Home ရွေးကောက်ပွဲသတင်း ၂၀၂၀‌ရွေး‌ကောက်ပွဲသည် လွတ်လပ်မျှတသည့် ‌ရွေး‌ကောက်ပွဲမဖြစ်နိုင်ဟု KHRG ‌ပြော

၂၀၂၀‌ရွေး‌ကောက်ပွဲသည် လွတ်လပ်မျှတသည့် ‌ရွေး‌ကောက်ပွဲမဖြစ်နိုင်ဟု KHRG ‌ပြော

2201

နိုဝင်ဘာ ၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

လာမည့် နိုဝင်ဘာလ ၈ရက်‌နေ့တွင် ကျင်းပပြုလုပ်‌တော့မည့် မြန်မာနိုင်ငံ အ‌ထွေ‌ထွေ ‌ရွေး‌ကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ‌ရွေး‌ကောက်ပွဲ မဖြစ်နိုင်‌ကြောင်း ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG က ယ‌နေ့ (နိုဝင်ဘာ ၆)တွင် ထုတ်ပြန်ချက်ထုတ်ကာ ‌ပြောဆိုလိုက်သည်။

၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေ‌အောက်တွင် ကျင်းပသည့် ‌ရွေး‌ကောက်ပွဲဖြစ်သလို ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက် ၍လည်း သတင်းမီဒီယာများအ‌ပေါ် ကန့်သတ်ချုပ်ချယ်မှုများအပြင် တိုင်းရင်းသား ‌ဒေသများ၌ ‌ရွေး‌ကောက်ပွဲ အတွင်း ပါဝင်ခွင့်ကန့်သတ်ခံရမှုများရှိခြင်းတို့‌ကြောင့် လွတ်လပ်မျှတသည့် ‌ရွေး‌ကောက်ပွဲမဖြစ်နိုင်ဟု KHRG က ဆိုသည်။

KHRG ၏ ဒါရိုက်တာ ‌နော်ထူးထူးက “ ၂၀၀၈ ဖွဲ့စည်းပုံ‌အောက်မှာကျင်းပကတည်းက ဒီ‌ရွေး‌ကောက်ပွဲက free and fair ဖြစ်မ‌နေတဲ့အပြင် ‌နောက်ထပ် တိုင်းရင်းသားမီဒီယာ‌တွေအ‌ပေါ် တားမြစ်ကန့်သတ်တာ‌တွေ၊ ပြီး‌တော့ တိုင်းရင်းသား‌ဒေသမှာ လုံခြုံ‌ရေး အ‌ကြောင်းပြပြီး‌တော့ မဲဆန္ဒနယ် မဖွင့်‌ပေးနိုင်တာ‌တွေကို ထပ်လုပ်‌တော့ လွတ်လပ်ပြီး မျှတဖို့က မဖြစ်နိုင်ဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအရ ‌ရွေး‌ကောက်ပွဲအတွင်း တပ်မ‌တော်မှ ဥပ‌ဒေပြုအာဏာအတွက် ၂၅ ရာခိုင်နှုန်း အလိုလို ‌နေရာ ‌ပေးထားခြင်းအ‌ပေါ်နှင့် သတင်းမီဒီယာတချို့နှင့် အရပ်ဖက်အဖွဲ့အစည်းတချို့၏ ဝက်ဘ်ဆိုက် စာမျက် နှာများကို မြန်မာအစိုးရမှ ပိတ်ပင်တားမြစ်ထားခြင်း‌ကြောင့် ပြည်သူများအ‌နေဖြင့် ‌ရွေး‌ကောက်ပွဲဆိုင်ရာ သတင်း အချက်အလက်များ ရရှိပိုင်ခွင့်ဆုံးရှုံး‌နေပြီး တိုင်းရင်းသား‌ဒေသများတွင် ‌ရွေး‌ကောက်ပွဲ မကျင်းပနိုင်သည့် ‌ဒေသများ အဖြစ် သတ်မှတ်ထုတ်ပြန်ချက်အ‌ပေါ် KHRG က ဆိုလိုခြင်းဖြစ်သည်။

ယခင် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်အတွင်း ရက္ခိုင့်တပ်‌တော်(AA) နှင့် အစိုးရ တပ်တို့အကြား တိုက်ပွဲများ စတင်ဖြစ်ပွား ခဲ့ပြီး‌နောက် ပြီးခဲ့သည့်နှစ် ၂၀၁၉ ဇွန်လကစ၍ ရခိုင် ပြည်နယ်ရှိ မြို့နယ် (၈)ခုနှင့် ချင်းပြည်နယ်ရှိ ပလက်ဝမြို့နယ်တို့တွင် အစိုးရမှ အင်တာနက် ဖြတ်‌တောက်မှုများပြုလုပ်ခဲ့ပြီး ယ‌နေ့အချိန်ထိ အပြည့်အဝ ပြန် လည် ဖွင့်လှစ်‌ပေးခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

အလားတူ တိုင်းရင်းသားမီဒီယာအဖွဲ့များဖြစ်သည့် ရခိုင်ပြည်နယ်အ‌ခြေစိုက် နိရဉ်ဇရာသတင်းဌာနနှင့် Develo pment Media Group (DMG)၊ ကရင်ပြည်နယ်အ‌ခြေစိုက် Karen News အပြင် Voice of Myanmar သတင်းဌာနတို့အပါအဝင် ဝက်ဘ်ဆိုက်စာမျက်နှာ‌ပေါင်း(၂၁၄၇)ခုကို ပိတ်ပင်ရန် ဆက်သွယ်‌ရေးလုပ်ငန်း ‌အော်ပ‌ရေတာများကို ၂၀၂ဝပြည့်နှစ် မတ်လ ၁၉ မှ ‌မေလ ၁၁ရက်‌နေ့တွင် ပို့‌ဆောင်‌ရေးနှင့် ဆက်သွယ်‌ရေး ဝန်ကြီးဌာနက ဆက်သွယ်‌ရေး ဥပ‌ဒေပုဒ်မ (၇၇) အရ တားမြစ်ခဲ့‌ကြောင်း နိုင်ငံတကာ မြန်မာ့သတင်း(BNI)က ‌အောက်တိုဘာလ(၂၉)ရက်‌နေ့၌ ထုတ်ပြန်ထားသည်။

ထို့အပြင် KHRG၏ ထုတ်ပြန်ချက်၌ ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ ‌ရွေး‌ကောက်ပွဲမကျင်းပနိုင်သည့်‌ဒေသများ ‌ကြေညာချက်ထုတ်ပြန်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့် နိုင်ငံပိုင်သတင်းမီဒီယာများတွင် နိုင်ငံ‌ရေး ပါတီများ၏ ပါတီမူဝါဒ ‌ဆွေး‌နွေး‌ပြောကြားမှုများအ‌ပေါ် ဆင်ဆာဖြတ်‌တောက်မှုများရှိခြင်း စသည့်အ‌ခြေအ‌နေ‌အောက်တွင် ထွက်‌ပေါ်လာသည့် ‌ရွေး‌ကောက်ပွဲ ရလဒ်များအ‌ပေါ် သံသယဖြစ်‌စေ‌ကြောင်းလည်း ဆိုထားသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁ ရက်‌နေ့က ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်မှ ညီညွတ်‌သော တိုင်းရင်း သားလူမျိုးများ ဒီမိုက‌ရေစီပါတီ-UNDP ‌ဟော‌ပြောမည့် ပါတီ၏ မူဝါဒနှင့်လုပ်ငန်းစဉ်များအ‌ပေါ် တည်း ဖြတ်မှုများပြုလုပ်ခဲ့သည့်အတွက် နိုင်ငံပိုင်‌ရေဒီယို၊ ရုပ်မြင်သံကြားအစီအစဉ်များမှတဆင့် ၎င်းတို့ပါတီ မူဝါဒနှင့် လုပ်ငန်းစဉ်များ‌ဟော‌ပြော ထုတ်လွှင့်မည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့‌သေးသည်။

ထိုသို့ အခွင့်အ‌ရေး ပိတ်ပင်မှုများရှိ‌နေခြင်းအ‌ပေါ် အစိုးရအ‌နေဖြင့် အလျင်အမြန်ကိုင်တွယ် ‌ဖြေရှင်းသင့်‌ကြောင်း နှင့် မြန်မာပြည်သူများ၏ နိုင်ငံ‌ရေးပါဝင်ခွင့်အ‌ပေါ် အာမခံချက်‌ပေးရမည်ဖြစ်သလို စစ်မှန်သည့် ဒီမိုက‌ရေစီ ဖက်ဒရယ် ပြည်‌ထောင်စု စနစ်ဖြစ်‌စေရန် တပ်မ‌တော်သားများ၏ ဥပ‌ဒေပြုအာဏာအတွင်း ‌နေရာယူထားမှုများ ကို ပယ်ဖျက်‌ပေးရန်လိုအပ်‌ကြောင်း KHRG မှ ‌တောင်းဆိုထားပြီး လက်ရှိ‌ရွေး‌ကောက်ပွဲဖြစ်စဉ်အ‌ပေါ် ရှုတ်ချ သွားမည်ဖြစ်‌ကြောင်းလည်း ထုတ်ပြန်ထားသည်။

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့-KHRG ကို ၁၉၉၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး လွတ်လပ်သည့် အဖွဲ့အစည်းဖြစ်ကာ ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများကို မှတ်တမ်းယူ၍ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ ဖြန့်‌ဝေခြင်းနှင့် လူ့အခွင့်အ‌ရေး ကာကွယ်‌ရေး ဆိုင်ရာကိစ္စရပ်များကို ပြည်သူများအား အသိပညာ‌ပေး လုပ် ‌ဆောင်‌နေသည့် အဖွဲ့ဖြစ်သည်။