Home ရွေးကောက်ပွဲသတင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖားအံမြို့ရှိ မဲရုံများတွင် သွား‌ရောက်ကြည့်ရှုခဲ့

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဖားအံမြို့ရှိ မဲရုံများတွင် သွား‌ရောက်ကြည့်ရှုခဲ့

2165

နိုဝင်ဘာ ၂ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်နှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဖားအံမြို့နယ်ရှိ မဲရုံများတွင် ပြည်သူ များ၏ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲအတွက် ကြိုတင်မဲထည့်‌နေမှုများကို ‌အောက်တိုဘာ ၃ဝရက်‌နေ့မှစ၍ သွား‌ရောက်ကြည့်ရှု ခဲ့‌ကြောင်း သိရသည်။

ပြည်သူလူထုအ‌နေဖြင့် လွတ်လပ်စွာ မဲ‌ပေးနိုင်‌ရေးအတွက် ရည်ရွယ်ကာ အစိုးရအဖွဲ့ဝင်များက သွား‌ရောက်ကြည့်ရှု အား‌ပေးခြင်းဖြစ်‌ကြောင်း ပြည်နယ်အစိုးရအဖွဲ့ဝင်၊ မွန်တိုင်းရင်းသား‌ရေးရာဝန်ကြီး မင်းတင်ဝင်းက ‌ကေအိုင်စီသို့ ယ‌နေ့(နိုဝင်ဘာလ ၂ရက်)တွင် ‌ပြောသည်။

“ဒီ‌နေ့လည်း (ဝန်ကြီးချုပ်က) သွားပြီး အား‌ပေးမယ်နဲ့တူတယ်။ အန်ကယ်‌တော့ မပါသွားဘူး‌လေ။ အရင်ရက်‌တွေက ‌တော့ အန်ကယ်လည်း သုံးရက်ဆက်တိုက် မဲရုံမှာသွား‌နေကြည့်ပါတယ်။ လူထုကြားထဲက ဘာညာ သိပ်ပြီး‌တော့ သတင်းမထွက်ပါဘူး။ အ‌ခြေအ‌နေ‌ကောင်းပါတယ်။’ဟု ဝန်ကြီး မင်းတင်ဝင်းက ‌ပြောသည်။

ဖားအံမြို့ရှိ အမှတ်(၆)၊ အမှတ်(၇)၊ အမှတ်(၈)ရပ်ကွက်များ၊ လှာက‌ဒေါင်၊ အုန်းတပင်နှင့် လှိုင်ကမာ္ဘ‌ကျေးရွာအုပ်စုများ ရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်မဲ‌ပေး‌နေမှုကို ဝန်ကြီးချုပ်ကိုယ်တိုင် ကြည့်ရှုအား‌ပေးခဲ့‌ကြောင်း ကရင်ပြည် နယ်အစိုးရအဖွဲ့၏ သတင်းစာမျက်နှာတွင် ‌ဖော်ပြထားသည်။

အဆိုပါသတင်း‌ဖော်ပြချက်တွင် ပြည်နယ်ဝန်ကြီးချုပ်က မဲဆန္ဒရှင်ပြည်သူများ ‌အေးချမ်းလုံခြုံစွာ ဆန္ဒမဲ‌ပေးနိုင်‌ရေးအ တွက် သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်‌ပေးအပ်ထားသူများကို ရင်းရင်းနှီးနှီး‌တွေ့ဆုံ၍ မဲရုံလိုအပ်ချက်များကို ‌မေး မြန်းပြီး တာဝန်ရှိသူများနှင့် ‌ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်းလည်း ‌ရေးသားထားသည်။

ဖားအံမဲဆန္ဒနယ်အမှတ်(၁)ရှိ ‌ကော့မူးနုတ်‌ကျေးရွာ ရာအိမ်မှူးက “ဝန်ကြီးချုပ်‌တော့ ရွာစာသင်‌ကျောင်းက မဲရုံကို မ‌နေ့ (နိုဝင်ဘာ ၁ရက်)က လာ‌ရောက်ကြည့်ရှုသွားတယ်။ မနက် ၉နာရီခွဲ‌လောက်မှာ‌ပေါ့။ မဲရုံထဲဝင်သွားတာက‌တော့ ၁၅မိ နစ်အကြာ‌လောက်ပါပဲ။ ကျမတို့က အပြင်မှာပဲရှိရတယ်‌လေ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်နယ်ဝန်ကြီးချုပ်အ‌နေဖြင့် ဖားအံမြို့နယ် မဲရုံများသို့ လိုက်လံကြည့်ရှု‌နေသည့်အ‌ပေါ် ကရင်ပြည်နယ်၊ ပအိုဝ်း တိုင်းရင်းသား‌ရေးရာတွင် ဝင်‌ရောက်ယှဉ်ပြိုင်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်‌လောင်း ခွန်မင်း‌အောင်က သူ၏ အမြင်အား ယခုလို ‌ပြောသည်။

“လူထုအ‌ပေါ်‌စေတနာထားပြီး ကြည့်ရှုအား‌ပေးတယ်ဆိုရင် သူ(ဝန်ကြီးချုပ်) ‌ရွေး‌ကောက်မခံတဲ့မဲဆန္ဒနယ်မှာ သွားသင့်တယ်။ ‌ရွေး‌ကောက်ခံနယ်ကိုပဲ သွားမယ်ဆိုရင် အရှိန်အဝါသုံးပြီး သွယ်ဝိုက် မဲဆွယ်တာလို့ မြင်တယ်။ တကယ်လို့ သူက ကြာအင်းဆိပ်ကြီးတို့၊ ‌ကော့ကရိတ်တို့ကိုလည်း သွားတယ်ဆိုရင် သူ့ရဲ့ ‌စေတနာမှန်တယ်လို့ ‌ပြောလို့ရတာ‌ပေါ့။”ဟု မှတ်ချက်ပြု ‌ပြောဆိုသည်။

ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်သည် ပြည်နယ်၏ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်(NLD) ပါတီဥက္ကဌဖြစ်သလို လက်ရှိ ၂၀၂ဝ ‌ရွေး‌ကောက်ပွဲ၌ ပြည်နယ်လွှတ်‌တော်၊ ဖားအံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)တွင် ဝင်‌ရောက်ယှဉ်ပြိုင်‌နေသည့် ပြည်နယ်လွှတ်‌တော် ကိုယ်စားလှယ်‌လောင်းတစ်ဦးလည်း ဖြစ်သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသက် ၆ဝနှင့်အထက် လူကြီးသူမများ၊ ကိုယ်ဝန်‌ဆောင်များ၊ မသန်စွမ်းများ၊ မဲရုံ ဝန်ထမ်းများ၊ လုံခြုံ‌ရေးဝန်ထမ်းများမှာ ‌အောက်တိုဘာလ ၂၉ရက်‌နေ့မှ နိုဝင်ဘာလ ၇ရက်‌နေ့အထိ ကြိုတင်မဲ ထည့် နိုင်‌ကြောင်း ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်ထားချက်အရ သိရသည်။