Home သတင်း ‌နော်ချစ်ပန်းတိုင် အသတ်ခံရသည့်အမှု ၄နှစ်ကြာပြီဖြစ်၍ အမှုမှန် ကြိုးစား‌ဖော်ထုတ်‌ပေးရန် ‌ဒေသခံလူမှုအဖွဲ့အစည်းများ ‌တောင်းဆို

‌နော်ချစ်ပန်းတိုင် အသတ်ခံရသည့်အမှု ၄နှစ်ကြာပြီဖြစ်၍ အမှုမှန် ကြိုးစား‌ဖော်ထုတ်‌ပေးရန် ‌ဒေသခံလူမှုအဖွဲ့အစည်းများ ‌တောင်းဆို

7386

နိုဝင်ဘာ ၂၄ရက်၊ ၂၀၂ဝပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

တနသင်္ာရီတိုင်း‌ဒေသကြီး ထားဝယ်မြို့တွင် အသတ်ခံခဲ့ရသည့် ကရင်အမျိုးသမီးလူငယ် ‌နော်ချစ်ပန်းတိုင် အမှုအခင်းမှာ ၄နှစ်‌ကျော်ကြာလာ‌သော်လည်း တရားခံ ‌ဖော်ထုတ်နိုင်ခြင်းမရှိ‌သေးသည့်အတွက် အမှုမှန်ကို ကြိုးစား‌ဖော်ထုတ်‌ပေးရန် တနသင်္ာရီတိုင်း‌ဒေသကြီးရှိ တာက‌ပေါလူငယ်အဖွဲ့ အပါအဝင် လူမှုအဖွဲ့အစည်း ၁၃ဖွဲ့က နိုဝင်ဘာလ ၂၃ရက်‌နေ့တွင် သ‌ဘောထား‌ကြေညာချက် ထုတ်ပြန်‌တောင်းဆိုလိုက်သည်။

‌နော်ချစ်ပန်းတိုင်သည် ၂၀၁၆ခုနှစ်တွင် ထားဝယ်ဂီတအစည်းအရုံးက ဦးစီးဦး‌ဆောင်‌သော ရံပုံ‌ငွေရှာ‌ဖွေခြင်း သီချင်းဆို ပြိုင်ပွဲကို ဝင်‌ရောက်ယှဉ်ပြိုင်စဉ်အတွင်း နိုဝင်ဘာလ ၁၉ရက်၊ ည ရး၄၅နာရီအချိန်တွင် လူပရိဿတ် ရာနှင့်ချီရှိသည့် ထားဝယ်မြို့ရှိ ‌ရွှေဝယ်သီရိအားကစားကွင်း ပွဲခင်း၌ လုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။

သို့‌သော် ၄နှစ်တာကာလအတွင်း ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာအစိုးရ၏ အမှုမှန်‌ပေါ်‌ပေါက်ရန်အတွက် ‌ဆောင်ရွက်‌နေသည့် အ‌ခြေအ‌နေနှင့်ပတ်သက်၍ ထူးခြားမှု တစ်စုံတစ်ရာ မသိရှိရ‌သေးသလို မ‌ဖော်ထုတ်နိုင်သည့် အ‌ခြေအ‌နေများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ထုတ်‌ဖော်‌ပြောဆိုရန် ပျက်ကွက်သည့်အတွက် လွန်စွာ စိတ်ပျက်‌ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထုတ်ပြန်ချက်၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ တာက‌ပေါလူငယ်အဖွဲ့၏ အကြံ‌ပေးတာဝန်ခံ ‌နော်ပီသ‌လောက “ကျမတို့‌ထောက် ပြချင်တာက ဘယ်သူ‌တွေကို စစ်‌ဆေးထားလဲ။ ကျမတို့ သိခွင့်ရှိရမယ်‌လေ။ အခု‌တော့ ဘာမှမသိရဘူး။ ၄နှစ်ရှိပြီးဆို ‌တော့ ဒီအမှုက ဒီလိုပဲ ‌အေးသွားတာမဟုတ်ဘဲ တရားခံကို ဆက်ရှာ‌ဖွေ‌ဖော်ထုတ်တာကို ကျမတို့ လိုချင်တယ်။ ဒီအမှု မဟုတ်ဘဲ တခြားအမှုလည်း ‌ဖော်ထုတ်ဖမ်းဆီးနိုင်တာ အားနည်းတယ်။ ဒီလိုအားနည်းတာဟာ ကျမတို့ လူမှုအဖွဲ့အ စည်းမှာ ‌ကောင်းတဲ့လက္ခဏာ‌တော့ မဟုတ်ဘူး။ ပြီး‌တော့ ဒီလိုပဲသွားရင် ပြည်သူလူထုအတွက် အင်မတန် စိုးရိမ်စရာ ‌ကောင်းတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါအမှုနှင့်ပတ်သက်၍ ထားဝယ်မြို့မရဲစခန်းဘက်မှ အမှုကို ဆက်လက် ‌ဖော်ထုတ်အ‌ရေးယူ နိုင်ရန် စုံစမ်းမှု ယာယီဆိုင်းငံ့ထားသည်ဟု ကြားသိရ‌ကြောင်း ‌သေဆုံးသူ၏ မိသားစုဝင်ဘက်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောဆိုသည်။

‌နော်ချစ်ပန်းတိုင်၏ဦး‌လေးဖြစ်သူ ‌စော‌မေးလ်စံက “ဒီလ ၁၉ရက်‌နေ့မှာ ဒီအမှုနဲ့ပတ်သက်ပြီး ကျ‌နော်သွား‌မေး‌တော့ အမှုဖြစ်ပြီး‌နောက် စခန်းမှူးက ၂‌ယောက် ‌ပြောင်းသွားတယ်။ အခုလာတဲ့စခန်းမှူးက ဒီအမှုနဲ့ပတ်သက်ပြီး ‌ကောင်း ‌ကောင်း မသိဘူး‌ပေါ့။ ဒီအမှုကို ကျ‌နော်‌မေးလိုက်‌တော့ စုံ‌ထောက်မှု ဆိုင်းတယ်လို့ ကျ‌နော်ကို ပြန်‌ပြောတယ်။ တကယ် လို့ တိကျတဲ့သတင်း၊ ခိုင်လုံတဲ့သတင်း‌တွေမှ သူတို့ ပြန်ဆက်လုပ်ဖို့ရှိတယ်။ ခက်တာက သတင်းက ကိုယ်ပါသွား‌ပေးမှ လုပ်သလိုဖြစ်တယ်။ သူတို့ဘာသူတို့ ရှာမယ့်ပုံ‌တော့မ‌ပေါ်ဘူး။”ဟု ‌ပြောသည်။

ထို့အပြင် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်‌ဆေးသည့်ကာလတွင် ‌နော်ချစ်ပန်းတိုင်အသုံးပြုသည့် Facebook Messenger မှ ကျန်ရစ် သူမိသားစုထံ စကား‌ပြောဆိုသကဲ့သို့ ကျင့်ဝတ်နှင့်မညီသည့် စိတ်ပျက်ဖွယ် ‌ဆောင်ရွက်ချက်များကိုလည်း ကြုံ‌တွေ့ရ ‌ကြောင်း လူမှုအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်တွင် ‌ထောက်ပြထားသည်။

ယင်းအမှုနှင့်ပတ်သက်၍ လက်ရှိအ‌ခြေအ‌နေထိ အမှုဖြစ်စဉ် အ‌ခြေအ‌နေအား ‌စောလျင်စွာ ထုတ်‌ဖော်‌ပြောဆိုရန်၊ အမှု မှန်‌ပေါ်‌ပေါက်‌ရေးအတွက် အစွမ်းကုန် အားထုတ်ကြိုးပမ်း‌ဖော်ထုတ်‌ပေးရန်နှင့် ‌ဆောင်ရွက်ချက်များအား ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ တိုင်း‌ဒေသကြီးအစိုးရအ‌နေဖြင့် အမြန်ဆုံးထုတ်‌ဖော်‌ပြောဆိုရန် တနသင်္ာရီတိုင်းအ‌ခြေစိုက် လူမှုအဖွဲ့အ စည်းများက စု‌ပေါင်းကာ ‌တောင်းဆိုခဲ့ကြသည်။

အသက် ၂၂နှစ်အရွယ် ‌နော်ချစ်ပန်းတိုင်သည် ထားဝယ်မြို့ဇာတိဖြစ်ပြီး မူလတန်းမှ ဘွဲ့ရသည်အထိ ထားဝယ်မြို့တွင် ပညာသင်ကြားခဲ့သည်။ ၂၀၁၃မှ ၂၀၁၅ခုနှစ်အထိ တာက‌ပေါလူငယ်အဖွဲ့တွင် ပါဝင်ကူညီလုပ်‌ဆောင်ခဲ့ပြီး ၂၀၁၆ခုနှစ် တွင် Mines Advisory Group ၌ ‌သေဆုံးချိန်အထိ တာဝန်ယူ‌ဆောင်ရွက်ခဲ့သည်။