Home ရွေးကောက်ပွဲသတင်း မြဝတီမြို့နယ်တွင် မဲရုံ‌ရွှေ့‌ပြောင်းသည့်ကိစ္စ နိုင်ငံ‌ရေးပါတီအချို့ ကန့်ကွက်စာပို့

မြဝတီမြို့နယ်တွင် မဲရုံ‌ရွှေ့‌ပြောင်းသည့်ကိစ္စ နိုင်ငံ‌ရေးပါတီအချို့ ကန့်ကွက်စာပို့

2059

နိုဝင်ဘာ ၇ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌ကေအိုင်စီ

မြဝတီမြို့နယ်ရှိ အတွင်းမဲကနယ်‌ကျေးရွာ မဲရုံအမှတ်(၅)ကို ဖား‌ချောင်းမဲရုံသို့ ‌နေရာ‌ရွှေ့‌ပြောင်းခြင်းကိစ္စအ ‌ပေါ် နိုင်ငံ‌ရေးပါတီ ‌လေးပါတီက ကန့်ကွက်‌ကြောင်း မြဝတီခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲထံ နိုဝင်ဘာ ၇ရက်(ယ‌နေ့)က ‌ပေးပို့ခဲ့ကြသည်။

ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီ(USDP)၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)နှင့် အမျိုး သားဒီမိုက‌ရေစီအင်အားစုပါတီ(NDF)တို့က ပူး‌ပေါင်း၍လည်း‌ကောင်း၊ ပြည်သူ့‌ရှေ့‌ဆောင်ပါတီ (PPP)က လည်း‌ကောင်း သ‌ဘောထားထုတ်ပြန်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

USDP, KNDP, NDF ပါတီသုံးခုတို့ စု‌ပေါင်းကန့်ကွက်စာထဲတွင် အတွင်းမဲကနယ်မှ ဖား‌ချောင်းသို့ မဲရုံ‌ပြောင်း ‌ရွှေ့ရခြင်း အ‌ကြောင်းပြချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များက ကိုဗစ်ကာလ လုံခြုံ‌ရေးတင်း ကြပ်မှု‌ကြောင့် သွားလာ‌ရေးခက်ခဲခြင်းဖြစ်‌ကြောင်း ‌ကော်မရှင်က ‌ပြောဆိုထား‌သော်လည်း NCA လက်မှတ် ထိုးထားသည့် လက်နက်ကိုင်နယ်‌မြေအ‌ပေါ် ချိတ်ဆက်‌ဆောင်ရွက်မှု ရှိပါက EAOs ဘက်မှ တတ်နိုင်သ ‌လောက် ဝိုင်းဝန်းကူညီကြမည်ဟု ‌ရေးသား‌ဖော်ပြထားသည်။

ထို့အပြင် မဲကနယ်‌ကျေးရွာမှ မဲဆန္ဒရှင်ပြည်သူများသည် ကိုဗစ်‌ရောဂါကို ‌ကြောက်ရွံ့၍ ဖား‌ချောင်း‌ကျေးရွာသို့ မဲလာ‌ရောက်ထည့်ဝင်မည် မဟုတ်‌ကြောင်း သိရှိရသဖြင့် မဲရုံ‌ပြောင်း‌ရွှေ့ဖွင့်လှစ်ခြင်းအ‌ပေါ် သုံးပါတီရှိ ဥက္ကဌ နှစ်ဦးနှင့် ပြည်နယ်တာဝန်ခံတစ်ဦးတို့၏ လက်မှတ်များဖြင့် ကန့်ကွက်စာကို ယ‌နေ့ ‌ပေးပို့ထားသည်။

မြဝတီမြို့နယ်၊ အမှတ်(၁၂) အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌နော်လားရှီးက အဆိုပါညွှန်ကြား ချက်သည် ‌မြေပြင်အ‌ခြေအ‌နေများဖြင့် ကွဲလွှဲ‌နေခြင်း၊ ခိုင်လုံ‌သော အ‌ကြောင်းပြချက်မဟုတ်ခြင်း၊ ‌ရွေး‌ကောက်ပွဲကျင်းပရန်လည်း အချိန်နီးကပ်‌နေခြင်းတို့‌ကြောင့် မဲရုံ‌ရွှေ့ခြင်းကို ကန့်ကွက်ရခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

‌နော်လားရှီးက “ဒီ‌နေ့ အစည်းအ‌ဝေး ၁နာရီ(မွန်းလွဲ)မှာလုပ်တာ။ ခရိုင်‌ကော်မရှင်က‌နေပြီး‌တော့ urgent အစည်းအ‌ဝေး‌ခေါ်ပြီး‌တော့ အသိ‌ပေးတယ်။ မဲရုံ‌ရွှေ့မယ်မ‌ပြောဘူး။ ငါတို့ဒီမဲရုံကို Security အ‌နေနဲ့ ပြည်နယ် က‌နေတဆင့် ညွှန်ကြားလာလို့ မဲရုံ‌ရွှေ့လိုက်တယ်ဆိုပြီး‌တော့ ‌ပြောတာ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် မြဝတီခရိုင် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲ၏ အ‌ရေး‌ပေါ် အစည်းအ‌ဝေးတွင် ပြည်သူ့‌ရှေ့ ‌ဆောင်ပါတီ(PPP)၏ ‌ရွေး‌ကောက်ပွဲဆိုင်ရာ ‌စေ့စပ်ညှိနှိုင်း‌ရေး ခရိုင်ကိုယ်စားလှယ် ဦး‌ဇော်‌ဇော်ရှိန်း တက် ‌ရောက်ခဲ့သည်ဟု PPP ကန့်ကွက်စာတွင် ‌ဖော်ပြထားသည်။

ထိုကိစ္စနှင့်ပတ်သက်၍ တရားဝင်စာ ထုတ်ပြန်မှုမရှိသည့်အပြင် လုံခြုံမှုမရှိ၍ ဝင်ထွက်ရခက်ခဲသည်ဆိုလျှင် ‌ရွှေကုက္ကိုဘက်တွင် ပိုဆိုး‌ကြောင်း၊ မဲရုံများမှာ ‌မေတ္တာလင်းမြိုင်၊ ‌ဝေါ်‌လေ၊ စုကလိ စသည့်‌နေရာများတွင် မဲရုံ ထားရှိနိုင်ပြီး ထိုနယ်‌မြေတွင်လည်း အလားတူ လုံခြုံ‌ရေးအရ အဆင့်ဆင့် အသိ‌ပေးလုပ်‌ဆောင်ရသည်ချည်း ဖြစ်သည်။

PPP ၏ ‌ရွေး‌ကောက်ပွဲ‌အောင်နိုင်‌ရေး အဖွဲ့‌ခေါင်း‌ဆောင်လည်းဖြစ်သူ ‌နော်လားရှီးက “အ‌ခြေအ‌နေက မဲ‌လျော့ သွားမယ်‌လေ။ ဘာဖြစ်လို့လဲဆို‌တော့ မဲရုံကို‌ရွှေ့လိုက်‌တော့ ဟိုးရွာထဲက လူ‌တွေက ပထမဦးဆုံး မဲ‌ပေးမယ့်လူ ‌တွေ‌လေ ကရင်လူမျိုး‌တွေက။ ရွာထဲကလူ‌တွေက ရွာအတွင်းထဲမှာပဲ သိတာဆို‌တော့ မဲလာ‌ပေးမယ့်ဦး‌ရေက ရှိတယ်။ ဒါ‌ပေမယ့် သူတို့က မဲရုံကို‌ရွှေ့လိုက်ခြင်းအားဖြင့် ဘယ်လိုလုပ်ထွက်လာ‌တော့မှာလဲ။ အ‌ဝေးကြီးကို။ ‌နောက်တခု သူတို့‌ပြောတာက မဲရုံ‌ရွှေ့လိုက်လို့ အကြိုအပို့ စီစဉ်‌ပေးမယ်။ အကြိုအပို့ ဖယ်ရီလုပ်‌ပေးမယ်ဆို ‌တော့ လူစုလူ‌ဝေးဖြစ်မှာနဲ့ ‌နောက်ပြီး‌တော့ ဘယ်သူက အကြိုအပို့ လုပ်မှာလဲ။”ဟု ‌မေးခွန်းထုတ်လိုက်သည်။

ခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲအ‌နေဖြင့် နိုဝင်ဘာလ ၆ရက်‌နေ့က မဲရုံ‌ရွှေ့‌ပြောင်းထားရှိမည့် ဖား‌ချောင်း ‌ကျေးရွာမှာ အတွင်းမဲကနယ်‌ကျေးရွာနှင့် ငါးမိုင်‌ကျော်ခန့် အကွာအ‌ဝေးရှိ ပြီး အတွင်းမဲကနယ်‌ကျေးရွာတွင် မဲဆွယ်စည်းရုံး‌ရေးကာလအတွင်း ပါတီတိုင်း သွား‌ရောက်မဲဆွယ်‌ဟော‌ပြောခဲ့ကြသည့်အထဲ၌ KNDP မှာ အား‌ကောင်းသည်ဟု သုံးသပ်မှုများ ရှိသည်။

မြဝတီခရိုင်တွင် နိုင်ငံ‌ရေးပါတီ ၆ပါတီဖြစ်‌သော တိုင်းရင်းသားစည်းလုံးညီညွှတ်‌ရေးပါတီ(တစည)၊ ပြည် ‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်သူ့‌ရှေ့‌ဆောင်ပါတီနှင့် အမျိုးသားဒီမိုက‌ရေစီအင်အားစုပါတီတို့ ဝင်‌ရောက်အ‌ရွေးခံကြသည်။