Home ရွေးကောက်ပွဲသတင်း ကြိုတင်မဲလာ‌ပေးသူများကို NLD မဲရုံကိုယ်စားလှယ်က မလိုအပ်ဘဲ မဲ‌ပေးပုံ လိုက်ရှင်းပြမှု ဖြစ်ပွား‌နေ

ကြိုတင်မဲလာ‌ပေးသူများကို NLD မဲရုံကိုယ်စားလှယ်က မလိုအပ်ဘဲ မဲ‌ပေးပုံ လိုက်ရှင်းပြမှု ဖြစ်ပွား‌နေ

2902

နိုဝင်ဘာ ၂ရက် ၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ဖားအံမြို့နယ်၊ ‌ကော့‌ထော်‌ကျေးရွာအုပ်စု မဲရုံ၌ ကြိုတင်မဲ လာ‌ပေးသူများကို NLD ပါတီ၏ မဲရုံကိုယ်စားလှယ်က မလိုအပ်ဘဲ မဲ‌ပေးပုံ လိုက်လံ ရှင်းပြမှုများ ဖြစ်ပွားခဲ့သည်ဟု ကွင်းဆင်းသတင်းရယူ‌နေသည့် ‌ကေအိုင်စီ သတင်း ‌ထောက်က သတင်း‌ပေးပို့သည်။

အဆိုပါ မဲရုံအတွင်း မဲလာ‌ပေးသူများကို NLD ရင်ထိုးတံဆိပ် တပ်ဆင်ထားသူ မဲရုံကိုယ်စားလှယ်က မည်ကဲ့သို့ မဲလက်မှတ်များရယူကာ မည်သို့ မဲ‌ပေးရသည်ကို မဲရုံအတွင်းရှင်းပြမှု ယ‌နေ့ နံနက်ပိုင်းတွင် မကြာခဏ ပြုလုပ် ‌နေခြင်းဖြစ်‌ကြောင်း၊ ထိုသို့ မပြုလုပ်ရန် ဆိုင်ရာတာဝန်ရှိသူများက ယခင်‌နေ့ကတည်းက ‌ပြောဆိုထား‌ကြောင်း မျက်မြင်‌တွေ့ရှိသူများက ‌ပြောသည်။

“ မဲလာ‌ပေးသူ‌တွေကို မဲရုံ‌စောင့်ကြည့်တဲ့ ပါတီကိုယ်စားလှယ်‌တွေက အဲလိုလိုက်ရှင်းပြတာ‌တော့ လုပ်လို့မရဘူး။ အခုဖြစ်စဉ်ကို‌တော့ ကျ‌နော်အချိန်ပြည့်မရှိတဲ့အတွက် မသိလိုက်ဘူး” ဟု ‌ကော့‌ထော်‌ကျေးရွာ အုပ်စု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင် အဖွဲ့ခွဲ၊ ဥက္ကဋ္ဌ ဦးမြင့်‌အောင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုလို မဲ‌ပေးချိန်တွင် မဲရုံအတွင်း မဲ‌ပေးမှုပုံစံများရှင်းပြခြင်းကို မဲရုံမှူးနှင့် မဲရုံတာဝန်ရှိသူများကသာ လုပ်‌ဆောင် ခွင့်ရှိပြီး ‌ရွေး‌ကောက်ပွဲဝင် ပါတီများ၏ မဲရုံကိုယ်စားလှယ်များအ‌နေဖြင့် ‌စောင့်ကြည့်ရန်သာ တာဝန်ရှိသည်ဟု ‌ရွေး‌ကောက်ပွဲ ‌ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါ ‌ကော့‌ထော်‌ကျေးရွာအုပ်စုတွင် မဲရုံသုံးရုံ ရှိပြီး မဲ‌ပေးခွင့်ရှိသူ ၄၀၀ဝ နီးပါးရှိ‌ကြောင်း ကြိုတင်မဲများကို ‌အောက်တိုဘာ ၃ဝ ရက်‌နေ့တွင် စတင်‌ကောက်ယူခဲ့ပြီး ကြိုတင်မဲ‌ပေးရန် စာရင်း‌ပေးထားသူ မဲဆန္ဒရှင် ၁၀၀ဝ ခန့် ရှိသည်။ မဲရုံ‌နေရာ‌ပေါ်မှုတည်ကာ ရက်အလိုက် ကြိုတင်မဲ‌ပေးခြင်းကို လုပ်‌ဆောင်လျက်ရှိပြီး ယ‌နေ့တွင် မဲရုံ ၂ ကို ကြိုတင်မဲ‌ပေးရန် ဖွင့်လှစ်ထားပြီး တပ်မ‌တော်သားများ မဲလာ‌ပေးလျက်ရှိသည်ဟု ‌ကျေးရွာ‌ကော်မရှင်မဖွဲ့ခွဲထံမှ သိရသည်။