Home သတင်း ကရင်လူငယ်များအတွက် နိုင်ငံ‌ရေးအမြင်ဖွင့်သင်တန်း ကန်ကြီး‌ဒေါင့်တွင်ပြုလုပ်

ကရင်လူငယ်များအတွက် နိုင်ငံ‌ရေးအမြင်ဖွင့်သင်တန်း ကန်ကြီး‌ဒေါင့်တွင်ပြုလုပ်

2060

နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကရင်လူငယ်များအား နိုင်ငံ‌ရေးနှင့်သက်ဆိုင်သည့် အ‌တွေးအမြင်များ ပိုမိုရရှိလာ‌စေရန် ရည်ရွယ်သည့် လူငယ် နိုင်ငံ‌ရေးအမြင့်ဖွင့် ရက်တိုသင်တန်းတစ်ခုကို ဧရာဝတီတိုင်း‌ဒေသကြီး ကန်ကြီး‌ဒေါင့်မြို့နယ်အတွင်း နိုဝင်ဘာလ ၁၅ရက်မှ ၁၈ရက်‌နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

ပါတီများ၊ အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပြုလုပ်ခဲ့သည့် အဆိုပါ နိုင်ငံ‌ရေး အမြင်ဖွင့် ရက်တိုသင်တန်းကို ကန်ကြီး‌ဒေါင့်မြို့နယ်အတွင်းရှိ တက်ကြွသူ ကရင်လူငယ်များ၏ ဦး‌ဆောင်မှုများဖြင့် ပြု လုပ်ခဲ့ကြခြင်းလည်းဖြစ်သည်။

သင်တန်းဖြစ်‌မြောက်‌ရေးဦး‌ဆောင်သူတစ်ဦးဖြစ်သည့် စအိုင်ဖလုံးက“ ကျ‌နော်တို့မြစ်ဝကျွန်း‌ပေါ်က လူငယ် အ ‌တော်များများက အမျိုးသားအ‌ရေး၊ နိုင်ငံအ‌ရေးနဲ့ပတ်သက်လို့ ‌တော်‌တော်အားနည်း‌နေ‌သေးတယ်။ ဥပမာ ကရင်ပါတီကိုဝန်းရံကြတယ်။ ဘာ‌ကြောင့် ဝန်းရံရလဲ၊ ကိုယ့်ကိုယ်ကိုလည်း မသိကြဘူး။ ကရင်မို့လို့သာ ဝန်း ရံကြတယ်။ အဲဒီစိတ်တစ်ခုတည်းနဲ့ကလည်း မလုံ‌လောက်ဘူး‌ပေါ့။ အဓိကက နိုင်ငံ‌ရေး အမြင်‌တွေ ပိုနိုးကြား လာဖို့ဖြစ်ပါတယ်” ဟု‌ကေအိုင်စီသို့‌ပြောသည်။

‌လေးရက်တာပြုလုပ်သည့် အဆိုပါရက်တိုသင်တန်းတွင် ဖက်ဒရယ်အ‌ရေးဆိုင်ရာများ၊ ဥပ‌ဒေ‌ရေးရာနှင့် ကရင် အမျိုးသားသမိုင်းဆိုင်ရာများကို သင်ကြားပို့ချ‌ပေးခြင်းဖြစ်ပြီး ကန်ကြီး‌ဒေါင့်မြို့နယ်အတွင်းရှိ ကရင်လူငယ် ၂ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည်ဟု သိရသည်။

ကန်ကြီး‌ဒေါင့်မြို့နယ်မှစတင်ခဲ့သည့် အဆိုပါသင်တန်းပို့ချမှုများကို ဧရာဝတီတိုင်း‌ဒေသကြီးအတွင်းရှိ ကျန် ရှိ‌သောအခြားမြို့နယ်များတွင်လည်း အလားတူသင်တန်းများဆက်လက်သင်ကြားပို့ချ‌ပေးရန် အစီအစဉ်ရှိ ‌ကြောင်း ဦး‌ဆောင်သူကရင်လူငယ်များထံမှ သိရသည်။