Home သတင်း ထိုင်းနိုင်ငံတွင်း တရားမဝင် ခိုးမဝင်ကြရန် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများ သတိ‌ပေး

ထိုင်းနိုင်ငံတွင်း တရားမဝင် ခိုးမဝင်ကြရန် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများ သတိ‌ပေး

2721
Photo: Thaung Yin Nagar FB

ဒီဇင်ဘာ ၉ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

ထိုင်းနိုင်ငံ၏ ကိုဗစ်ကပ်‌ရောဂါ ကာလအတွင်း ‌ကြေညာထားသည့် အ‌ရေး‌ပေါ်‌ကြေညာချက်ဥပ‌ဒေအရ ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်လာသူများအ‌ပေါ် ကြီး‌လေးသည့် ပြစ်ဒဏ်များကို ထပ်မံတိုးမြှင့် ‌ကြေညာလိုက်ခြင်း‌ကြောင့် မြန်မာနိုင်ငံသားများ အ‌နေဖြင့် တရားမဝင် ခိုးမဝင်လာကြရန် အလုပ်သမားအ‌ရေး ‌ဆောင်ရွက်သူများက သတိ‌ပေး ‌ပြောဆိုလိုက်သည်။

သဘာဝ ‌ဘေးအန္တရာယ်ဆိုင်ရာ အ‌ရေး‌ပေါ် ‌ကြေညာချက်ဥပ‌ဒေအရ အိမ်နီးချင်းနိုင်ငံများမှတဆင့် ခိုးဝင်လာ သည့် နိုင်ငံခြားသားများအ‌ပေါ် အမြင့်ဆုံး ပြစ်ဒဏ် ‌ထောင်ဒဏ်(၁၀)နှစ်နှင့် ‌ငွေဒဏ် ဘတ် တစ်သိန်း (၁၀၀,၀၀၀)အထိ ပြစ်ဒဏ် တိုးမြှင့်လိုက်သည့်အ‌ပေါ် သတိထားဆင်ခြင်ကြရန် မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု ‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ယခုလို‌ပြောသည်။

၎င်းက “ အခုရက်ပိုင်းအတွင်း ပြဌာန်းလိုက်တဲ့ ထိုင်း(လ.ဝ.က) ဥပ‌ဒေသစ်အရ မူလတုန်းက‌တော့ တစ်နှစ် ‌ငွေ ဒဏ်တစ်သိန်း။ အခု ခိုးဝင်တဲ့သူ‌တွေက ၁ဝနှစ်ထက် မပို‌သော ‌ထောင်ဒဏ် နဲ့ ‌ငွေဒဏ်က‌တော့ တစ်သိန်းပဲ။ သူများနိုင်ငံရဲ့ ဥပ‌ဒေကို ချိုး‌ဖောက်ရင်‌တော့ အခု ကြီး‌လေးတဲ့ ဥပ‌ဒေနဲ့ တိုးမှာပဲ။ အခုဆိုလည်း ‌သောင်ရင်းမြစ် တစ်‌လျှောက်မှာ လုံခြုံ‌ရေးကို ပိုတိုးမြှင့်ထားတယ်။” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ‌သောင်ရင်းမြစ်တစ်‌လျှောက်တွင် မြန်မာနိုင်ငံဘက်မှ ခိုးဝင်လာသူများကို ‌နေ့စဉ် ဖမ်းဆီးရမိ‌နေ ပြီး ယခင်က အကျင့်ပျက်ဝန်ထမ်းများ‌ကြောင့် လွတ်‌မြောက်သွားသူများရှိ‌သော်လည်း လက်ရှိတွင် ဗဟိုမှ ဆင်းလာ သည့် ထိုင်နိုင်ငံ၏ အမိ‌မြေလုံခြုံ‌ရေး ဝန်ကြီးဌာန မှ အရာရှိများကိုယ်တိုင်ပါဝင်၍ နယ်ခြားလုံခြုံ‌ရေးကို ကြီးကြပ် ‌ဆောင်ရွက်‌နေ‌ကြောင်းလည်း ဦးမိုးကြိုးက ဆက်‌ပြောသည်။

ထိုင်းနိုင်ငံ၏ လတ်တ‌လော ‌ကြေညာလိုက်သည့် အ‌ရေး‌ပေါ် ‌ကြေညာချက် ဥပ‌ဒေအရ အိမ်နီးချင်း နိုင်ငံများမှ ထိုင်းနိုင်ငံအတွင်း တရားမဝင်နည်းဖြင့် ခိုးဝင်သယ်‌ဆောင်သူများကို ‌ထောင်ဒဏ်(၁၀)နှစ်(သို့မဟုတ်) ‌ငွေဒဏ် ဘတ်‌ငွေတစ်သိန်း (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်‌စေ၊ ခိုးဝင်သူများနှင့် ခိုးဝင်သူများကို လက်ခံထားရှိသူများကို ‌ထောင်ဒဏ် (၅) နှစ်(သို့မဟုတ်) ‌ငွေဒဏ် ဘတ်‌ငွေ ငါး‌သောင်း (သို့မဟုတ်) ဒဏ်နှစ်ရပ်စလုံးဖြစ်‌စေ ပြစ်ဒဏ် ချမှတ်ခံရမည်ဖြစ်‌ကြောင်း အလုပ်သမားအ‌ရေး‌ဆောင်ရွက်သူများထံမှ သိရသည်။

၎င်းအပြင် အလုပ်လုပ်ကိုင်ခွင့် စာရွက်စာတမ်း အ‌ထောက်အထားမရှိသူများကို အလုပ်လုပ်ကိုင်ခွင့်‌ပေးသည့် အ လုပ်ရှင်များကို အလုပ်သမားဦး‌ရေအလိုက် အလုပ်သမားတစ်ဦးလျှင် ဒဏ်‌ငွေ တစ်‌သောင်းမှတစ်သိန်းအထိ ဒဏ်ရိုက်ခံရမည်ဖြစ်သလို ဆက်လက်စစ်‌ဆေး‌တွေ့ရှိမှုများရှိပါက လုပ်ငန်းရှင်များအ‌နေဖြင့် သီးသန့်‌ထောင် ဒဏ် နှင့်‌ငွေဒဏ်များအပြင် အလုပ်လုပ်ကိုင်ခွင့် ပိတ်သိမ်းခံရမည့် ပြစ်ဒဏ်များကိုပါ ထပ်မံ ကျခံရမည်ဖြစ် ‌ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ၌ လတ်တ‌လောကာလအတွင်း ကိုဗစ် ကပ်‌ရောဂါ ကူးစက်မှုနှုန်း မြှင့်မားလာမှု‌ကြောင့် နိုင်ငံအတွင်း ကူးစက်မှု ပျံ့နှံ့လာမည်ကို စိုးရိမ်‌သော‌ကြောင့် မြန်မာနိုင်ငံနှင့် ထိစပ် နယ်ခြား‌ဒေသများတွင် ထိုင်းနိုင်ငံ အ‌နေ ဖြင့် လုံခြုံ‌ရေး ပိုတိုးမြှင့် တင်းကြပ်လာမှုများကို မြန်မာနိုင်ငံသားများအ‌နေဖြင့် သိရှိ‌အောင်လုပ်ပြီး လိုက်နာ ‌ဆောင်ရွက်သွားရန် လိုအပ်‌ကြောင်းလည်း ‌ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့၏ မဲ‌ဆောက်ရုံး တာဝန်ခံ ဦးမိုး‌ကျော်က ယခုလို‌ပြောသည်။

၎င်းက “ဒီမဲ‌ဆောက်ထဲမှာ လတ်တ‌လော ဖမ်းဆီးခံရမှု‌တွေ ‌တွေ့‌နေရတယ်။ အဲ့လို မလိုလားအပ်ပဲ လုပ်ငန်းကိုင် ငန်း‌တွေ ရှာ‌ဖွေဖု့ိ ဒီဘက်မှာ ‌ဆွေမျိုးရင်းချာကျန်‌နေခဲ့‌သေးလို့ အ‌ကြောင်းအမျိုးမျိုး‌ကြောင့် သတင်းအချက် အ လက် လက်လှမ်းမမီပဲ ဝင်‌ရောက်လာလို့ တရားမဝင် လမ်း‌ကြောင်းက‌နေ ဝင်‌ရောက်လာတယ်လို့ စစ်‌ဆေး ‌တွေ့ရှိခဲ့ရင် ဒီလို ကြီး‌လေးတဲ့ ပြစ်ဒဏ်‌တွေနဲ့ အ‌ရေးယူခံရနိုင်တဲ့အတွက်‌ကြောင့် ခိုးမဝင်လာဖို့ သတိ‌ပေး‌ပြော ကြားချင်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်‌နေ့က တရားမဝင် ခိုးဝင်လာသည်ဟုဆိုကာ မဲ‌ဆောက်‌ဈေးအတွင်းရှိ မြန်မာ နိုင်ငံသား (၇)ဦးကို သက်ဆိုင်ရာ အာဏာပိုင်များနှင့် ကျန်းမာ‌ရေး ဝန်ထမ်းများမှ လာ‌ရောက် ‌ခေါ်‌ဆောင် သွား‌ကြောင်းနှင့် အလားတူ မြန်မာနိုင်ငံသို့ သွား‌ရောက် အလုပ်လုပ်ကိုင်‌နေကြသည့် ထိုင်းနိုင်ငံသားများ အပြင် တရုတ်နိုင်ငံသားများကိုပါ ပြီးခဲ့သည့် လများတွင်လည်း တရားမဝင် ခိုးဝင်လာမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ်‌ပေါ်‌ပေါက်ခဲ့‌သေးသည်။

ထိုသို့ တရားမဝင် ခိုးဝင်လာမှုများ‌ကြောင့် လက်ရှိ ထိုင်း-မြန်မာ နယ်စပ် ‌ဒေသများတွင် ရှိ‌နေသည့် မြန်မာ‌ရွှေ့ ‌ပြောင်း အလုပ်သမားများ၏ ‌နေ့စဉ် ‌နေထိုင်စား‌သောက်လုပ်ကိုင်မှုအ‌ပေါ်တွင်လည်း ထိခိုက်မှုများရှိ‌နေ‌ကြောင်း ဦးမိုးကြိုးက ဖြည့်စွက်‌ပြောသည်။

“ ဒီလို ခိုးဝင်လာမှု‌တွေ ‌ကြောင့် ဒီမှာရှိ‌နေပြီးသား မြန်မာနိုင်ငံသား‌တွေလည်း ထိခိုက်လာတယ်။ ‌ပြောရမယ်ဆို ရင် ဒီမှာ ပုဆိုး‌တွေ ထဘီ‌တွေနဲ့ လိုက်သွားလို့ရတယ်။ မြန်မာစကား‌ပြောလို့ရတဲ့ မြန်မာမြို့‌တွေပါ။ အခု တအား ထိ ခိုက်လာတာက ပုဆိုး ထဘီမြင်ရင် ထိုင်းရွာလူကြီး‌တွေက လွတ်ထားတဲ့ ရပ်ရွာလုံခြုံ‌ရေး‌တွေက ‌မေး‌ရော။ ပုံမှန်အတိုင်း လည်ပတ်စီးဆင်းသွားလာ‌နေတဲ့ မြန်မာ‌ရွှေ့‌ပြောင်း လုပ်သား‌တွေရဲ့ အ‌နေအစားကို အဲ့ ခိုးဝင်‌တွေ ‌ကြောင့် ထိခိုက်မှု‌တွေ အများကြီးရှိ‌နေတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ ကျန်းမာ‌ရေး နှင့် အားကစား ဝန်ကြီးဌာန ၏ ‌နောက်ဆုံး ထုတ်ပြန်‌ကြေညာထားချက်အရ မြန်မာနိုင်ငံတွင် (၁၀၁,၇၃၉) ကိုဗစ် ကပ်‌ရောဂါ ကူးစက်ခံထားရပြီး ‌သေဆုံးသူ (၂,၁၅၁)ဦး အထိရှိ‌ကြောင်း သိရသည်။ ထို့အတူ ထိုင်းနိုင်ငံအတွင်း၌ ကိုဗစ်ကူးစက်ခံရသူ (၄,၁၅၁)ဦး နှင့် ‌သေဆုံးသူ (၆၀)ဦးသာ ရှိပြီး ကမ႓ာ့ကပ်‌ရောဂါထိန်းချုပ်နိုင်စွမ်းရှိ‌သော နိုင်ငံတစ်နိုင်ငံအ‌နေဖြင့် အိမ်နီးချင်းနိုင်ငံ၏ ‌ရောဂါကူးစက်မှုနှုန်း မြှင့်မားဖြစ်‌ပေါ်မှုအ‌ပေါ် ကူးစက်မှုပျံ့နှံ့လာမည့်အ‌ပေါ် အထူးစိုးရိမ်လျက်ရှိ‌ကြောင်းလည်း သိရသည်။