Home Facts Checking News မြဝတီမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁ ဦး ‌သေဆုံး

မြဝတီမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၁ ဦး ‌သေဆုံး

3421
Photo: Nay Naw
‌အောက်တိုဘာ ၁ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၅) ရပ်ကွက်၊ မြို့ပတ်လမ်း‌နေ အသက် (၃၇)နှစ်ရွယ် ကိုဗစ်အတည်ပြုလူနာ အမျိုးသား(၁)ဦးသည် ကင်ဆာ‌ရောဂါအခံဖြင့် စက်တင်ဘာလ ၂၉ ရက်‌နေ့က မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင် ‌သေဆုံးခဲ့‌ကြောင်း သိရှိရသည်။

၎င်း ‌သေဆုံးသူ ကိုဗစ်အတည်ပြုလူနာ အမျိုးသားသည် စက်တင်ဘာလ ၂၂ရက်‌နေ့
ရန်ကုန်မြို့မှ မြဝတီမြို့သို့ လူနာတင်ယာဉ်ဖြင့် ပြန်လာပြီး မြဝတီခရိုင်ပြည်သူ့‌ဆေးရုံတွင်
Hospital Quarantine ထားရှိကာ စက်တင်ဘာ ၂၈ရက်‌နေ့တွင် ၎င်းအား ဓာတ်ခွဲနမူနာ အာ‌ခေါင်တို့ဖတ်(swab) ယူ၍ ‌ပေးပို့စစ်‌ဆေးခဲ့ရာ စက်တင်ဘာလ(၃၀) ညပိုင်း ထုတ်ပြန် ချက်တွင် ပါဝင်လာခြင်းဖြစ်သည်။

၎င်းမှာ Stay at home ‌ကြေညာထားသည့် ရန်ကုန်မြို့မှ ပြန်လာသူဖြစ်သည့်အတွက် ၎င်း အား ကိုင်တွယ်ကုသခဲ့သည့် မြဝတီခရိုင်‌ဆေးရုံ ဝန်ထမ်းအားလုံး Quarantine ဝင်ကာ Swab ယူ၍ စစ်‌ဆေးသွားမည်ဟုလည်း တာဝန်ရှိသူများက ‌ပြောသည်။

၎င်းအပြင် ကွယ်လွန်သူ၏ဇနီးဖြစ်‌သော လူနာ‌စောင့်အမျိုးသမီးမှာ စစ်‌ဆေးချက်အရ Covid- 19 ပိုးမ‌တွေ့ရှိသလို Covid-19 ပိုး‌တွေ့လူနာ ‌သေဆုံးသူနှင့် ဇနီးတို့သည် ရန်ကုန်မှ‌ဆေးရုံ ဆင်း ပြီး မြဝတီခရိုင်‌ဆေးရုံးကြီးသို့ တိုက်ရိုက် Quarantine ဝင်‌ရောက်ခဲ့ခြင်းဖြစ်ပါသဖြင့် ယာဉ်‌မောင်းမှလွဲ၍ အခြားမည်သည့် Contact Person မျှ မရှိ‌ကြောင်း မြဝတီခရိုင်အုပ်ချုပ်‌ရေးမှူး ဦး‌တေဇာ‌အောင်က ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသည့် အသက် ၂ နှစ် အရွယ် က‌လေးငယ်(၁)ဦးနှင့် ရန်ကုန်မြို့မှ ပြန်လည်‌ရောက်ရှိလာကြသည့် လူနာ(၄)ဦး စုစု‌ပေါင်း Covid- 19 ပိုး‌တွေ့အတည်ပြုလူနာ (၅)ဦးရှိသည်။

ယင်းတို့အနက် မြဝတီမြို့ အမှတ်(၂)ရပ်ကွက် ခွန်ဆာဝင်း‌နေ ထိုင်းပြန် အသက် ၂ နှစ် က ‌လေးငယ် (၁)ဦးမှာ ‌ရောဂါပိုးကင်းစင်၍ ‌ဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီဖြစ်သည်။ ယခု ‌နောက်ဆုံး ပိုး‌တွေ့ အသက် (၃၇)နှစ်အရွယ် အမျိုးသား(၁)ဦးမှာ ‌သေဆုံးခဲ့၍ လက်ရှိတွင် မြဝတီခရိုင် ပြည်သူ့‌ဆေးရုံ၌ covid-19 ပိုး‌တွေ့ အတည်ပြုလူနာ (၃)ဦးအား သီးသန့်‌ဆောင်တွင် ‌ဆေးဝါကု သမှု ခံယူလျက်ရှိ‌ကြောင်း သိရသည်။

ကရင်ပြည်နယ် ကျန်းမာ‌ရေး ဦးစီးဌာန၏ စက်တင်ဘာလ ၃ဝ ရက်‌နေ့ ထုတ်ပြန်ချက်အရ ကရင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄၇ ဦးရှိပြီး ထိုအထဲတွင် အခြားအရပ်‌ဒေသမှ ၂၄ ဦးပါဝင်သည်။