Home သတင်း အစိုးရသစ်နှင့် အလွတ်သ‌ဘော‌ဆွေး‌နွေးမည့် ညှိနှိုင်း‌ရေးအဖွဲ့ EAOs ဖွဲ့စည်း

အစိုးရသစ်နှင့် အလွတ်သ‌ဘော‌ဆွေး‌နွေးမည့် ညှိနှိုင်း‌ရေးအဖွဲ့ EAOs ဖွဲ့စည်း

1560
Photo: NCA-EAOs

နိုဝင်ဘာ ၂၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

အပစ်ရပ်လက်မှတ် ‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ‌နေဖြင့် အသစ်ဖွဲ့စည်း လာမည့် အစိုးရသစ်နှင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များကို အလွတ်သ‌ဘော‌တွေ့ဆုံ ‌ဆွေး‌နွေးနိုင်ရန် ညှိနှိုင်း‌ရေး အဖွဲ့ကို ဖွဲ့စည်းထား‌ကြောင်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့ (PPST) ၏ ယာယီအဖွဲ့‌ခေါင်း‌ဆောင် ဗိုလ် ချုပ်ကြီး ယွက်စစ်က ‌ပြောဆိုခဲ့သည်။

ယမန်‌နေ့က ပြုလုပ်ပြီးစီးခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ်(NCA) အပစ်ရပ် လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(NCA-S EAO)၏ ငြိမ်းချမ်း‌ရေး လုပ်ငန်း စဉ် ဦး‌ဆောင်အဖွဲ့(PPST)၏ အစည်းအ‌ဝေးပြီး ‌ပြောကြားသည့် နိဂုံးချုပ် မိန့်ခွန်း၌ ယခုလို ထည့်သွင်း‌ပြောဆို ခဲ့ခြင်းဖြစ်သည်။

“အစိုးရသစ် တရားဝင် မဖွဲ့စည်းနိုင်မီ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် နဲ့ ပတ်သက်လို့ အလွတ်သ‌ဘော ‌တွေ့ဆုံညှိ နှိုင်းရန်အတွက် ညှိနှိုင်း‌ရေး အဖွဲ့ကို ဖွဲ့စည်း‌ပေးနိုင်ခဲ့ပြီး ၎င်းတို့၏ တာဝန်များကိုလည်း သတ်မှတ် ‌ပေးနိုင်ခဲ့ တယ်” ဟု ထည့်သွင်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် တိုင်းရင်းသားပါတီများအပါအဝင် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်(NLD) ၏၂၀၂ဝ ‌ရွေး‌ကောက်ပွဲ ‌အောင်မြင်မှုအ‌ပေါ် ဂုဏ်ပြုအသိအမှတ်ပြု‌ကြောင်းနှင့် လာမည့်အနာဂတ်တွင်လည်း ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် များကို အတူတကွလက်တွဲ ‌ဖော်‌ဆောင်နိုင်ရန် ‌မျှော်လင့်‌ကြောင်းလည်း ‌ပြောဆိုခဲ့သည်။

‌ရွေး‌ကောက်ပွဲ အနိုင်ရ NLD ပါတီမှ ခန့်အပ်မည့် သမ္မတမှတဆင့် ‌နောက် ၅နှစ်ကို ဦး‌ဆောင်မည့် အစိုးရသစ်ကို ပြည်‌ထောင်စုလွှတ်‌တော် သက်တမ်းကုန်ဆုံးမည့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းအတွင်း ဖွဲ့စည်းနိုင်ရန် ပြင်ဆင်‌ဆောင်ရွက်လျက်ရှိပြီး သမ္မတ၊ တိုင်းနှင့် ပြည်နယ်အလိုက် ဝန်ကြီးချုပ် ဖြစ်လာနိုင်မည့် သူများကိုလည်း ထင်‌ကြေး‌ပေး‌ပြောဆိုမှုများမြင့်တက်လျက်ရှိသည်။

နိုဝင်ဘာလ ၂၅ရက်နှင့် ၂၆ရက်‌နေ့အတွင်း နှစ်ရက်တာ ပြုလုပ်ခဲ့သည့် PPST ၏ အွန်လိုင်းအစည်း အ‌ဝေးပွဲ တွင် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပုံစံကိစ္စ၊ ပြည်‌ထောင်စု သ‌ဘောတူစာချုပ် အစိတ်အပိုင်း (၃)နှင့် ကိုက်ညီသည့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာ မူ‌ဘောင် ပြင်ဆင်‌ရေး၊ ဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေး ဆိုင်ရာ အဆင့် လိုက် လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အ‌ကောင်အထည်‌ဖော်မှုကိစ္စ၊ ဖက်ဒရယ်လမ်းညွှန်အ‌ခြေခံမူများ နှင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အတွင်း အားလုံးပါဝင်လာနိုင်‌ရေး ကိစ္စတို့ကို ‌ဆွေး‌နွေးခဲ့‌ကြောင်း သိရသည်။

ထို့အပြင် တပ်မ‌တော် နှင့် ရက္ခိုင့်တပ်‌တော် (AA) တို့အကြား ငြိမ်းချမ်း‌ရေးအတွက် လတ်တ‌လော အပြုသ‌ဘော ‌ဆောင်သည့် ‌ဆောင်ရွက်မှုများအ‌ပေါ် ကြီးမားသည့် တိုးတက်မှု တစ်ခုအ‌နေဖြင့် ရှုမြင်‌ကြောင်း နှင့် အပစ်ရပ် လက်မှတ်မ‌ရေးထိုးနိုင်‌သေးသည့် ကျန်အဖွဲ့အစည်း‌တွေအကြား အပစ်အခတ်ရပ်စဲ‌ရေးနှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ များ ဆက်လက်ပြုလုပ်သွားရန်လည်း PPST၏ အစည်းအ‌ဝေးပြီးထုတ်ပြန်ချက်၌ တိုက်တွန်း‌တောင်းဆိုထား သည်။

NCA အပစ်ရပ် တိုင်းရင်းသားအဖွဲ့အစည်းများတွင် ကရင်အမျိုးသားအစည်းအရုုံး -KNU၊ ချင်းအမျိုးသားတပ်ဦး -CNF၊ မြန်မာနိုုင်ငံလုုံးဆိုုင်ရာ ‌ကျောင်းသားများ ဒီမိုုကရက်တစ်တပ်ဦး-ABSDF၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ -KNU/KNLA(PC)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် -DKBA ၊ ပအိုုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ချူပ် -PNLO၊ ရခိုုင်ပြည်လွတ်‌မြောက်‌ရေးပါတီ -ALP ၊ ရှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး ‌ကောင်စီ -RCSS ၊ မွန်ပြည် သစ်ပါတီ -NMSP နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး -LDU တို့ဖြစ်သည်။