Home သတင်း ကရင်က‌လေးငယ်များအတွက် ပိုးကရင်ဘာသာ အွန်လိုင်းကဗျာရွတ်ဆိုပြိုင်ပွဲတစ်ခု ဒီဇင်ဘာလတွင် ကျင်းပမည်

ကရင်က‌လေးငယ်များအတွက် ပိုးကရင်ဘာသာ အွန်လိုင်းကဗျာရွတ်ဆိုပြိုင်ပွဲတစ်ခု ဒီဇင်ဘာလတွင် ကျင်းပမည်

3836

နိုဝင်ဘာ ၂၄ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌ကေအိုင်စီ

ကရင်သက္ကရာဇ် ၂၇၆ဝ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို ကြိုဆို‌သောအားဖြင့် ပိုးကရင်ဘာသာစကားဖြင့် ပါဝင် ယှဉ်ပြိုင်ရမည့် က‌လေးငယ်များအတွက် အွန်လိုင်း ကဗျာရွတ်ဆိုပြိုင်ပွဲတစ်ခုကို Call and Speak အဖွဲ့၏ စီစဉ်မှုဖြင့် လာမည့် ဒီဇင်ဘာလ ၁ရက်‌နေ့မှ စတင်ကာ ကျင်းပပြုလုပ်‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

အဆိုပါပိုးကရင်ကဗျာရွတ်ဆိုပြိုင်ပွဲကို နိုင်ငံတကာ‌ရောက် ပိုးကရင်မျိုးနွယ်စုများဖြင့် စုဖွဲ့ထားသည့် Global Pwo Karen Network က ဦး‌ဆောင်ကာ Call and Speak အဖွဲ့၏ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်မှုဖြင့် အွန်လိုင်းတွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်‌ပေးမည့် ပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။

Call and Speak အဖွဲ့၏ တာဝန်ခံ ဆရာမန်းနိုးအာက “အရင်က ကရင်နှစ်သစ်ကူးမှာဆို ဒီလိုကဗျာရွတ်ဆိုပြိုင်ပွဲ‌တွေ ကို အချို့‌နေရာ ‌တော်‌တော်များများမှာ ကျင်းပကြတယ်။ အခုနှစ်က အ‌ခြေအ‌နေ‌ကြောင့် အဲဒီလို ကျင်းပနိုင်ဖို့ မဖြစ်နိုင် ‌လောက်တဲ့အတွက် အသင့်‌တော်ဆုံးနည်းလမ်းဖြစ်တဲ့ အွန်လိုင်းမှာပဲ ဒါကို ကျင်းပဖို့ ဖြစ်လာတာဖြစ်ပါတယ်။”ဟု ‌ပြော သည်။

က‌လေးငယ်များအတွက် အဓိကထားပြီး ကျင်းပ‌ပေးမည့် ၎င်းပြိုင်ပွဲကို ပိုးကရင်က‌လေးငယ်များအား ပိုးကရင် ကဗျာ များကို ဖတ်မှတ်‌လေ့လာမိ‌စေ‌ရေး၊ မိမိတို့၏ဘာသာစကားများကို မိဘများအ‌နေဖြင့် သားသမီးများအား သင်ကြား‌ပေး လိုစိတ်ရှိလာ‌ရေးနှင့် ကဗျာရွတ်ဆိုခြင်းမှ ကရင်လူမျိုးများ၏ ဓ‌လေ့နှင့်စာ‌ပေ စကားများကို ‌လေ့လာမိ‌စေ‌ရေး စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပ‌ပေးခြင်းဖြစ်‌ကြောင်းလည်း Call and Speak အဖွဲ့က ဆိုသည်။

ပြိုင်ပွဲဝင်များကို အသက် ၃နှစ်မှ ၇နှစ်အတွင်းနှင့် အသက် ၈နှစ်မှ ၁၃နှစ်အတွင်း ဟူ၍ အုပ်စု ၂စု ခွဲခြားထားပြီး အသက် အပိုင်းအခြားအလိုက် ကြိုတင်သတ်မှတ်‌ပေးထားသည့် ကဗျာအမျိုးအစားများထဲမှ မိမိကြိုက်နှစ်သက်သည့်ကဗျာဖြင့် က‌လေးငယ်တစ်ဦးလျှင် ကဗျာတစ်ပုဒ်နှုန်းဖြင့် Call and Speak facebook page ထံ‌ပေးပို့ကာ ယှဉ်ပြိုင်ရမည်ဖြစ် သည်။

ဒီဇင်ဘာလ ၁ရက်‌နေ့မှစတင်ကာ ကျင်းပမည့် အဆိုပါအွန်လိုင်း က‌လေးငယ်ကဗျာရွတ်ဆိုပြိုင်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်‌နေ့တွင် ‌နောက်ဆုံးပြိုင်ပွဲဝင်စာရင်း ပိတ်သိမ်းမည်ဖြစ်ပြီး ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလ ၁၃ရက်‌နေ့တွင် ကျ‌ရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့၌ ပြိုင်ပွဲဝင်ဆုရရှိသူ အမည်စာရင်းများကို ‌ကြေညာသွားမည်ဖြစ်သည်ဟု Call and Speak အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပြိုင်ပွဲတွင် အသက်အပိုင်းအခြားအလိုက် သတ်မှတ်ထားသည့် အုပ်စုတစ်ခုချင်းစီအလိုက် ဆုရရှိသူများအ‌နေဖြင့် ပထမ ဆုကို ကျပ် ၂သိန်း၊ ဒုတိယဆုကို ကျပ် ၁သိန်းခွဲနှင့် တတိယဆုကို ကျပ် ၁သိန်း စသည်ဖြင့် ဆုအသီးသီး ချီးမြှင့်သွား မည်ဖြစ်‌ကြောင်း သိရသည်။