Home သတင်း Brac နှင့် AAR Japan အဖွဲ့မှ ဖားအံတွင် ကိုဗစ်ပစ္စည်း ‌ပေးအပ်လှူဒါန်း

Brac နှင့် AAR Japan အဖွဲ့မှ ဖားအံတွင် ကိုဗစ်ပစ္စည်း ‌ပေးအပ်လှူဒါန်း

1615

နိုဝင်ဘာ ၁၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

Brac နှင့် AAR Japan အဖွဲ့တို့ ပူး‌ပေါင်း၍ ဖားအံမြို့၊ နည်းပညာတက္ကသိုလ်ရှိ ကွာရန်တင်းစင်တာတွင် ပထမဦး ဆုံးအကြိမ် ကိုဗစ်-၁၉ နှင့်ပတ်သက်‌သော ကာကွယ်‌ရေးပစ္စည်းများကို ယ‌နေ့(နိုဝင်ဘာ ၁၈ ရက်)တွင် လာ‌ရောက် လှူဒါန်းခဲ့သည်။

ကိုဗစ်ကာကွယ်‌ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၊ hand gel၊ လက်အိတ်၊ လက်‌ဆေးဆပ်ပြာများ ကာလတန်ဘိုး စုစု‌ပေါင်း ကျပ် ၅ သိန်း‌ကျော်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်‌ကြောင်း တာဝန်ရှိသူများက ‌ပြောသည်။

Brac အဖွဲ့အ‌နေဖြင့် ကရင်ပြည်နယ်အတွင်းရှိ မြိုင်ကြီးငူစစ်‌ရှောင်စခန်း အပါအဝင် လှိုင်းဘွဲ၊ ဖားအံ၊ ‌ကော့ကရိတ်နှင့် မြဝတီမြို့နယ်များရှိ ကိုဗစ်‌ကြောင့် ခက်ခဲ‌နေသည့် အိမ်‌ထောင်စု ၉၅ဝ ကိုလည်း အ‌ခြေခံ အစားအ‌သောက် ၇ မျိုးနှင့် ‌ငွေ‌ကြေးများ ဆက်လက်‌ထောက်ပံ့‌ပေးသွားမည်ဟု သိရသည်။

Brac ၏ ကရင်ပြည်နယ်မန်‌နေဂျာ စတာဘူးက “ကိုဗစ်ကာလမှာ စီးပွား‌ရေးလုပ်ငန်းအဆင်မ‌ပြေတာ၊ ကူညီ ‌ထောက်ပံ့‌ရေးမရ၊ အလုပ်မလုပ်နိုင်လို့ ဒုက္ခ‌ရောက်‌နေတဲ့သူ‌တွေကို နလန်ထူနိုင်‌အောင် ရည်ရွယ်ပြီး‌တော့မှ ပံ့ပိုး ကူညီရခြင်းဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

Brac နှင့် AAR Japan အဖွဲ့တို့ ပူး‌ပေါင်း၍ ဖားအံတွင် ပထမဦးဆုံးအကြိမ် လှူဒါန်းခြင်းဖြစ်‌သော်လည်း Brac အဖွဲ့အ‌နေဖြင့် ကရင်ပြည်နယ်အစိုးရနှင့်ပူး‌ပေါင်းကာ ကိုဗစ်ပစ္စည်းများကို လှူဒါန်းခဲ့ဖူး‌ကြောင်းလည်း Brac တာဝန်ရှိသူများက ‌ပြောသည်။

Brac အဖွဲ့သည် လူမှုအသိုက်အဝန်း ဖွံ့ဖြိုး‌ရေးအတွက် ‌ဆောင်ရွက်‌ပေးနိုင်ရန် ရည်ရွယ်၍ ၁၉၇၁ ခုနှစ်တွင် ဘဂင်္လား‌ဒေ့ရှ် နိုင်ငံ၌ စတင်ဖွဲ ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့ ၂၀၁၄ ခုနှစ်မှ စတင်ကာ ရုံးခွဲများဖွင့်လှစ်ခဲ့သလို ကရင်ပြည်နယ်တွင်လည်း ရုံးခွဲ ၄ ခု ရှိ‌ကြောင်းသိရသည်။