Home ရွေးကောက်ပွဲသတင်း ပဲခူးတိုင်းမဲစာရင်းထဲ‌ရောက်‌နေသည့် ရွာတစ်ရွာကို ကရင်ပြည်နယ်ထဲ ပြန်လည်ထည့်သွင်း

ပဲခူးတိုင်းမဲစာရင်းထဲ‌ရောက်‌နေသည့် ရွာတစ်ရွာကို ကရင်ပြည်နယ်ထဲ ပြန်လည်ထည့်သွင်း

2907

နိုဝင်ဘာ ၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရေတာရှည်မြို့နယ် မဲစာရင်း‌ရောက်ရှိသွားသည့် ကရင် ပြည်နယ်၊ သံ‌တောင်ကြီးမြို့နယ်၊ သာမို‌တောင်‌ကျေးရွာအုပ်စု၊ ကပ်ပယ်ရွာ မဲစာရင်းကို ကရင်ပြည်နယ်၊ သံ‌တောင်ကြီး မြို့နယ်မဲစာရင်းထဲ ပြန်လည် ထည့်ပြီးဖြစ်‌ကြောင်း ‌ရေတာရှည်မြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌ ဦးစိန်ထွန်းက ‌ပြောသည်။

အဆိုပါ ကပ်ပယ်ရွာသည် ယခင်ကတည်းက ကရင်ပြည်နယ်၊ သံ‌တောင် ကြီးမြို့နယ် အုပ်ချုပ်မှုဧရိယာအတွင်း တည်ရှိ‌သော်လည်း ပြည်ထဲ‌ရေး ဝန်ကြီးဌာန၏ ၂၀၁၈၊ ဩဂုတ် ၃ ရက်‌နေ့ရက်စွဲပါ အမိန့်‌ကြော်ငြာစာအမှတ် (၁၀၁၅/၂၀၁၈) အရ နယ်‌မြေထိစပ်‌နေသည့် ပဲခူးတိုင်း‌ဒေသကြီး၊ ‌ရေတာ ရှည်မြို့နယ်၊ ကျွဲရိုင်းပင်‌ကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်းဖွဲ့ စည်းလိုက် ခြင်းဖြစ်သည်။

ထို့‌ကြောင့် ‌ရေတာရှည်မြို့နယ် မဲစာရင်းထဲတွင်ပါဝင်ခဲ့ပြီး ‌ဒေသခံများက သံ‌တောင်ကြီးမြို့နယ်မဲစာရင်းထဲ ပြန်လည်ထည့်သွင်း‌ပေးရန် ‌လျှောက်ထား မှု‌ကြောင့် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ ‌ရေတာ ရှည်မဲစာရင်းထဲမှ ပယ်ဖျက်‌ပေးလိုက်‌ကြောင်း ‌ရေတာရှည်မြို့နယ် ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိန်ထွန်းက ‌ပြောသည်။

“ပုံစံ ၆၆ က သာမို‌တောင် အုပ်စု၊ သံ‌တောင်မြို့နယ်ထဲက ထုတ်‌ပေးထားတဲ့ ဟာ‌တွေဆို‌တော့ သူတို့က ၄ (က) နဲ့ ‌လျှောက်လို့ရတယ်။ သူတို့က ‌လျှောက်လာကြ‌တော့ ကဲအဲ့ဒါဆိုရင်‌တော့ ၄ (ခ) နဲ့ဖျက်‌ပေးလိုက်ဆို‌တော့ ဖျက်‌ပေးလိုက်တာပါ။ နယ်‌မြေက‌တော့ ဘာမှ မ‌ပြောလိုဘူး။ အုပ်ချုပ်‌ရေး ပိုင်းဆိုင်ရာပြဿနာ။ ကျ‌နော်တို့‌ကော်မရှင်က‌တော့ ‌ကော်မရှင်ဥပ‌ဒေအရပဲ လုပ်‌ပေးလိုက်တာပါ” ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ‌ရေတာရှည်မြို့နယ်ထဲ ထည့်သွင်းထားသည့် ခ‌ပေါင်းပင်ရွာမဲစာ ရင်းမှာလည်း သံ‌တောင်ကြီးမြို့နယ် မဲစာရင်းတွင် ဆက်ရှိ‌နေသည့်အတွက် သီးခြားပယ်ဖျက်‌ပေးရန်မလို‌ကြောင်း ဥက္ကဋ္ဌဦးစိန်ထွန်းက ဆက်လက်‌ပြောသည်။

ယခုလို ပဲခူးတိုင်း၊ ‌ရေတာရှည်မြို့နယ်ထဲ ‌ရောက်ရှိသွားသည့် ကပ်ပယ်ရွာနှင့် ခ‌ပေါင်းပင်ရွာများသည် သံ‌တောင်ကြီးမြို့နယ် မဲစာရင်းသို့ပြန်လည်‌ရောက်ရှိပြီးဖြစ်ကာပူး‌ပေါင်းကူညီလုပ်‌ဆောင်‌ပေးခဲ့သည့် ‌ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများကို ‌ကျေးဇူးတင်‌ကြောင်း NLD မှ သံ‌တောင်ကြီးမြို့နယ်၊ အမျိုးသားလွှတ်‌တော်ကိုယ်စားလှယ်‌လောင်း ‌နော်ခရစ္စထွန်းက ‌ပြောသည်။

ကရင်ပြည်နယ်ထဲ ပြန်‌ရောက်လာသည့် ကပ်ပယ်ရွာမဲစာရင်းတွင် မဲ‌ပေးခွင့်ရှိသူ ၁၄ဝ ဦးရှိပြီး သံ‌တောင်ကြီးမြို့နယ်တွင် ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်မည့် လွှတ်‌တော်ကိုယ်စားလှယ်‌လောင်းများကို မဲ‌ပေးရ မည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါရွာနှစ်ရွာကို သံ‌တောင်ကြီးမြို့နယ်အတွင်းမှ ‌ရေတာ ရှည်မြို့နယ် အတွင်း ထည့်သွင်းဖွဲ့စည်းလိုက်မှုအ‌ပေါ်၂၀၂ဝ ပြည်နှစ် မတ် ၆ ရက်‌နေ့ တွင် ကျင်းပသည့် အမျိုးသားလွှတ်‌တော်အစည်းအ‌ဝေးတွင် ကရင်ပြည် နယ်ထဲ ပြန်ထည့်သွင်းရန် ‌မေးခွန်း‌မေးမြန်းခဲ့ဖူးပြီး ထိုစဉ်က ဖွဲ့စည်းပုံ အတိုင်း လုပ်‌ဆောင်သွားမည်ဟု ပြည်‌ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးတင်မြင့်က ‌ဖြေကြားထားသည်။