိုင်းနိုင်ငံဘက်မှ ‌သောင်ရင်းမြစ်ကမ်းထိန်းနံရံ ‌ဆောင်ရွက်‌နေမှု မြန်မာကန့်ကွက်

3025

ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်‌ရေးတံတားအထက်ပိုင်းတွင် ယ မန်‌နေ့(ဒီဇင်ဘာ ၁၃ ရက်)နံနက်ပိုင်းက ထိုင်းနိုင်ငံဘက်ခြမ်းမှ ဘက်ဟိုးစက်အသုံးပြုပြီး ‌သောင်ရင်းမြစ်ကမ်းထိန်းနံရံ‌ဆောင်ရွက်‌နေမှုကို မြန်မာဘက်နယ်ခြား‌ကော်မတီက ယ‌နေ့ ကန့်ကွက်စာ‌ပေးပို့လိုက်‌ကြောင်း သိရသည်။

ယမန်‌နေ့ နံနက် ၉ နာရီအချိန်က ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့’ထဆိုင်လဝပ်’ ရပ်ကွက်၊ အမှတ်(၂)ချစ်ကြည်‌ရေးတံတားအ‌ပေါ်ဘက်‌နေရာ၌ ထိုင်းဘက်ခြမ်းတွင် ‌သောင် ရင်းမြစ် ကမ်းပါးအား ‌မြေထိန်းနံရံပြုလုပ်ရန် ဘက်ဟိုး(၁)စီးဖြင့်‌မြေတူး/‌မြေညှိ ‌ဆောင်ရွက်‌နေသည်ကို မြန်မာဘက်မှ‌တွေ့ရှိရ၍ မြန်မာဘက်နယ်ခြား‌ကော်မတီမှ ထိုင်းဘက်နယ်ခြား‌ကော်မတီသို့ ကန့်ကွက်စာ‌ပေးပို့ခဲ့‌ကြောင်း မြဝတီမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကိုက ‌ပြောသည်။

၎င်းက “ခုထိုင်းဘက်က ကမ်းထိန်းနံရံပြုလုပ်‌နေမှုဟာ နယ်ခြား‌ကော်မတီချင်းသ‌ဘောတူညီမှု မရှိထားတဲ့အတွက် မြန်မာဘက်က ဒီ‌နေ့ နံနက်ပိုင်းမှာ ထိုင်း ဘက်နယ်ခြား ‌ကော်မတီကို ကန့်ကွက်စာ‌ပေးပို့ ရတာဖြစ်တယ်”ဟု ‌ပြောသည်။

နှစ်နိုင်ငံ နယ်ခြား ‌သောင်ရင်းမြစ်ကမ်းထိန်းနံရံ ပြုလုပ်ခြင်းနှင့်ပတ်သက်၍ နှစ်ဖက်သ ‌ဘော တူညီမှုရမှာသာ ‌ဆောင်ရွက်ကြရန် မြန်မာ-ထိုင်းနယ်ခြား‌ကော်မတီချင်းသ‌ဘောတူညီမှု ရှိထား‌ကြောင်းလည်း မြဝတီမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးဖြိုး‌ဇော်ကိုကို ဆက်‌ပြောသည်။

ထိုသို့ ကန့်ကွက်စာ‌ပေးပို့မှု‌ကြောင့် ထိုင်းဘက်မှ ယ‌နေ့ နံနက် ၁ဝ နာရီအချိန်ခန့်တွင် လုပ်ငန်း ‌ဆောင်ရွက်ခြင်းအား ရပ်ဆိုင်းထားလိုက်သည်ဟု မြန်မာဘက်ခြမ်းမှတာဝန်ရှိသူများက ‌ပြော သည်။